အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး

Type
1

 

မေတ္တာမိုးနှင်း (ပဲခူး)
 

“လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းခွဲထွက်မနေပါ” ဆိုသည့်အတိုင်း ဤကမ္ဘာလောကကြီးတွင် လူသားဟူ၍ ဖြစ်တည်လာသည့်အချိန်မှစ၍ တစ်ဦး တစ်ယောက်တည်း ရပ်တည်လာသည်မဟုတ်။ အမျိုးသားနှင့် အမျိုးသမီးဟူသော မျိုးကွဲနှစ်မျိုးဖြင့် ကမ္ဘာဦးအစမှ ဖြစ်တည်ခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် “မျိုးဆက်” ဟူသော ဝေါဟာရဖြင့် မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း စသည်တို့ဖြင့် အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တို့မှသည် ကျယ်ပြန့်သော လူသားကမ္ဘာတစ်ခုလုံးနှင့် ပေါင်းသင်းဆက်ဆံနေထိုင်ကြရသည်။ 
ထိုသို့          ပေါင်းသင်းဆက်ဆံကြရခြင်းမှာ စားသောက်နေထိုင်ရေး၊    ကျန်းမာရေး    စသော လူသားတို့၏ အခြေခံလိုအပ်များအတွက်   လူမှုရေး ဟူသည့် နယ်ပယ်တစ်ခုအဖြစ် လိုအပ်သောကြောင့် ဖြစ်သည်။   နေထိုင်ရာ   ဒေသ၊     ရေမြေသဘာဝ၊ လူသားတို့၏   ယုံကြည်ချက်များအပေါ်   မူတည်၍ အသားအရောင်၊  ဘာသာစကား၊   ကိုးကွယ်သည့် ဘာသာ၊ စားသောက်နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုဓလေ့ထုံးစံများသည်    တစ်နိုင်ငံနှင့် တစ်နိုင်ငံ    ကွဲပြားခြားနားကြသည်။   မည်သို့ပင် ကွဲပြားစေကာမူ   နိုင်ငံရေး၊   စီးပွားရေး၊   လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအရ    တူညီသည့် အချက်များကိုသာ  ဦးတည်၍ မတူညီသောကွဲပြားမှု တို့ကို   လေးစားခြင်း၊   နားလည်မှုပေးခြင်းတို့ဖြင့် လူသားတို့ပေါင်းသင်းဆက်ဆံကြရသည်။ သို့သော် လည်း    ကမ္ဘာဦးအစမှစ၍    ဖြစ်တည်လာသော “အမျိုးသားနှင့်အမျိုးသမီး” ဟူသော  မတူကွဲပြားမှု တွင်    အမျိုးသမီးများကို     အမျိုးသားများနှင့် တန်းတူအခွင့်အရေးမပေးခြင်း၊ အကြမ်းဖက်ခြင်း၊ နှိမ့်ချဆက်ဆံခြင်းတို့   ကမ္ဘာတစ်ဝန်းရှိနိုင်ငံတိုင်း တွင်  ဖြစ်ပေါ်လျက်ရှိပေသည်။  အဓိကအချက်မှာ အမျိုးသမီးများအပေါ် နည်းလမ်းအသွယ်သွယ်ဖြင့် အကြမ်းဖက်ခြင်းများ   ဖြစ်ပေါ်လျက်ရှိနေကြောင်း လေ့လာတွေ့ရှိရသည်။  
လူ့အခွင့်အရေး
အမျိုးသမီးများသည်   မိခင်ဟူသော    မေတ္တာ တရားအခြေခံထားကြသောကြောင့်  နူးညံ့သိမ်မွေ့ ကြသည်။   ထောက်ပံ့ပြုစုမြှင့်တင်ခြင်းဖြင့် မိသားစု အား  ပေးဆပ်ကြသူများဖြစ်သည်။    မွေးရာပါဇီဝ ကွဲပြားမှုအရ အမျိုးသမီးများသည် နူးညံ့ပျော့ပျောင်း သည်ဟူသောစိတ်အစွဲဖြင့်        “အားနည်းသော စွမ်းဆောင်ရှင်များ” အဖြစ်    အသိအမှတ်ပြု ခွဲခြား ဆက်ဆံခြင်းများသည်  ကမ္ဘာ့နိုင်ငံတိုင်းနီးပါးတွင် တူညီမှုရှိနေကြသည်။  လူ့အခွင့်အရေး၏   အခြေခံ အချက်များမှာ (၁) လူ့အခွင့်အရေးသည် လူသား