
နေပြည်တော် ဇန်နဝါရီ ၂၄
အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်(ရန်ကုန်)မှ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနတို့မှ စတုတ္ထနှစ်၊ ကျောင်းသား ကျောင်းသူ ၇၄ ဦး၊ မဟာဝိဇ္ဇာ(ပထမနှစ်)၊ ကျောင်း သား ကျောင်းသူ ၁၁ ဦး၊ မဟာဝိဇ္ဇာ (ဒုတိယနှစ်)၊ ကျောင်းသား ကျောင်းသူ ၁၈ ဦး စုစုပေါင်း ၁၀၃ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ်ဝတ္ထုကံတော်တွင် တည် ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ် တော်အမြင့်ဆုံးဖြစ်သည့် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား လာရောက်ဖူးမြော်ကြည်ညို ကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ဆောက်ပူဇော်ခြင်း နှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရ ဝိဇယဘုရားကြီး တည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ် ချက်၊ ရုပ်ပွားတော်မြတ်ကြီး အား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင် ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက် နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီ တော်များ တည်ထားဆောင်ရွက်ခဲ့ မှုနှင့် သာသနာရေးဆိုင်ရာအခမ်း အနားကြီးများ စည်ကားသိုက်မြိုက် စွာကျင်းပနိုင်ခဲ့မှု အခြေအနေ တို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာ တည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင် ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသ သည်။
ထို့နောက် ကျောင်းသား ကျောင်းသူများက ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင် ပြေချောမွေ့စွာ လာရောက်ဖူးမြော် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးမှုများနှင့် ရုပ်ပွားတော်မြတ် ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေး စိတ်ရှင်းလင်းပြောကြားပေးမှုများ အပေါ် ကျေးဇူးတင်စကားများ ပြောကြားကြပြီး ရုပ်ပွားတော် မြတ်ကြီးအောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ ဘုရားဖူး ကျောင်းသား ကျောင်းသူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင် တော်ပတ်လည်၌ စကျင်ကျောက် များ အသုံးပြု၍ တည်ဆောက်ထား သည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံ များ၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန် တော်ကြီး၊ ကျောက်စာရုံစေတီ တော်များနှင့် အခြားသာသနိက အဆောက်အအုံများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီး အလှူ ငွေများ ပေးအပ်လှူဒါန်းကြသည်။
ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်