
နေပြည်တော် ဒီဇင်ဘာ ၁၂
၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေကြသည့် ဆုရ စာပေပညာရှင်ကြီးများသည် ယနေ့တွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကျန်းမာရေးစစ်ဆေးမှုများ ခံယူကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ရှေးဦးစွာ ဆုရစာပေပညာရှင်ကြီးများ သည် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကုပြင်ပလူနာ ဌာန (၂)တွင် မိမိတို့ စစ်ဆေးကုသမှုခံယူလိုသည့် ကျန်းမာရေး အခြေအနေများအား အထူးကုဆရာဝန်ကြီးများဖြင့် ဆွေးနွေး တိုင်ပင်ကြပြီး အထူးကုဆရာဝန်ကြီးများ က ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံး ရောဂါတို့ကို အဓိကစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြကာ အခြားလိုအပ် သည့် ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးကြသည်။
ထို့နောက် အထူးကုဆရာဝန်ကြီး များက စာပေပညာရှင်ကြီးများ ကျန်းမာ ရေးအတွက် သိသင့်သိထိုက်သည့် သက်ဆိုင်ရာရောဂါများအလိုက် ဆောင် ရန်၊ ရှောင်ရန် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ မျှဝေပေးပြီးကျန်းမာရေးစောင့်ရှောက်မှုများ စနစ်တကျ ဆောင် ရွက်ပေးသည်။
ညနေပိုင်းတွင် ဆုရစာပေပညာရှင် ကြီးများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓ ဥယျာဉ်တော်ရှိ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ရှေးဦးစွာ ဆုရစာပေပညာရှင်ကြီး များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဟာ မင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့ သည့်ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့ သည့် ရွှေဖလားများ၊ အစိတ်အပိုင်း(၄)ပိုင်းခွဲ၍တည်ဆောက်ထားသော မာရဝိဇယ ဆင်းတုတော်ကြီး ပုံစံငယ်များ၊ မြန်မာ့ ရိုးရာ ပန်းဆယ်မျိုးလက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်းတင်ဓာတ်ပုံများနှင့် အခြား လေ့လာသင့်သည်များကို လှည့်လည် ကြည့်ရှုကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြသည်။
ထို့နောက် ဆုရစာပေပညာရှင်များ သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင် ကျောက်များ အသုံးပြု၍ တည်ဆောက် ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။
ယင်းနောက် ဆုရစာပေပညာရှင်များ သည် အလှူခံဌာန၌ ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး ဗုဒ္ဓဥယျာဉ်တော် အတွင်း အံ့မခန်းဗိသုကာ လက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထား သည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီးနှင့် ကျောက်စာရုံစေတီတော်များကို ဆက်လက်ဖူးမြော်လေ့လာကြည်ညိုခဲ့ကြ ကြောင်း သိရှိရသည်။
သတင်းစဉ်