အမျိုးသားပြတိုက် (နေပြည်တော်)၌ ခင်းကျင်းပြသထားသည့် ပြခန်းများကို လေ့လာကြည့်ရှုပြီး မြန်မာနိုင်ငံ၏ ရှည်လျားသည့် သမိုင်းစဉ်အဆက်ဆက်ကို လေ့လာနိုင်

 

နေပြည်တော် ဩဂုတ် ၁၂


သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊   တာဝန်ရှိသူများနှင့် အတူ     ယနေ့      မွန်းလွဲပိုင်းက အမျိုးသားပြတိုက်(နေပြည်တော်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။


ဦးစွာ    အမျိုးသားပြတိုက် (နေပြည်တော်) Mini Theatre ၌ အမျိုးသားပြတိုက်(နေပြည်တော်) ၌ ပြသထားသည့်  ပြခန်းများနှင့် ပတ်သက်သည့် မှတ်တမ်းဗီဒီယို ကို ကြည့်ရှုသည်။ 


ထို့နောက်   ရှင်းလင်းခန်းမ ဆောင်၌ ပြည်ထောင်စုဝန်ကြီးက မြန်မာတို့၏  အမျိုးဂုဏ်၊  ဇာတိ ဂုဏ်မြင့်မားမှု၊    အဆင့်အတန်း မြင့်မားပြီးကြွယ်ဝသည့် ယဉ်ကျေး မှုအမွေအနှစ်များနှင့်     မြန်မာ တိုင်းရင်းသားတို့၏ စွမ်းဆောင် ချက်များကို    တစ်နေရာတည်း တွင် လေ့လာသိရှိနိုင်ရန် ပြတိုက် များကို တည်ဆောက်ပြသရခြင်း ဖြစ်ကြောင်း၊ အမျိုးသားပြတိုက် (နေပြည်တော်)၌  ခင်းကျင်းပြသ ထားသည့် ပြခန်းများကို လေ့လာ ကြည့်ရှုပြီး        မြန်မာနိုင်ငံ၏ ရှည်လျားသည့်     သမိုင်းစဉ် အဆက်ဆက်ကို လေ့လာနိုင်ခြင်း၊ ဘိုးဘေးများ၏     ယဉ်ကျေးမှု အမွေအနှစ်များကို    ထိန်းသိမ်း မြှင့်တင်လိုစိတ်   ဖြစ်ပေါ်လာစေ ခြင်းနှင့်    မြန်မာနိုင်ငံသားများ    အဖြစ် ဂုဏ်ယူတတ်လာစေခြင်း တို့  ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ရဟန်းရှင်လူပြည်သူများ၊ ကျောင်း သား ကျောင်းသူများ၊  နိုင်ငံခြား သားများ၊ လေ့လာလိုက်စားသူ သုတေသီများ၊  လူမှုရေးအသင်း အဖွဲ့များ၊ ဝန်ထမ်းများ အမျိုးသား ပြတိုက်    (နေပြည်တော်)     သို့ လာရောက်လေ့လာရာတွင် အဆင် ပြေချောမွေ့စေရေး  တာဝန်ရှိသူ များက    ဆောင်ရွက်ပေးကြရန် ပြောကြားပြီး     ပြတိုက်တွင် ခင်းကျင်း    ပြသထားမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို မှာကြားသည်။ 


သတင်းစဉ်