အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများသဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၂၃


အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှု ဆိုင်ရာဥပဒေများ   သဟဇာတဖြစ်ရေး     လုပ်ငန်း ကော်မတီ ပထမအကြိမ် အစည်းအဝေးကို  ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့ အမျိုးသားမြေဥပဒေ ရေးဆွဲ ပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟ ဇာတဖြစ်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ - ၁ စိုက်ပျိုး ရေး၊      မွေးမြူရေးနှင့်    ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး    ဦးတင်ထွဋ်ဦး၊    ဥက္ကဋ္ဌ- ၂ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးခင်မောင်ရီ၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့်   ဒုတိယ ဝန်ကြီးများ၊   ဒုတိယရှေ့နေချုပ်၊   နေပြည်တော် ကောင်စီဝင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ စုံညီစွာတက်ရောက်ကြသည်။

 


အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ -၁ က  အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ မြေစီမံ ခန့်ခွဲရေးနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေအသီးသီး ကို လွှမ်းခြုံသည့်   အမျိုးသားမြေဥပဒေ  (မူကြမ်း) ရေးဆွဲရေးသည် လုပ်ငန်းကော်မတီ၏ အဓိကတာဝန် ဖြစ်ကြောင်း၊ ယင်းသို့ ကနဦးရေးဆွဲရာတွင် ၂၀၀၈ ခုနှစ်     ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်    ၂၀၁၆   ခုနှစ် အမျိုးသားမြေအသုံးချမှု မူဝါဒ အပါအဝင် ယခင်က ပြုလုပ်ခဲ့သော    ငြိမ်းချမ်းရေး     ညီလာခံများက ဖော်ထုတ်ထားသည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများမှ “မြေယာနှင့် သဘာဝပတ်ဝန်း ကျင် ကဏ္ဍ” ပါ အချက်အလက်များကို အခြေခံရန် လိုအပ်မည်ဖြစ်ကြောင်း။

 


အမျိုးသားမြေဥပဒေ    မူကြမ်းရေးဆွဲပြုစုခြင်း လုပ်ငန်းစဉ်တွင် အခြေခံအကျဆုံးဖြစ်သည့် မြေစီမံ ခန့်ခွဲမှုနှင့်  စပ်လျဉ်းသော   တည်ဆဲ  (ကျင့်သုံးဆဲ) ဥပဒေများ   အရေအတွက်၊    ယင်းဥပဒေများအရ မြေအမျိုးအစားများ၊ စီမံခန့်ခွဲနေကြသည့် ဌာနအဖွဲ့ အစည်းများ၏    ဆောင်ရွက်နေမှုများကို     စုစည်း လေ့လာသုံးသပ်ပြီး ဥပဒေသများ သဟဇာတဖြစ်ရေး ကို   ဆောင်ရွက်သွားရန်  လိုအပ်ကြောင်း၊  အလား တူပင်  မြန်မာနိုင်ငံ၌  မှီတင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသား  လူမျိုးပေါင်း ၁၃၅ မျိုးခန့်၏ မတူ ကွဲပြားသော       ဒေသဓလေ့ထုံးတမ်းများကိုလည်း အမျိုးသားမြေဥပဒေတွင် ခြုံငုံပါဝင်စေရန် မြေဥပဒေ ရေးဆွဲခြင်း လုပ်ငန်းစဉ်အဆင့်တိုင်း၌ ပါဝင်အောင် ရေးဆွဲရန် လိုအပ်မည်ဖြစ်၍ လုပ်ငန်းများ ထိရောက်  အောင်မြင်ရေးအတွက်     သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးပေးကြပါရန် ပြောကြားသည်။

 


ဆက်လက်၍ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ- ၂  က မိမိတို့  ရေမြေဒေသအခြေအနေများပေါ်  အခြေခံ၍  အမျိုးသား မြေဥပဒေမူကြမ်းတွင်ပါဝင်မည့် အခန်းခွဲ များ  မှန်ကန်ရေး၊  လိုအပ်ချက်များ  အသေးစိတ် ထည့်သွင်းရေးဆွဲရေး   ညှိနှိုင်းဆောင်ရွက်သွားရန် လိုကြောင်း၊ လုပ်ငန်းများ လျင်မြန်သွက်လက်စေ ရေးအတွက် ဝန်ကြီးဌာနအလိုက် လုပ်ငန်းကဏ္ဍ အလိုက် လုပ်ငန်းနှင့် အချိန်ကာလများ တိတိကျကျ ခွဲဝေဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏      မြေဥပဒေမူဘောင်ဆိုင်ရာ အခန်းကဏ္ဍ အချက်အလက်ကောက်နုတ်ချက်များ ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 


ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး  လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်     အစည်းအဝေး     တက် ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာ   ကဏ္ဍများအလိုက်    တင်ပြဆွေးနွေး ခဲ့ကြသည်။

 


အမျိုးသားမြေအသုံးချမှုကောင်စီ၏ ၂၀၂၂ ခုနှစ် ဇူလိုင်  ၂၅ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ်- ၁၁/ ၂၀၂၂  ဖြင့်  ပြင်ဆင်ဖွဲ့စည်းပေးခဲ့သော  အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ  အဖွဲ့ဝင် (၁၉) ဦး ပါဝင်ကာ    တည်ဆဲမြေစီမံခန့်ခွဲမှုဆိုင်ရာ    ဥပဒေ များကိုလေ့လာ၍ ဥပဒေများ သဟဇာတဖြစ်စေရေး အတွက် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သည့်အချက် များ စုဆောင်းရရှိနိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊     ဘာသာရပ်ကျွမ်းကျင်သော ပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံဉာဏ် များ တောင်းခံရယူခြင်း၊ လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ တောင်းခံရယူခြင်းနှင့် လိုအပ် ပါက   ညှိနှိုင်းဆွေးနွေးပွဲများ၊  အလုပ်ရုံဆွေးနွေးပွဲ များ   ကျင်းပဆောင်ရွက်ခြင်းတို့ကို   ဆောင်ရွက်ပြီး အမျိုးသား    မြေအသုံးချမှုမူဝါဒနှင့်အညီ   မြေစီမံ ခန့်ခွဲရေးနှင့်    သက်ဆိုင်သော    တည်ဆဲဥပဒေ အသီးသီးကို လွှမ်းခြုံသည့် အမျိုးသား မြေဥပဒေ (မူကြမ်း) ကို ကနဦးရေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။        
              

သတင်းစဉ်