
နေပြည်တော် နိုဝင်ဘာ ၂၅
၂၀၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်း အမှတ်အခမ်းအနားကို မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီက ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ Hotel Max ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုနယ်မြေ နေပြည် တော် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရ မဟုတ်သော အမျိုးသမီးအဖွဲ့ အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ယခုနှစ် ဆောင်ပုဒ်မှာ “အမျိုးသမီး များအပေါ် အကြမ်းဖက်မှုကာကွယ် ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး” ဖြစ် ပြီး ဆောင်ပုဒ်၏ အဓိက အလေး ပေးလိုသည့်အချက်မှာ အမျိုးသမီး များနှင့် မိန်းကလေးငယ်များ အပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးကဏ္ဍ များတွင် လူအင်အား၊ ငွေအင်အား၊ အသိပညာအင်အားများဖြင့် ပါဝင် ရင်းနှီးမြှုပ်နှံကြရန်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းစီဒေါ (CEDAW) ကို လက်မှတ်ရေးထိုးထားပြီး အမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မဟာဗျူဟာစီမံကိန်း များ ချမှတ်အကောင်အထည်ဖော် လျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများ အကြမ်းဖက်မှု ကြုံတွေ့ရပါက သတင်းပို့တိုင်ကြား နိုင်ရန် (၂၄) နာရီ Helpline ဖုန်း “1566” (4 Digits) ကို ဖွင့်ထား ပြီး တိုင်ကြားမှုများ လက်ခံ၍ ဝန်ဆောင်မှုပေးလျက် ရှိပါ ကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် တရား ရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေး ဝမ်းကျောင်းစရိတ် ထောက်ပံ့ပေး ခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှု ပေးခြင်း၊ အမျိုးသမီးများ၏ လုံခြုံ မှုအတွက် ယာယီနားခိုရာနေရာ များကို ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေမြို့တို့တွင် စီစဉ်ထားရှိပြီး အခြားသောဝန်ဆောင်မှုများ ရရှိ နိုင်ရေးချိတ်ဆက်ပေးခြင်း၊ ညွှန်းပို့ ပေးခြင်းများကို ဆောင်ရွက်ပေး နေပါကြောင်း။
ထို့အတူ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများက လည်း မိမိတို့၏ စီမံကိန်းများတွင် အမျိုးသမီးများအပေါ် နည်းမျိုးစုံ ဖြင့် အကြမ်းဖက်မှုများ ပပျောက် အောင် ဝိုင်းဝန်းရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိကြောင်း၊ ကဏ္ဍ အသီးသီးတွင် အားလုံးပါဝင်ရင်းနှီး မြှုပ်နှံခြင်းဖြင့် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုများ လျော့ နည်းပပျောက်သွားမည် ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆိုင်ရာ အသိပညာပေး Video Clip ကိုပြသပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်