အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော် အောက်တိုဘာ ၂၈


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီနှင့်    နိုင်ငံရေးပါတီများ  အစုအဖွဲ့၏   အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပ သည်။

 


တွေ့ဆုံ          ဆွေးနွေးပွဲသို့  နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊   ပြည်ထောင်စု အစိုးရအဖွဲ့ရုံး          ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊    အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု          ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ် ကြီး    ရာပြည့်နှင့်   ညှိနှိုင်းရေး ကော်မတီဝင်များ၊   နိုင်ငံရေးပါတီ များ   အစုအဖွဲ့၏   အလုပ်အဖွဲ့ ခေါင်းဆောင်  ရှမ်းတိုင်းရင်းသား များ  ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့်    အလုပ် အဖွဲ့ကိုယ်စားလှယ်များ     တက် ရောက်ကြသည်။

 


တွေ့ဆုံ       ဆွေးနွေးပွဲတွင် အမျိုးသား  စည်းလုံးညီညွတ်ရေး နှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ          ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး      ရာပြည့်နှင့် နိုင်ငံရေးပါတီများ      အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်      ရှမ်း တိုင်းရင်းသားများ  ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ  ဦးစိုင်းအိုက်ပေါင်း တို့က  နှုတ်ခွန်းဆက်အမှာစကား များ            ပြောကြားကြသည်။ ယင်းနောက်   ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ခုနှစ်)မှ ပြင်ဆင်လို သည့်အချက် ၁၁ ချက်နှင့်စပ်လျဉ်း ၍ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့မှ          တစ်ချက်ချင်း အလိုက် အဆိုပြုတင်ပြပြီး ညှိနှိုင်း ရေးကော်မတီမှ လေ့လာဆန်းစစ် တွေ့ရှိချက်များကို  တစ်ချက်ချင်း အလိုက်         အလွတ်သဘော ပြန်လည်ရှင်းလင်း     ဆွေးနွေး ပြီးနောက် အဆိုပြုချက်များအပေါ် တက်ရောက်လာသူများက မိမိတို့ ၏ သဘောထားများအား  အပြန် အလှန်               ဆွေးနွေးညှိနှိုင်းကြ သည်။ 

 


ယင်းနောက် နှစ်ဖက်ဆွေးနွေး ချက်များအရ       ရရှိလာသည့် သဘောထားများကို   သဘော ထား        စုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။    ထို့ နောက်   နိုင်ငံရေးပါတီများ   အစု အဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ         ဒီမို ကရက်တစ်ပါတီ  ဥက္ကဋ္ဌ   ဦးစိုင်း အိုက်ပေါင်းနှင့်       အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု            ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ် ကြီး  ရာပြည့်တို့က နိဂုံးချုပ်အမှာ စကားများ           ပြောကြားကြပြီး တွေ့ဆုံဆွေးနွေးပွဲကို    ရုပ်သိမ်း လိုက်ကြောင်း သိရသည်။ 


သတင်းစဉ်