အမိမြေသာယာဖို့... ငါတို့မြေကို ငါတို့ကာကွယ်စို့ …

Type

 

တိုင်းရင်းသားပြည်သူတစ်ဦး

“အမိမြေသာယာဖို့...  ငါတို့မြေကို  ငါတို့ ကာကွယ် စို့…”
မှန်တယ် ။    ဒီစကားက ရင်ကို ထိတယ်၊ အားရ တယ်။ လောက်တွေရဲ့ ဆိုက်ဝါးအောက်မှာ ခံနေရ တဲ့ ကျွန်တော်တို့တွေ ခံခဲ့ရတာများလှပြီ။  တစ်နိုင်ငံ လုံး စစ်မျက်နှာပေါင်းစုံဖွင့်နေရတဲ့  အမိတပ်မတော် ကြီး အမှန်ပြောရရင် အားမလိုအားမရ ဖြစ်နေမိတာ။  ရန်သူကို ရန်သူလို  ကျင့်ဖို့၊  ရန်ငါပြတ်ဖို့   ယခုမှ ကြားချင်တဲ့စကား ကြားခဲ့ရပြီ။ ဘယ်တုန်းကနဲ့မှ မတူတဲ့ခေတ်ကြီး၊    တိုင်းပြည်နဲ့ပြည်သူ့ဘဝကို ဖျက်ဆီးနေကြတာ ရစရာမရှိ။ အမှန်ပင် စက်ဆုပ် ရွံရှာဖို့ကောင်းလှတယ်။ ရုရှား-ယူကရိန်း ၊  အစ္စရေး-ဂါဇာစစ်ကလွဲလို့ ကမ္ဘာမှာမရှိဖူး၊  မကြားဖူးသေးတဲ့ အမြဲတမ်းအချိန်ပြည့်စစ်တိုက်နေရတဲ့ တပ်မတော် ကြီး ရှိနေပေလို့သာ...။
ရောင်စုံသူပုန်ထ ရက်စက်လွန်းကြတယ်
နိုင်ငံရဲ့မြောက်ဘက်မှာ KIA ၊ အနောက်မြောက် မှာ CDF ၊  CNF ၊  အနောက်ဘက်မှာ AA ၊  အရှေ့မှာ KNDF ၊  KPDF ၊ အရှေ့တောင်မှာ KNU၊  KNLA ၊ KTA ၊ အရှေ့မြောက်မှာ MNDAA ကိုးကန့်၊  TNLA ၊   AA ၊  PDF ရောင်စုံအဖျက်သမား   အမျိုးပေါင်းများစွာနဲ့  တစ်နိုင်ငံလုံးပတ်ချာလည်      စစ်မီးတောက်တဲ့ အခြေအနေပါ။ လက်ရှိမှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေမှာ  လူအင်အား၊   လက်နက်၊ နည်းပညာ အင်အားအသာနဲ့  ရန်သူဟာ  အုံနဲ့ကျင်း နဲ့ အဆိုးဆုံးအခြေအနေမှာ ရှိနေတယ်။ နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာ   ပြိုကွဲထွက်သွားအောင်ကို လုပ်နေကြတာ။ ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုးစု ကို ကိုယ်စားမပြုနိုင်အား၊  မျိုးမမှန်တဲ့ အလွန်ရိုင်းစိုင်း ယုတ်မာကြမ်းကြုတ်လှတဲ့ တိရစ္ဆာန်သာသာတွေ ပါပဲ။
