အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ပညာသင်ကြားပေးလျက်ရှိသည်ကို မလိုလားသည့် အကြမ်းဖက်သမားများက သင်ကြားမှုပေးသည့် ဆရာ၊ ဆရာမများအား  အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်

 

 

နေပြည်တော်   ဇန်နဝါရီ   ၁၁
အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ပညာသင်ကြားမှုများကို ဆောင်ရွက်ပေး လျက်ရှိသည်ကို  လိုလားမှုမရှိသည့်  အကြမ်းဖက်သမားများအနေဖြင့်  ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား ပညာသင်ကြားမှုပေးသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုကဲ့သို့ ဆရာ၊ ဆရာမများအား အကြမ်းဖက်   ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ   သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၈ ရက် ည ၉ နာရီတွင်    စစ်ကိုင်းတိုင်း ဒေသကြီး     တန့်ဆည်မြို့နယ် ပုတီးကျေးရွာနေ အထက(ပုတီး)ကျောင်းမှ   မူလတန်းပြဆရာမ ဖြစ်သည့်  ဒေါ်လှလှညွန့် (၄၈)နှစ် (ဘ) ဦးတင်လှသည်   ၎င်း၏ ခင်ပွန်းဖြစ်သူ   ဦးအောင်ဇော်မိုး (၅၃)နှစ် (ဘ) ဦးကြည်အောင်နှင့် အတူ    နေအိမ်၌ရှိနေစဉ်   PDF အမည်ခံ       အကြမ်းဖက်သမား ရှစ်ဦးက   လက်နက်များကိုယ်စီ ကိုင်ဆောင်         ရောက်ရှိလာပြီး ဒေါ်လှလှညွန့်အား  CDM ပြုလုပ် ခြင်းမရှိသည့်အတွက်ဟု    ဆိုကာ ၎င်းတို့နှစ်ဦးအား    ဖမ်းဆီးခေါ် ဆောင်သွားပြီး ပေချောင် ကျေးရွာ အနီးအရောက်    သေနတ်ဖြင့် ရက်စက်စွာ   ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း သိရသည်။
အလားတူ  ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲတွင် ကသာမြို့နယ် လက်ပန်ဇင်ကျေးရွာရှိ    အခြေခံ ပညာမူလတန်းလွန်ကျောင်းဝင်းအတွင်းသို့   လက်နက်များကိုယ်စီ ကိုင်ဆောင်ထားသည့်      PDF အမည်ခံ     အကြမ်းဖက်သမား လေးဦးက    ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး      ကျောင်းဝင်း အတွင်း    ဆရာ၊ ဆရာမများ နေထိုင်သည့်    အခန်းများအား ဖျက်ဆီးဝင်ရောက်ပြီး      ဆရာ၊ ဆရာမများအား  “ကျောင်းဖွင့် လှစ်ခြင်း မပြုလုပ်ရန်၊  ကျောင်းဖွင့် ပါက   ဆရာ၊   ဆရာမများနှင့် ကျောင်းသား  ကျောင်းသူများ၏ အသက်ကို   အာမ  မခံကြောင်းနှင့် ကျောင်းအား  မီးရှို့ဖျက်ဆီးပစ် မည်”ဟု  ခြိမ်းခြောက်ပြောဆိုကာ ဆရာ၊ ဆရာမတို့၏   လက်ကိုင် ဖုန်းများအား   လုယက်ယူဆောင် ကာ     ပြန်လည်ထွက်ခွာသွားခဲ့ သည်။
ထို့အတူ ညနေ ၅ နာရီ မိနစ် ၅၀ တွင် ကျောက်ထုံးကြီးကျေးရွာ အထက  ကျောင်းဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား လေးဦးက  လက်နက်များကိုယ်စီ ကိုင်ဆောင်ကာ  ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်း နေထိုင်သည့် ဆရာ၊ ဆရာမများထံမှ လက်ကိုင် ဖုန်းများအား   လုယက်ယူဆောင် ကာ ကျောင်းဖွင့်လှစ်ခြင်းမပြုလုပ် ရန်ခြိမ်းခြောက်ပြောဆိုပြီး ဆရာ၊ ဆရာမများအား   ခြေထောက်ဖြင့် ကန်ကျောက်ကာ  ဓားရိုးဖြင့်  ရိုက် နှက်ခြင်းများ     ပြုလုပ်ခဲ့သဖြင့် ကျောင်းဆရာ၊ ဆရာမအချို့တွင် ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့သည်။
အလားတူ   ည ၈ နာရီ မိနစ် ၂၀ တွင်    ဒေါင့်ကြီးကျေးရွာရှိ အထက (ခွဲ)ကျောင်းမှ   ကျောင်း အုပ် ဆရာမကြီးထံသို့ အကြမ်း ဖက်သမားတစ်ဦးက  “ကျောင်း ဖွင့်လှစ်ခြင်းမပြုရန်၊    ဆရာ၊ ဆရာမများနှင့်   ကလေးများ၏ အသက်ကို အာမ မခံကြောင်း” ဖုန်းဖြင့် ဆက်သွယ်ခြိမ်းခြောက်ခဲ့ ကြောင်း သိရသည်။
လက်ပန်ဇင်ကျေးရွာရှိ အခြေခံ ပညာ  မူလတန်းလွန်ကျောင်းနှင့် ကျောက်ထုံးကြီးကျေးရွာ အခြေခံ ပညာ   အထက်တန်းကျောင်းတို့ သည်    ကိုဗစ်ရောဂါဖြစ်ပွားနေမှု ကြောင့်  ၂၀၂၁ ခုနှစ်     နိုဝင်ဘာ ၉ ရက်မှ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ် ပြီး အထက(ကျောက်ထုံးကြီး)၌ ကျောင်းသား ကျောင်းသူ ၃၁၉ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 
ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာ ပညာသင်ကြားလျက် ရှိသည်ကို လိုလားမှုမရှိဘဲ ဆရာ၊ ဆရာမများအား    အကြမ်းဖက် ခြိမ်းခြောက်ခြင်း၊   ရက်စက်စွာ သတ်ဖြတ်မှုများ  ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော် ထုတ်     ဖမ်းဆီးရမိနိုင်ရေးနှင့် ကျောင်းသား   ကျောင်းသူများ အေးချမ်းစွာ  ပညာသင်ကြားနိုင် ရေးတို့အတွက်   နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက     ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။       သတင်းစဉ်