
နေပြည်တော် အောက်တိုဘာ ၂၈
အမျိုးသားစာပေ တစ်သက်တာ ဆုရ ဆရာမကြီး စည်သူဒေါ် ကြန် ၏ ဆုတံဆိပ်များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက အမျိုးသားပြတိုက် (နေပြည်တော်) ရှင်းလင်းဆောင် ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပ သည်။
အခမ်းအနားတွင် ဆရာမကြီး စည်သူဒေါ် ကြန်၏ ကိုယ်စား တူသားဖြစ်သူ ဒေါက်တာ သန်းထွန်းအောင် က အမျိုးသား စာပေတစ်သက်တာဆုရ ဆရာမ ကြီး စည်သူဒေါ်ကြန်၏ ဆုတံဆိပ် များကို လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ယင်းနောက် ဒေါက်တာ သန်းထွန်းအောင်က အမျိုးသား စာပေ တစ်သက်တာဆုရ ဆရာမကြီး စည်သူ ဒေါ်ကြန်၏ ဆုတံဆိပ်များကို လွှဲပြောင်းပေး အပ်ရာ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဆရာမကြီးဒေါ်ကြန်နှင့် ဒေါက်တာ ရီရီတို့သည် အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့စဉ်က ဝိတိုရိယ ပြတိုက်နှင့် အယ်လ်ဘတ် ပြတိုက် မှ မြန်မာမင်းခမ်းတော်များကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည့် အကျိုး ဆက်အနေဖြင့် တော်လှန်ရေး ကောင်စီလက်ထက်တွင် အမျိုး သားပြတိုက်(ရန်ကုန်)၌ ယခုပြသ ထားသော မင်းခမ်းတော်ပစ္စည်း များကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲအပ်ပေးခဲ့သဖြင့် ဆရာမကြီး ၏ ကျေးဇူးအများကြီးရှိပါကြောင်း၊ ဆရာမကြီး ဒေါ်ကြန်သည် အမျိုး သားစာပေဆု ငါးကြိမ်၊ အမျိုးသား စာပေတစ်သက်တာဆု၊ ပခုက္ကူ ဦးအုံးဖေ တစ်သက်တာစာပေဆု တို့ကို ရရှိခဲ့သည့်အပြင် ဝိဇ္ဇာပညာ ထူးချွန်ဆု (ပထမအဆင့်)၊ မြန်မာ နိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ချီးမြှင့်သော ထူးချွန်အမျိုးသမီးဆု၊ နိုင်ငံတော်မှ ချီးမြှင့်သော စည်သူ ဘွဲ့တံဆိပ်တို့ကိုလည်း ရရှိခဲ့ပါ ကြောင်းနှင့် ဆရာမကြီးရရှိခဲ့သည့် ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ် များစွာရှိသည့်အနက်မှ အချို့ကို ယခုကဲ့သို့ အမျိုးသားပြတိုက် (နေပြည်တော်)သို့ လှူဒါန်းပေး သည့်အတွက်လည်း လွန်စွာ ကျေးဇူးတင်၊ ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ ညွှန်ကြားရေး မှူးချုပ်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရ သည်။
သတင်းစဉ်