အားလုံးနှင့်သက်ဆိုင်သည်။  (၂) အသားအရောင်၊ နိုင်ငံရေး၊  ဘာသာရေး၊  လူမှုရေး၊  အတွေးအခေါ်၊ လိင်ကွဲပြားမှုမရွေး လူ့အခွင့်အရေးသည် လူသား အားလုံးအပေါ်တန်းတူညီမျှမှုရှိသည်။ (၃)လူသား များသည် တစ်ယောက်နှင့်တစ်ယောက် ကွဲပြားနိုင် သော်လည်း လူဖြစ်ခြင်းဆိုသည်အချက်မှာ အားလုံး တူညီသည့်အတွက်     လူ့အခွင့်အရေးမှာလည်း လူသားအားလုံးအတွက်ဖြစ်သည်။ (၄)လူ့အခွင့် အရေးသည် လူတိုင်းအတွက် မွေးရာပါ အခွင့်အရေး ဖြစ်သည်။  (၅)   မွေးဖွားလာသည်မှ      စတင်ပြီး သေဆုံးတိုင်   လူ့အခွင့်အရေးသည်   အရေးပါသည်။ (၆)လူ့အခွင့်အရေးကိုမည်သူကမှ      ယူဆောင် သိမ်းပိုက်မရဟူ၍ ဖြစ်သည်။
လူ့အခွင့်အရေးအခြေခံအချက်များအရ လူသား တိုင်းသည် လူသားဖြစ်တည်မှု   အတိုင်းအတာအရ အခွင့်အရေးသည်လည်း   တန်းတူညီမျှမှုရှိရမည်။ လူသားတိုင်းတွင် မွေးရာပါဗီဇနှင့် ဝါသနာ အခြေခံ များရှိကြသည်။    မတူကွဲပြားမှုများရှိသော်လည်း လူသားဖြစ်တည်မှုသည်   မွေးရာပါအရည်အချင်း တူညီခြင်းပင်ဖြစ်သည်။   ထို့ကြောင့်   လူသားချင်း ခွဲခြားဆက်ဆံခြင်းသည် လူ့အခွင့်အရေး ချိုးဖောက် ခြင်းပင်ဖြစ်သည်။ အဓိကအချက်မှာ အမျိုးသမီးများ အပေါ်   ခွဲခြားဆက်ဆံ၍   အကြမ်းဖက်ခြင်းသည် ကြီးမားသော လူ့ဂုဏ်သိက္ခာကို  ထိပါးစေခြင်းဖြစ် သည်။ အမျိုးသမီးများ  ဤလောကီကို ဖန်တီးသူများ၊ အနာဂတ်မျိုးဆက်များကို  ပုံထုဆစ်ပေးသူများဖြစ် သည်။   ထိုသို့သော      အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းလုပ်ရပ်သည် ဗုဒ္ဓတရားတော်နှင့် လည်း ဆန့်ကျင်နေပေသည်။ ထို့ကြောင့် အမျိုးသမီး များအပေါ် အနိုင်ကျင့်အကြမ်းဖက်သော  လုပ်ရပ် များကို များစွာရှုတ်ချရပေမည်။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများ
မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာကိုသက်ဝင် ယုံကြည်သူများဖြစ်၍       မြတ်ဗုဒ္ဓ၏      အဆုံးအမ တရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်ကြသည်။ “ဟီရိသြတ္တပ္ပ”  တည်းဟူသော    အရှက်အကြောက် တရားကို လက်ကိုင်ထားသော မြန်မာအမျိုးသမီးများ ၏     အရှက်အကြောက်ကြီးတတ်သော    အားနည်း ချက်၊ အမျိုးသမီးဟူသော ဇီဝရုပ်အားနည်းချက်များ ကို အသုံးချ၍ ခွဲခြားဆက်ဆံခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှင့်      ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊   ဆဲဆို ကြိမ်းမောင်းနှိပ်စက်ခြင်း၊         တစ်နည်းနည်းဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို    မကြာခဏဆိုသလို ကြားသိတွေ့မြင်နေရသည်မှာ စိတ်မကောင်းဖွယ်ရာ ကောင်းလှပါသည်။   မြန်မာ့ယဉ်ကျေးမှုနှင့်သွေဖည် သော အပြုအမူများဖြစ်၍ စက်ဆုပ်ဖွယ်ပင်ဖြစ်သည်။
