
နေပြည်တော် မေ ၉
အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော် မတီ တစ်ရပ်ဖြစ်သော နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က မြန်မာနိုင်ငံအပေါ် မိုးခါမုန်တိုင်း ကျရောက်လာပါက လိုအပ်သည့် အကူအညီများ အချိန်မီရရှိနိုင်ရေး အတွက် အာဆီယံ၊ ကုလသမဂ္ဂအပါ အဝင် နိုင်ငံတကာအဖွဲ့အစည်း များနှင့် မိတ်ဆွေနိုင်ငံများထံသို့ ကြိုတင်အကြောင်းကြား ထားရှိ ရေးနှင့် နိုင်ငံတကာအကူအညီများ မြန်မာနိုင်ငံအတွင်းရှိ ဘေးသင့် ဒေသများသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက် ပေးရန်အတွက် မြန်ဆန်သည့် လမ်းကြောင်းတစ်ခုတည်ထောင် ရေးတို့ကို ပြောကြားသည်။
ယင်းနောက်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်က မုန်တိုင်းဘေးဒဏ်ခံစားရနိုင် သည့် ပြည်သူများအတွက် ထိုင်း နိုင်ငံရောက် မြန်မာများက ထိုင်း ဘတ်ငွေ ၁ ဒသမ ၀၇ သန်းကျော် တန်ဖိုးရှိ အသင့်စားခေါက်ဆွဲ ခြောက်ထုပ်ပေါင်း ၁၅၀၀၀၀ ကျော် ကြိုတင်လှူဒါန်းထားရှိမှု အခြေ အနေကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်း ကော်မတီ၏ အတွင်းရေးမှူး နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် က နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီ၏ ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ အပေါ် ရှင်းလင်းဆွေးနွေးသည်။
ထို့အပြင် ကော်မတီဝင်များက မုန်တိုင်းသင့် ပြည်သူများအတွက် အကူအညီပေးရေး ပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်များ ဖြတ်သန်းခွင့်/ ဆင်းသက်/ ရပ်နား ခွင့်၊ အခွန်ကင်းလွတ်ခွင့်များ၊ ပြည်ဝင်ဗီဇာခွင့်ပြုရေး၊ ကုန်တင်/ ကုန်ချကိစ္စများကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးရေးစသည့်ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်