အမျိုးသမီးဦးဆောင်သည့် MSME လုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းသို့ လျှောက်ထားနိုင်

 

ရန်ကုန်   ဒီဇင်ဘာ    ၁၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်  များမှ     အမျိုးသမီးဦးဆောင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME) များအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း   သင်တန်း အစီအစဉ် “Empowering Women-led Businesses in peri-urban Yangon” ပရိုဂရမ်အတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါပရိုဂရမ်သည် အခက်အခဲများ ကြောင့်  အသေးစား၊   အငယ်စားနှင့် အလတ်စား    စီးပွားရေးလုပ်ငန်းများ အနေဖြင့် လုပ်ငန်းကို ကောင်းမွန်စွာမလည် ပတ်နိုင်ခြင်း၊  ငွေကြေး၊   နည်းပညာနှင့် ဥပဒေအထောက်အပံ့များ   မရရှိခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် အခြားသော စိန်ခေါ်မှု၊ ပြဿနာများနှင့်   ရင်ဆိုင်နေရသူများ အတွက် ရည်ရွယ်ထားပြီး UN Women ၏ အကူအညီဖြင့် Impact Hub Yangon က အမျိုးသမီးဦးဆောင်သည့် စီးပွားရေး လုပ်ငန်း ရေရှည်တည်တံ့ရေးနှင့်  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်း အစီအစဉ်သည် အမျိုးသမီးစွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် အထူးစီမံထားခြင်း ဖြစ်ပြီး အခက်အခဲများကြားမှ ရပ်တည်နိုင် စေမည့် စီးပွားရေးနှင့် သက်ဆိုင်သည့် အသိပညာများ လမ်းညွှန်အကြံပေးခြင်း၊ ကွန်ရက်များနှင့်    ချိတ်ဆက်ပေးခြင်း အပါအဝင် အခြားသောအထူးပြုဝန်ဆောင် မှုများပေးခြင်းတို့   ပါဝင်မည်ဖြစ်သည်။ ယခု သင်တန်းအစီအစဉ်ကို ဒီဇင်ဘာ ၂၀၂၂ မှ ဧပြီ ၂၀၂၃ အထိ   ပြုလုပ်မည် ဖြစ်ပြီး   အခမဲ့အွန်လိုင်းမှ   တစ်ဆင့် သင်ကြားခြင်း၊  ရန်ကုန်မြို့၌ လူတွေ့ သင်ကြားခြင်းနှင့်    ချိတ်ဆက်ခြင်းပွဲ များ၊ လမ်းညွှန်အကြံပေးအစီအစဉ်များ  အတွက် သင်တန်းအချိန်  စုစုပေါင်းနာရီ ၈၀  မပျက်မကွက် အချိန်ပေးရန်လည်း လိုအပ်မည်ဖြစ်သည်။
အဆိုပါအစီအစဉ်၌   အမျိုးသမီးများ ဦးဆောင်သည့် အသေးစား၊ အငယ်စား၊ လုပ်ငန်းများအတွက် လုပ်ငန်းတိုးတက် ရန်နှင့် ထပ်မံတိုးချဲ့နိုင်ရန် ထောက်ပံ့ငွေ လျှောက်ထားနိုင်မည့် အခွင့်အလမ်းအချို့ ပါဝင်မည်ဖြစ်ကာ တင်ပြသည့် လုပ်ငန်း လိုအပ်ချက်များအပေါ်မူတည်၍ ထပ်မံတိုးချဲ့နိုင်စွမ်းရှိမှုနှင့် လူမှုစီးပွားအကျိုး သက်ရောက်နိုင်မှုအပေါ် စစ်ဆေးအကဲ ဖြတ်ကာ   ထောက်ပံ့ငွေကြေးပမာဏ ဒေါ်လာ ၈၀၀၀ အထိ တောင်းဆိုနိုင်မည် ဖြစ်ကြောင်း၊  သင်တန်းအတွက် http://bit.ly/3gG94f2  ၌  ဒီဇင်ဘာ ၂၁  ရက် နောက်ဆုံးထား   လျှောက်ထားနိုင်ပြီး အသေးစိတ်အချက်အလတ်များကို Impact Hub Yangon- ဖုန်း 09-882879909 နှင့် email: yangon@impacthub.net သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း   သိရ သည်။ 
ကိုရိုး