အမျိုးသမီးများအပေါ်    အကြမ်းဖက်ခြင်းကို လေ့လာကြည့်သည့်အခါ ဇနီးဖြစ်သူအား   ရိုက်နှက် ခြင်းမှအစ   လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားမှုနှင့်  နှောင့်ယှက်မှုများ၊ မိန်းကလေးငယ်  များအား အရွယ်မတိုင်မီ  လက်ထပ်ထိမ်းမြားခြင်း ဟူ၍    တွေ့ရသည်။   အကြမ်းဖက်မှုအားလုံးသည် အမျိုးသမီးများ၏   အခြေခံကျသည့် လူ့အခွင့်အရေး များကို ချိုးဖောက်သည့်အပြင် လူမှုအသိုင်းအဝိုင်း တွင် အမျိုးသမီးများပါဝင်မှုကိုလည်း   အဟန့်အတား ဖြစ်စေသည်။ ကုလသမဂ္ဂအမျိုးသမီးများဆိုင်ရာ အဖွဲ့ (UN Women) ၏    လေ့လာတွေ့ရှိချက်အရ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော အမျိုးသမီးထု၏ ၁၅ ရာခိုင်နှုန်းမှ ၇၆ ရာခိုင်နှုန်းသည် ဘဝတစ်လျှောက် တွင်  ကိုယ်ထိလက်ရောက်စော်ကားမှု   သို့မဟုတ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ   တွေ့ကြုံကြရ သည်ဟုဆိုသည်။
ယင်းတို့အနက် အလုပ်ခွင်အကြမ်းဖက်မှုများစွာ လည်း တွေ့ကြရသည်။   အလုပ်ခွင်အတွင်း   ရာထူး ဂုဏ်သိန်ခွဲခြား၍   နှိမ့်ချဆက်ဆံခြင်း၊   အလုပ်ရှင် အလုပ်သမားဟူသော      အဆင့်အတန်းခွဲခြား၍ အနိုင့်အထက်ပြုမူခြင်း၊   အလုပ်သမားအချင်းချင်း တွင်    ကြီးနိုင်ငယ်ညှဉ်းပြုမူခြင်းများပင်ဖြစ်သည်။ အလုပ်ခွင်အကြမ်းဖက်မှုတွင်   အမျိုးသမီးအများစု သည်    စိတ်ပိုင်းရုပ်ပိုင်းနှင့်   လိင်ပိုင်းဆိုင်ရာများ အကြမ်းဖက်ခြင်းခံကြရသည်။ အိမ်ရှင်မှအိမ်အကူ  အမျိုးသမီးများအား    ရိုက်နှက်ခြင်း၊    ခြေချောင်း လက်ချောင်းများကို ချိုးလိမ်ခြင်း၊  ဓားဖြင့်မွှမ်းခြင်း၊ ရေနွေးပူလောင်းခြင်းများပြုလုပ်၍  အကြမ်းဖက် ကြသည်။  ထိုအကြမ်းဖက်မှုများသည် ပြည်တွင်း သာမက   ပြည်ပရွှေ့ပြောင်းအလုပ်သမားများတွင် လည်း အလားတူအကြမ်းဖက်ခြင်းကို ခံစားနေကြရ သည်ကို လေ့လာသိရှိရသည်။ 
ထို့အပြင်     အတင်းအဓမ္မလိင်အကြမ်းဖက်ခြင်း ခံရသော  အမျိုးသမီးများသည် အရှက်အကြောက် ကို  ကိုးကွယ်၍  ဖွင့်ဟမှုမရှိခြင်း၊  ဖွင့်ဟပြောဆိုမှု အခွင့်အရေးကို           ခြောက်လှန့်ပိတ်ပင်ခြင်းတို့ ကြောင့်    နောက်ဆုံးတွင်  ပြည့်တန်ဆာအမျိုးသမီး များအဖြစ်သို့ပင်    အကြမ်းဖက်နှိပ်စက်ခြင်းခံရလေ သည်။   အမျိုးသမီးများအပေါ်    အကြမ်းဖက်မှုတွင် အဆိုးရွားဆုံးလုပ်ရပ်မှာ      ငွေဝယ်ကျွန်စနစ်ကဲ့သို့ လူကုန်ကူးမှုအသွင်ဖြင့်   အကြမ်းဖက်ခြင်းပင်ဖြစ် သည်။   လူသားမဆန်သည့်    အဆိုးရွားဆုံးသော လုပ်ရပ်မှာ  မုဒိမ်းမှုပင်ဖြစ်သည်။  အရွယ်ရောက်ပြီး သော အမျိုးသမီးဖြစ်စေ၊ အရွယ်မရောက်သေးသော ကလေးသူငယ်များပင်ဖြစ်စေ   လိင်အကြမ်းဖက် သော   မုဒိမ်းမှုကိုပြုမူခံရပါက   ဘဝတစ်သက်စာ အတွက်  ချေဖျက်မရသော အမည်းစက်ကို တံဆိပ် ကပ်ခံလိုက်ရခြင်းပင်ဖြစ်သည်။ 
