အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၃ ခုနှစ်)ပြဋ္ဌာန်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၃ ခုနှစ်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၂/၂၀၂၃
၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်
(၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။    ဤဥပဒေကို အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၃ ခုနှစ်) ဟု ခေါ်တွင်စေရမည်။
၂။    အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၉၊ ၁၀ နှင့် ၃၅ တို့တွင် ပါရှိသော “ကျန်းမာရေးဦးစီးဌာန” ဆိုသည့် စကားရပ်ကို “အစားအသောက် နှင့်  ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။


                                        (ပုံ) မင်းအောင်လှိုင်
                                            ဗိုလ်ချုပ်မှူးကြီး
                                                    ဥက္ကဋ္ဌ
                                         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