ဘယ်လောက်ရက်စက်သလဲဆို မြို့ပြအရပ်သား ပြည်သူတွေထဲ ရွေးပြီးမှ တိုက်ကွက်ဖော်တတ်တယ်။ ပြည်သူကို ညှာတာသနားတတ်တဲ့ တပ်မတော်ကို အခွင့်ကောင်းယူ၊  လူတံတိုင်းကာ၊   ဓားစာခံလုပ် ညစ်ပတ်ကြတယ်။  အယူဝါဒမတူရင်   အစုလိုက် အပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်ပြတယ်။ ပညာရဲ့တန်ဖိုးနားမလည်၊  တက္ကသိုလ်တွေကို ဗုံးခွဲ ဖျက်ဆီးပြ၊  ပညာမဲ့နိုင်ငံဖြစ်ကြောင်း တံဆိပ်ခတ်ကြ တယ်။  ပြည်သူ့နေအိမ်တွေကို  မီးရှို့ဖျက်ဆီးပြီး တပ်ကပဲ   လုပ်သယောင်  သူခိုးကလူဟစ်ပြတယ်။  မြို့တွေ၊ ရွာတွေ၊ အိမ်တွေထဲဝင် သူခိုးဓားပြဆန်ဆန် ရှိသမျှပစ္စည်းခိုး၊ ဓားပြတိုက်လုယက်ကြတာချည်းပဲ။ စေတီ၊ ပုထိုးတွေကို ရိုက်ခွဲဖျက်ဆီးပြီး မြန်မာတို့ရဲ့ ဘာသာသာသနာ  ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားကြတယ်။  ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းနဲ့ ဘယ်လိုမှမထိုက်တန်တဲ့ ကမ္ဘာမှာ အောက်တန်းအကျဆုံး လောက်ကောင်သစ္စာဖောက် တွေပါပဲ။ ဒါကြောင့် လူဆိုးရော   လူမိုက်အားပေး မှန်သမျှပါ အစွမ်းကုန် ချေမှုန်းသုတ်သင်သင့်ပါပြီ...။
လူ့အန္ဓအသိမဲ့မိစ္ဆာတွေသာ ဖြစ်တယ်
လုပ်သင့်တာလုပ်ဖို့    အချိန်အခါသင့်ပါပြီ။ သည်းခံခြင်းဖြင့် အနိုင်ယူရမယ့်သူတွေထဲမှာ မပါတဲ့ သူတွေမို့  အင်အားနဲ့သာ   အနိုင်ယူသင့်ကြောင်း ပြည်သူတွေက ထောက်ပြနေပါပြီ။  အမှားနဲ့အမှန်၊  အပြုနဲ့အဖျက်       ပြည်သူကနားလည်ပြီးသားပါ။ တပ်မတော်ရဲ့ရှေးရှုချက်က ငြိမ်းချမ်းရေး၊ တည်ငြိမ် ရေး၊  ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးပါ။ အသုံးပြုတာ က   အနည်းဆုံးအင်အားနဲ့    အနိမ့်ဆုံးအဆင့်။  ကြမ်းလို့ရပေမယ့် မကြမ်းခဲ့ဘူး၊၊ ပြည်တွင်း၊ ပြည်ပ ဖိအားမျိုးစုံအောက်မှာ ပြည်သူ့မျက်နှာကိုပဲကြည့်ခဲ့ တယ်။ ပြည်သူကို မိဘလိုသဘောထား၊ တိုင်းရင်း သားကို မိသားစုလို သံယောဇဉ်ငြိ၊   ညီအစ်ကိုချင်း ရန်ဖြစ်သလိုပဲမှတ်၊   အချိန်ယူ  စိတ်ရှည်သည်းခံခဲ့ တယ်။ လက်တွဲခေါ်မယ်ချည်းအကြိမ်ကြိမ် ငြိမ်းချမ်း ရေးလက်  အမြဲကမ်းလင့်တယ်။   တိုက်စစ်မဖွင့်၊ ခံစစ်နဲ့သာ အချိန်ယူခဲ့တာက သက်သေဖြစ်တယ်။
ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ဒေသ ကိုယ့်လူမျိုး ဖွံ့ဖြိုးအောင် နည်းနည်းမှမလုပ်နိုင်။  အဝေးကြီးက အရောက်လာ၊ တိုင်းရင်းသားတွေအတွက် တာဝန် ထမ်းတဲ့ ဝန်ထမ်းတွေ၊ လေ့ကျင့်ရေးအတွက် အချိန် မပေးနိုင်၊    ပြည်သူ့လူမှုစီးပွားဘဝ  ကျန်းမာရေး၊  သဘာဝဘေးမှအစ ကယ်တင်စောင့်ရှောက်ပေးခဲ့တဲ့ တပ်မတော်သားတွေရဲ့       သစ္စာကိုမှမထောက် သတ်ပစ်ရက်တယ်၊ မောင်းထုတ်ရဲကြတယ်၊ သူတို့မို့ လုပ်ရက်တယ်။ သတ်တာမှ လူသားမဆန် လည်လှီး သတ်၊    ခေါင်းကိုတုတ်နဲ့ရိုက်သတ်တဲ့အထိပါပဲ။ အဲဒီလောက်ထိ မိုက်လုံးထွား၊  ကျေးဇူးမသိတတ်တဲ့ လူ့အန္ဓအသိမဲ့သူတွေပါ။   သူတို့နယ်မြေတွေက တိုင်းရင်းသားတွေရဲ့  ပညာရေး၊   ကျန်းမာရေး စိတ်မဝင်စား။ ဘိန်း၊  မူးယစ်ဆေး၊  မှောင်ခို၊ ဆက်ကြေး ကောက်ကလွဲပြီး အခြားသမ္မာအာဇီဝ ဘာမှမလုပ် တတ်တဲ့ လူ့မိစ္ဆာတွေပါ။   လူမိုက်နဲ့ငြိမ်းချမ်းရေး လားလားမှမအပ်စပ်၊   အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့စကားနဲ့ ဘယ်လိုမှမထိုက်တန်၊ မသင့်သူတွေ ပါ။ ထိုသူတို့ကြောင့် အပြစ်မဲ့ အသက်စတေးခဲ့ရသူ အားလုံးဟာ နိုင်ငံတစ်နံတစ်လျား သန်းပေါင်း ၅၀ ကျော်သော ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးအတွက် အနစ်နာခံခဲ့ကြသူတွေပေပဲ။
မကွဲကွဲအောင် ခွဲနေပြီမို့
မြန်မာတွေ ညီညွတ်ချိန်တန်ပြီ
ဒါကြောင့်  ကျွန်တော်တို့မြေ၊   ကျွန်တော်တို့ အချုပ်အခြာ၊  ကျွန်တော်တို့ကိုယ်တိုင် ကာကွယ်ဖို့ အချိန်တန်ပါပြီ။ ဘာကြောင့်ဆို... ဒီမြေ၊ ဒီရေ၊ ဒီလေ ဟာ  ကျွန်တော်တို့အပိုင်ဖြစ်လို့ပါ၊    ထိန်းသိမ်း စောင့်ရှောက်ရမယ့်တာဝန်ရှိပါတယ်။ လိုအပ်ရင် အသက်ပေးကာကွယ်ရမှာပါ။ ဒီတိုင်းပြည်ဟာ မိဘ ဘိုးဘွားပိုင်လည်းဖြစ်တယ်။      ကျွန်တော်တို့ရဲ့ ဘိုးတွေဘွားတွေ သွေးချွေးအသက်ပေးရယူခဲ့ကြတဲ့  ဒီပထဝီထုကြီးကို        ကျွန်တော်တို့လက်ထက် မကာကွယ်နိုင်ရင်၊ တာဝန်မကျေရင်  လူမိုက်တွေသာ ဖြစ်ရတော့မှာပေါ့။ သူတို့ကြောင့် ဒီနိုင်ငံတော်ကြီးရဲ့ လွတ်လပ်တဲ့နိုင်ငံသားဖြစ်ခွင့်ရနေတာ။     ငါတို့ အချုပ်အခြာ ပိုင်နက်နယ်မြေ ဆုံးရှုံးမယ်ရှိလေတိုင်း  ပြန်ထိန်း၊  ပြန်တိုက်နိုင်ခဲ့တာသည် တပ်မတော်နဲ့ ပြည်သူ မြဲကြည်ဖြူခဲ့လို့ပဲ။