 ယခုအခါ   အမျိုးသမီးများအပေါ် အကြမ်းဖက် ရန်အတွက်     ဆက်သွယ်ရေးနည်းပညာများကို လက်နက်တစ်ခုအဖြစ်     အသုံးပြုလာကြသည်။ ဥပမာအားဖြင့်      အမျိုးသမီးနှင့်သက်ဆိုင်သော ဓာတ်ပုံတစ်ခုကို နည်းပညာဖြင့် ထင်ယောင်ထင်မှား  ညစ်ညမ်းအောင်ပြုလုပ်ခြင်း၊ ဗီဒီယိုလွှင့်တင်ခြင်း များပြုလုပ်၍   ငွေညှစ်ခြင်း၊   ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြသည်။ ထို့အပြင်  တိုက်ရိုက်အကြမ်းဖက် တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ          နည်းပညာဖြင့် အမျိုးသမီးများ၏   လူမှုကွန်ရက်စာမျက်နှာများကို ခိုးယူသုံးစွဲခြင်း၊    ခြေရာခံလိုက်၍       ဖုန်းမက်ချ်ဆေ့ မှတစ်ဆင့်           နှောင့်ယှက်ခြင်းများပင်ဖြစ်သည်။ ထိုအကြမ်းဖက်မှုများအတွက် နည်းပညာဥပဒေများ ပြဋ္ဌာန်းသတ်မှတ်ထားပြီးဖြစ်သကဲ့သို့     ထိုဥပဒေ များဖြင့်လည်း ထိရောက်စွာကိုင်တွယ်ဖြေရှင်းရန်လည်း လိုအပ်ပါသည်။      
 အမျိုးသမီးများကို အကြမ်းဖက်ခြင်းမှ ကာကွယ်သည့် ဥပဒေ
မြန်မာနိုင်ငံတွင်             အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည်   စိန်ခေါ်မှုတစ်ခုအဖြစ်  ရှိနေဆဲ ဖြစ်သည်။   ကိုဗစ်-၁၉    ကမ္ဘာ့ကပ်ရောဂါကြီး မဖြစ်ပွားမီ မြန်မာနိုင်ငံ လူနေမှုဘဝနှင့်  ကျန်းမာရေး ဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းမှာ အသက် ၁၅ နှစ်နှင့်  ၄၉ နှစ်ကြား အိမ်ထောင်ကျဖူးသည့် အမျိုးသမီးများ၏   ၂၁   ရာခိုင်နှုန်းသည်   ၎င်းတို့၏ ဘဝတစ်သက်တာတွင်  အရင်းနှီးဆုံးအဖော်ဖြစ်သူမှ အကြမ်းဖက်မှုပုံစံတစ်ခုခုကို တွေ့ကြုံခံစားဖူးကြောင်း လေ့လာသိရှိရသည်။ အမျိုးသမီးများအား နည်းမျိုးစုံ ဖြင့်     ခွဲခြားမှုပပျောက်ရေးဆိုင်ရာ    ကုလသမဂ္ဂ ကွန်ဗင်းရှင်း(စီဒေါ)  ကော်မတီမှ ၁၉၉၂   ခုနှစ်တွင် ချမှတ်ထားသည့်    အထွေထွေအကြံပြုချက်အမှတ် (၁၉)တွင် အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုနှင့် စပ်လျဉ်းပြီး ဖော်ပြထားသည်။ မြန်မာနိုင်ငံကလည်း “အမျိုးသမီးများအား    နည်းမျိုးစုံဖြင့်    ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(The Convention  of  Elimination  of  All  forms  of Discrimation  Against   Women  - CEDAW) သို့မဟုတ်   စီဒေါသဘောတူစာချုပ်ကို ၁၉၉၇  ခုနှစ် တွင်   လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။    ထို သဘောတူစာချုပ်ကို            လိုက်နာသည့်အနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ တန်းတူရည်တူ အခွင့်အရေးဖွံ့ဖြိုးစေရေးနှင့်  အကြမ်းဖက်ခံရခြင်းမှ ကာကွယ်ရေးများအတွက်    ဥပဒေတွေ   အတိအကျ ပြဋ္ဌာန်းဆောင်ရွက်ရမည် ဖြစ်ပေသည်။ 
