အမရပူရမြို့နယ် သီရိမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်း၌ ငွေကျပ် ၂ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

နေပြည်တော်    ဩဂုတ်   ၁ 


မန္တလေးတိုင်းဒေသကြီး  အမရပူရ မြို့နယ် သီရီမင်္ဂလာကုန်တင်ယာဉ် ရပ်နားစခန်းတွင် ငွေကျပ် ၂ ဒသမ  ၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။


စစ်ဆေးဖော်ထုတ်


 ဖြစ်စဉ်မှာ    မူးယစ်‌ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း  အဖွဲ့သည်  ဇူလိုင် ၃၀ ရက် ညနေ ၅   နာရီခွဲခန့်တွင်   သတင်းအရ အမရပူရမြို့နယ်     သီရိမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် ရန်နိုင်ဦး မောင်းနှင်ပြီး ကျော်သက် လိုက်ပါလာသည့်     NISSAN CANTER  အမျိုးအစား  ခြောက်ဘီး   ကွန်တိန်နာယာဉ်အား စောင့်ကြည့်  နေစဉ်   ဆိုင်ကယ်ဖြင့်  ရှေ့ပြေး လိုက်ပါလာသည့် သက်မောင်မောင် ချမ်း(ခ)      ကျော်ရဲအောင်နှင့်  မန္တလေးတွင် မူးယစ်ဆေးဝါးများ လက်ခံမည့်သူ  ဝင်းမင်းသန့်(ခ)ဂျပန်ကြီးတို့ ရောက်ရှိလာသဖြင့် ၎င်းတို့ကို ထိန်းသိမ်းပြီး ကွန်တိန်နာ မော်တော်ယာဉ်ကို    ဖွင့်ဖောက် စစ်ဆေးရာ     ဒေသကာလတန်ဖိုး ငွေကျပ် ၂  ဒသမ ၂၈  ဘီလီယံ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၈ ဒသမ  ၀၆ ကီလို  သိမ်းဆည်းရမိခဲ့သဖြင့်    မူးယစ်ဆေးဝါးနှင့်     စိတ်ကို ပြောင်းလဲစေသော      ဆေးဝါးများ ဆိုင်ရာ    ဥပဒေအရ  အရေးယူ ထားရှိပြီး          ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။ 


သတင်းစဉ်