တပ်မတော်နဲ့ပြည်သူ ခိုင်ခိုင်မြဲမြဲလက်တွဲနိုင် ခဲ့သမျှ ဘယ်တိုက်ပွဲမှာမှ အရှုံးမရှိ အောင်ပွဲအလီလီ ရခဲ့တာ ပြန်လည်သတိရအောက်မေ့ကြည့်လိုက်ပါ။ ပြည်သူဆိုတဲ့နေရာမှာ  တိုင်းရင်းသားတွေပါတယ်၊ ကျောင်းသားတွေပါတယ်၊   လူငယ်တွေပါတယ်  အားလုံးဟာ ခေတ်အဆက်ဆက် ပါခဲ့ကြသည်ချည်း ပါ။ ဒီဘက်ခေတ်မှာတော့  တပ်မတော်နဲ့  ပြည်သူ၊  တပ်မတော်နဲ့ ကျောင်းသား၊  တပ်မတော်နဲ့သံဃာကို ကွဲသွားအောင်ကို ခွဲထုတ်နေကြပါပြီ။ အားနည်းချက် ကို အခွင့်ကောင်းယူပြီး ဘာသာ၊ သာသနာ၊ ယဉ်ကျေး မှုပါ ရောထွေးယှက်တင် ဖျက်ဆီးလာကြပြီ။ ဗမာ လူငယ်တွေကိုအသုံးချပြီး   မြန်မာ - မြန်မာချင်း၊ အိမ်ကြက်ချင်းအိုးမဲသုတ်ခိုင်း။    နောက်ဆုံးမှာ မြန်မာလူမျိုး ဗမာဆိုတဲ့အရင်းအမြစ်တွေ အားနည်း အောင် လုပ်လာတဲ့သဘောပဲ။   တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပြိုကွဲအောင် လုပ်ရာမှာ ဆိုးညစ်လှတဲ့ နိုင်ငံရေးသမားတွေလည်းပါသလို နယ်ချဲ့အလိုတော် ရိ သစ္စာဖောက်လောက်ကောင် လက်နက်ကိုင်တွေ လည်းပါနေတယ်။   ဒါကြောင့်  တို့တိုင်းရင်းသား အားလုံးစုစည်းကြဖို့ ၊  ညီညွတ်ကြဖို့ ၊  လက်တွဲမဖြုတ် ကြဖို့ အရေးကြီးပါတယ်။ နွားကွဲရင် ကျားဆွဲပါလိမ့် မယ်။ အခုအချိန်မှာတော့ တစ်ချောင်းချင်းရှိနေတဲ့ ထင်းစည်းတွေခမျာ အချိုးခံနေရပြီပေါ့။
ဒီလိုမဖြစ်သွားအောင်အတွက် အခုအချိန်မှာ တပ်မတော်နဲ့တပ်မတော်သားတွေဟာ အသက်ခန္ဓာ စွန့်လွှတ်ပြီး       ကျူးကျော်သစ္စာဖောက်တွေကို တွန်းလှန်ကာကွယ်တိုက်ထုတ်နေရခြင်းဖြစ်တယ်။ လိုအပ်နေတာက သတ္တိ၊ အရေးအကြောင်းဆို သတ္တိ မြဲတဲ့ တပ်မတော်သား၊   သတ္တိရှိတဲ့ပြည်သူ့အားက အလွန်အရေးပါတယ်။ သတ္တိဆုံးရင် အလုံးစုံဆုံးရှုံး သွားနိုင်တဲ့အတွက် သတ္တိရှိရှိ၊ ပညာ၊ သတိနဲ့ အားတင်း ထားပါ။ တပ်မတော်နောက်မှာ စစ်မှန်တဲ့ပြည်သူ တွေရှိပြီးသား အမြဲအားပေးလျက်ပါ။ တပ်မတော်နဲ့ မြန်မာ၊  မြန်မာနဲ့ ဒီတပ်မတော်ကြီး  ကမ္ဘာတည် သရွေ့  တပ်မတော်ရှိနေပါမယ်၊  တပ်မတော်ရှိနေ သရွေ့ မြန်မာလည်း မြဲနေမှာပဲလို့ ယုံကြည်ပြီးသား ဖြစ်တယ်။
