
နေပြည်တော် ဒီဇင်ဘာ ၆
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၂၃)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦး တက်ရောက်အမှာ စကားပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ ဗဟိုကော်မတီ ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီးများ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ တတ်သိပညာရှင် များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ခရီးသွားလုပ်ငန်း ကဏ္ဍသည် ဟိုတယ်နှင့်တည်းခို ရိပ်သာလုပ်ငန်းများ၊ လေကြောင်း လိုင်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ခရီးသွားကုမ္ပဏီ များ၊ ဧည့်လမ်းညွှန်လုပ်ငန်းများ၊ စားသောက်ဆိုင်နှင့်ဖျော်ဖြေရေးလုပ်ငန်းများ၊ အမှတ်တရပစ္စည်း ရောင်းချသည့်လုပ်ငန်းများစသည် ဖြင့် ကဏ္ဍစုံ၊ နယ်ပယ်စုံဖွဲ့စည်း ထားသည့် စီးပွားရေးလုပ်ငန်း နယ်ပယ်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းကို ကမ္ဘာ့အကြီးဆုံးနှင့် အဆက်မပြတ် အလျင်အမြန် ဖွံ့ဖြိုးနေသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီး သွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက် မှုများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဆက်စပ်စီးပွားရေးလုပ်ငန်းများ နှင့် ခရီးသွားလုပ်ငန်းကို မှီခို ရပ်တည်နေရသည့် အများပြည်သူ များ၏ အလုပ်အကိုင်အခွင့်အလမ်း များလည်း များစွာထိခိုက်ဆုံးရှုံးစေခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ် ရောဂါဖြစ်ပွားမှု လျော့နည်းလာ ခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံအများစု သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု မောင်းနှင်အားကို အထောက်အကူ ပြုစေရန် ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိ ရပါကြောင်း။
တိုးတက်ဝင်ရောက်
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ပြည်တွင်းခရီးသွားလုပ်ငန်းများ စတင်တိုးတက်လာသည်ကို တွေ့ရှိ ရပါကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်ကစပြီး နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည် စတင်ပြေးဆွဲခွင့်ပြုခဲ့ကာ ကမ္ဘာ လှည့် e-Visa ကို မေ ၂၀ ရက်တွင် ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ဧည့်သည် ၂ ဒသမ ၃ သိန်းကျော် ပြန်လည်ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်ထက် ဧည့်သည် ဝင်ရောက်မှု ၄၃ ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တို ဘာလအထိ ၁၀ လအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု တစ်သန်းကျော် ဝင်ရောက်ခဲ့ခြင်း ကြောင့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ် ပါက ၄၇၁ ရာခိုင်နှုန်း တိုးတက် ဝင်ရောက်ခဲ့ပါကြောင်း၊ အိမ်နီး ချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသည့်အတွက် မြန်မာ နိုင်ငံသို့ ခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိရေး အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံ ပြည်သူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း။
မြန်မာနိုင်ငံသို့ နိုင်ငံခြား သားခရီးသွားများ လာရောက် လည်ပတ်ကြရာတွင် လွယ်ကူ အဆင်ပြေစေရန်နှင့် မလိုလားအပ် သည့် အဟန့်အတားများ၊ ကြန့်ကြာမှုများအား အတတ်နိုင် ဆုံး ဖြေလျှော့ပေးရမည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် ပုဂ္ဂလိကခရီးသွား လုပ်ငန်းရှင်များအနေဖြင့် မိမိ တို့၏ ဦးတည်ဈေးကွက်နိုင်ငံများ နှင့် ချိတ်ဆက်ပြီး ဈေးကွက်ရှာဖွေ မြှင့်တင်ရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားပြပွဲ များတွင် ပါဝင်ပြသခြင်း၊ ရင်းနှီး ကျွမ်းဝင်မှုခရီးစဉ် (Familiari-zation Trip – FAM Trip) များ ခေါ်ယူခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရှိသည့် ထူးခြားသည့် ရာသီပွဲတော်များ ရှာဖွေဖော်ထုတ် မြှင့်တင်ခြင်း၊ ပြည်တွင်းပြည်ပမီဒီယာများဖြင့် ရိုက်ကူးလွှင့်တင်ခြင်း၊ Event Calendar များနှင့်ပတ်သက်သော Information များကို ခရီးသွား များသိရှိအောင် ကြော်ငြာခြင်း၊ ပြည်ပ ခရီးသွားများအတွက် သာမက ပြည်တွင်းရှိ ခရီးစဉ် ဒေသများသို့ ပြည်တွင်းခရီးသွားဧည့်သည်အများအပြား လည်ပတ် ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေးအပြင် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးတို့အတွက် ယနေ့ တက်ရောက်လာကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း များနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့ များအားလုံး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ခရီးစဉ်အသစ် ဖော်ထုတ်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နိုင်ငံခြား ဝင်ငွေ ရှာဖွေပေးနေသည့် ခရီး သွားလုပ်ငန်းကို ရေရှည်တည်တံ့ ဖွံ့ဖြိုးစေရေး၊ ခရီးစဉ်ဒေသအသစ် များကို ဖော်ထုတ်မြှင့်တင်ကာ တစ်နှစ်ပတ်လုံး လည်ပတ်နိုင် သော ခရီးစဉ်ဒေသဖြစ်စေရေးနှင့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရှေ့ဆက် ဆောင်ရွက်သည့်အခါတွင် ဆက်စပ် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အစိုးရအဖွဲ့များ၊ ခရီးသွားလုပ်ငန်း ဆက်စပ်အဖွဲ့ အစည်းအားလုံးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဖြိုးဇော်စိုးက ဗဟို ကော်မတီ(၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ ကို အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေ၊ ခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ အစားထိုး ပြင်ဆင်ဖွဲ့စည်းမှု၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ (၆) ခုတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် များ အစားထိုးပြင်ဆင်ဖွဲ့စည်းမှု၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများ၏ အစီအစဉ်ဖြင့် ပြည်တွင်းဘုရားဖူး ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း အသိအမှတ် ပြုလက်မှတ် ထုတ်ပေးနိုင်ရေး အတွက် လိုက်နာဆောင်ရွက်ရ မည့်အချက်များ (SOP)ကို ရေးဆွဲ ပြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများသို့ ပေးပို့ဆောင်ရွက် ခဲ့မှု၊ ကန့်သတ်နယ်မြေ မဟုတ် သော ခရီးစဉ်ဒေသများတွင် ခရီး သည်များ သွားရောက်လည်ပတ် လျက်ရှိသော ခရီးစဉ်ဒေသများ သတ်မှတ်နိုင်ရေးနှင့် ၎င်းခရီးစဉ် များတွင် ခရီးသည်များ လုံခြုံ စိတ်ချမှုရှိပြီး အဆင်ပြေချောမွေ့ စွာ သွားလာနိုင်ရေးအတွက် ဒေသကို အခြေခံသည့် လုံခြုံရေးဆောင်ရွက်ပေးနိုင်ရေးနှင့် ခရီး သွားလုပ်ငန်းဆိုင်ရာ အခြား ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစား (၆)မျိုးကို SOP ရေးဆွဲ၍ အမိန့် ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် ခွင့်ပြုနိုင်ရေး အခြေအနေတို့ကို ဖတ်ကြားတင်ပြပြီး အတည်ပြု ချက်ရယူသည်။
ပေါင်းစပ်ညှိနှိုင်း
ဆက်လက်၍ ဗဟိုကော်မတီ ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး များ၊ ဗဟိုကော်မတီ အကြံပေး ပုဂ္ဂိုလ်၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွား အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ များအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် အမျိုးသားခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိဂုံး ချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်