မြန်မာနိုင်ငံတွင်   ယခုခေတ်နှင့်ကိုက်ညီသော   “အမျိုးသမီးများအားအကြမ်းဖက်မှုမှ   ကာကွယ် ရေး” ဥပဒေကြမ်းကို   ၂ဝ၁၃   နိုဝင်ဘာလမှ   စတင် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထို့အတူ “အမျိုးသမီးများ အပေါ်   အကြမ်းဖက်မှုပပျောက်ရေး  ၁၆   ရက်တာ လှုပ်ရှားမှု”    အထိမ်းအမှတ်အခမ်းအနားများကို လည်း နှစ်စဉ်ကျင်းပလျက်ရှိသည်။   ၁၆  ရက်တာ လှုပ်ရှားမှုသည် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက် အထိ ဖြစ်သည်။  ကျား၊  မ  အခြေပြုအကြမ်းဖက်မှု ပပျောက်ရေး   ၁၆   ရက်တာ  လှုပ်ရှားမှုဟုလည်း  ခေါ်ကြသည်။  ၁၆ ရက်တာ   လှုပ်ရှားမှုကို ၁၉၉၁ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်ခန့်ကတည်းက   စတင်ကျင်းပခဲ့ပြီး  ၁၆  ရက် တာ   လှုပ်ရှားမှုကို    ထာဝရဖဲကြိုးဖြူလှုပ်ရှားမှုနှင့် တွဲဖက်ပြီး လှုပ်ရှားကြခြင်းဖြစ်သည်။  
 ခေတ်မီတိုးတက်လာသည်နှင့်အမျှ     ပွင့်လင်း မြင်သာသော သတင်းအချက်အလက်များ၊ နည်းပညာ များ   ပေါ်ပေါက်လာပြီဖြစ်ရာ နိုင်ငံတော်အစိုးရအနေ နှင့်  တာဝန်ရှိသူများက အမျိုးသမီးများ အကြမ်းဖက် ခံရခြင်းမှ ကာကွယ်နိုင်သည့်  နည်းလမ်းများ၊ ဥပဒေ များကို အလျဉ်းသင့်သလို ဆောင်ရွက်ပေးနေပြီဖြစ် သည်။   ပြည်သူတစ်ရပ်လုံးကလည်း   လူသားချင်း စာနာထောက်ထား၍    လူ့အခွင့်အရေးဟူသမျှကို မလိုအပ်ဘဲ   တားဆီးပိတ်ပင်ခြင်း၊    အခွင့်အရေး ချိုးဖောက်ခြင်း၊        ကျားမခွဲခြားဆက်ဆံခြင်း၊ အားနည်းသူကို      နိုင့်ထက်ကလူပြုခြင်းများကို ရှောင်ကြဉ်ကြရပေမည်။ လူ့ဘောင်အဖွဲ့အစည်းတွင် ငြိမ်းချမ်းသော    နိုင်ငံတော်သစ်တည်ဆောက်ရန် အတွက် လူ့စွမ်းအားအရင်းအမြစ်များစွာ  လိုအပ် ပါသည်။ ထိုလူသားအရင်းအမြစ်များ မဆုံးရှုံးရန် အတွက်    အမျိုးသမီးများကို    အကြမ်းဖက်ခြင်းမှ တစ်ဆင့်    မိမိပတ်ဝန်းကျင်တွင်    လူသားများ၏ စိတ်ပိုင်းဆိုင်ရာကို အကြမ်းဖက်သည့် အပြုအမူ များကို   ရှောင်ကြဉ်ရပေမည်။   လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မှသည် လူသားအားလုံး “အမျိုးသမီး များအပေါ် အကြမ်းဖက်မှု”ကို  ရှုတ်ချကာကွယ်မှ သာလျှင်  လူ့အခွင့်အရေးနှင့်ညီမျှသော အနာဂတ် နိုင်ငံတော်သစ်ဆီသို့   ချီတက်နိုင်ပေလိမ့်မည်။ ထို့ကြောင့် “အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်ရေးအတွက်  လူသားအားလုံးပါဝင် စုပေါင်း လှုပ်ရှားကြပါရန်”   တိုက်တွန်းရေးသားလိုက်ရ ပေသည်။       ။  

ကိုးကား
-     လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်များ။
-     ၂၀၁၈ ဧပြီလထုတ်တိမ်မြုပ်နေသော ဖြည့်ဆည်း ပေးရန် ကွက်လပ်များစာအုပ်။
-     ကုလသမဂ္ဂလုံခြုံရေးကောင်စီ         ဆုံးဖြတ်ချက် အမှတ် ၁၈၂၀(၂၀၀၈)။
-     ၂၀၂၁ ခုနှစ်  နေပြည်တော်၌  ကျင်းပသော ၁၆ ရက်တာ လှုပ်ရှားမှုသတင်းများ။