အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် သင်တန်းများဖွင့်လှစ်ရန် ရက်ပြောင်းလဲသတ်မှတ်

 

နေပြည်တော်   အောက်တိုဘာ  ၂၇


အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ပထမနှစ်မှ စတုတ္ထနှစ်အထိ ဘွဲ့ကြိုတန်းများနှင့် မဟာဝိဇ္ဇာတန်းများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင်    စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း  နေ့စဉ်ထုတ်သတင်းစာ များ၌  ကြေညာခဲ့သော်လည်း  ယခုအခါ အခြားတက္ကသိုလ်များနှင့် တစ်ပြေးညီဖြစ်စေရေး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှစ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။                        

သတင်းစဉ်