အမျိုးသားစာပေဆုနှင်းသဘင် နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပမည်

 

နေပြည်တော်   နိုဝင်ဘာ  ၁၅
၂၀၂၁ ခုနှစ်အတွက်  အမျိုးသားစာပေဆုနှင်းသဘင်ကို  နိုဝင်ဘာ  ၂၃  ရက်  နံနက် ၁၀   နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-II) ၌ ကျင်းပမည်ဖြစ်သည်။
ဆုရရှိသူစာရင်းအား အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန် ကြေညာခဲ့ပြီး ဆုနှင်းသဘင်အခမ်းအနားသို့  ဆုရရှိသူများ၊  ဆုရ စာအုပ်များကို  ထုတ်ဝေခဲ့သည့် စာပေတိုက်များနှင့် ထုတ်ဝေသူများ၊ အမျိုးသားစာပေတစ်သက်တာဆုနှင့် စာပေပညာရှင်များအားလုံး  အပါအဝင်  စာပေဆိုင်ရာအဖွဲ့အစည်းများသို့ ဖိတ်ကြားထားကြောင်း သိရသည်။
အစမ်းလေ့ကျင့်ပွဲကို နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ရာ ဆုရရှိကြသူများအနေဖြင့် စာပေဆုများ အုပ်ချုပ် ထောက်ပံ့မှုကော်မတီ (စာပေဗိမာန်) နေပြည်တော် ဖုန်း ၀၆၇-၃၄၁၂၂၀၃ နှင့် ၀၉- ၄၂၀၁၃၀၄၈၁ တို့သို့ သတင်းပို့ဆက်သွယ်နိုင် ကြောင်း သိရသည်။                           သတင်းစဉ်