အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ပထမနှစ်ဝင်ခွင့်လျှောက်ထားနိုင်

 

ရန်ကုန်   ဩဂုတ်    ၁၁


အမျိုးသားယဉ်ကျေးမှုနှင့်     အနုပညာတက္ကသိုလ်(ရန်ကုန်)ကို တက္ကသိုလ်၏ ဦးတည်ချက်များ ဖြစ်သည့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊  မြန်မာ့ရိုးရာ ယဉ်ကျေးမှုဖော်ထုတ်ထိန်းသိမ်းရေးဆိုသည့် ဦးတည်ချက်များဖြင့် ၂၀၂၃-၂၀၂၄   ပညာသင်နှစ်တွင်   (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊  ရုပ်ရှင်နှင့်ပြဇာတ်)နှင့် ထမ်မံတိုးချဲ့ဖွင့်လှစ်မည့် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာ(Cultural Heritage Management) ပထမနှစ်ဝင်ခွင့် သင်တန်းများ   ဖွင့်လှစ်မည်ဖြစ်ပြီး   သင်တန်းသို့    တက်ရောက်ရန် အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်၊ သက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့် ကိုက်ညီ သော ကိုယ်အင်္ဂါကျန်းမာ သန်စွမ်းသူဖြစ်ရမည်၊ အနုပညာဝါသနာ ပါသူဖြစ်ရမည်၊ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသည် နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်    (နိုင်)/(ပြု)/(ဧည့်)   ကိုင်ဆောင်ထားသူ  ဖြစ်ရမည်၊ မိတ္တူကို တစ်ပါတည်းပူးတွဲလျှောက်ထားရမည် စသည့် အချက်များနှင့် ပြည့်စုံသူဖြစ်ရမည်။


အဆိုပါ   အမျိုးသားယဉ်ကျေးမှုနှင့်  အနုပညာတက္ကသိုလ်တွင်  သင်ကြားမည့်  အထူးပြုဘာသာရပ်အလိုက် (၄) နှစ်သင်တန်းများ ဖြစ်သည့် ဂီတပညာအထူးပြု၊   သဘင်ပညာအထူးပြု၊  ပန်းချီပညာ အထူးပြု၊ ပန်းပုပညာအထူးပြု၊  ရုပ်ရှင်နှင့်   ပြဇာတ်ပညာအထူးပြု၊  ယဉ်ကျေးမှုအမွေအနှစ်   စီမံခန့်ခွဲမှုပညာ  အထူးပြုသင်တန်းများ  ဖွင့်လှစ်၍ ဘွဲ့အပ်နှင်းမည်ဖြစ်သည်။


လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့်  အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ ၁/ဈ၊  အောင်ဇေယျလမ်း၊  (၂၆)ရပ်ကွက်  ဒဂုံ  မြို့သစ်(တောင်ပိုင်း) ရန်ကုန်တိုင်းဒေသကြီး၌ ဝယ်ယူလျှောက်ထား  နိုင်ပါကြောင်းနှင့် လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ ပတ်စပို့ အရွယ်ဓာတ်ပုံခုနစ်ပုံတို့နှင့် ပူးတွဲလျက် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄ ရက် မှ   စတင်ဝယ်ယူလျှောက်ထားနိုင်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ  ၁၇ ရက်  နောက်ဆုံးထား၍   အမျိုးသားယဉ်ကျေးမှုနှင့်   အနုပညာ  တက္ကသိုလ်(ရန်ကုန်)သို့ ရုံးချိန်အတွင်း တိုက်ရိုက်ပေးပို့ လျှောက်ထား ကြရမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်  နံနက် ၉ နာရီ၌ တက္ကသိုလ်ဝင်းအတွင်းရှိ စွယ်တော်ဆောင်တွင် လူတွေ့စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။                                     

သတင်းစဉ်