ပြည်သူနဲ့တပ်မတော် အပြန်အလှန်အားကိုယူ
ကမ္ဘာ့ဘယ်နိုင်ငံနဲ့မှမတူ၊      တစ်နိုင်ငံလုံး စစ်မျက်နှာဖွင့်ထားရတဲ့ တပ်မတော်ကြီးရဲ့ စစ်ရေး အတွေ့အကြုံမျိုးက   မြန်မာ့တပ်မတော်မှာပဲရှိပါ တယ်။ အပေါ်အောက်၊   အရှေ့နဲ့အနောက်ညှပ်ပြီး ခံစစ်အနေအထားနဲ့ ခုခံစစ်ဆင်နေရတဲ့တပ်မတော် ကြီးအနေနဲ့ အလုံးစုံပေါင်းစပ် Hybrid warfare ကို ဆင်နွှဲနေရတဲ့ တပ်မတော်ကြီးရဲ့အဆင့်ဟာ ကမ္ဘာ က နှစ်စဉ်ထုတ်ပြန်တဲ့ Global Defense Index မှာ အဆင့် ၃၈ ကနေ ၃၅ အထိ တက်လာတာလည်း ဆန်းတော့မဆန်းဘူး။ ဒါကြောင့်ပဲ မြန်မာပြည်ကြီး ကို  ငြိမ်းချမ်းစေချင်တဲ့    ပြည်သူရဲ့မျက်နှာကို ထောက်ထားပြီး ပြည်သူ့အားကိုအရယူ ရန်သူကို အမြစ်ပြတ်ချေမှုန်းပေးဖို့ မျှော်လင့်ပါတယ်။
ပြည်သူဘက်ကလည်း          ဒီလိုပြည်သူ့ တပ်မတော်မျိုး၊ ပြည်ထောင်စုတပ်မတော်မျိုးကိုသာ ရဲရဲယုံကြည်ပေးပါလို့ ဆိုပါရစေ။ ငြိမ်းချမ်းတဲ့ မြန်မာ ပြည်၊  တိုးတက်တဲ့မြန်မာပြည် ဒီလိုမိစ္ဆာသစ္စာဖောက် တွေကင်းစင်မှ  ဖြစ်လာနိုင်မယ်ဆိုတဲ့   ခံစားချက်၊ အထူးသဖြင့် စစ်ဒဏ်သင့်ဒေသက ပြည်သူတွေက ပိုသိလာပါတယ်။ မြန်မာပြည်မှာ ဒီလိုအရေးတွေ ကြောင့် ပြည်ထောင်စုမပြိုကွဲရေး စတဲ့   ဒို့အရေး သုံးပါး        ဘယ်လောက်အရေးကြီးကြောင်းကို ကာကွယ်ရေး၊ လုံခြုံရေးအမြင်ရှိတဲ့ပြည်သူတွေက ပိုနားလည်လာခြင်းဖြစ်တယ်၊၊
ဗီဒီယိုအတိုတစ်ခုမှာ    လောက်ကောင်မိစ္ဆာ အဖျက်သမားတွေ ရပ်ကွက်ထဲဝင်လာတော့ အိုးစည် ဗုံမောင်းတီး ဝမ်းသာအားရကြိုဆိုနေတဲ့မြင်ကွင်းတစ်ခုတွေ့လိုက်ရတယ်။ ဘယ်လိုအုပ်ချုပ်တတ်လို့၊  ဘာကိုအားကိုးပြီး ဘာကိုရမှာမိုလို့လဲ၊ ဘုန်းကြီးရူးနဲ့ လှေလူး မစင်မှာပျော်တတ်တဲ့ လောက်သာသာရယ် တွေပါ။  တစ်ဖက်မှာတော့  ဌာနေပြည်သူတွေရဲ့ နာကျည်းတဲ့အသံတွေ၊  ပြင်းထန်တဲ့ခံစားချက်တွေနဲ့အတူ    ဒီလို လူ့မိစ္ဆာတွေကို  အမြစ်ဖြတ်ပေးဖို့ တောင်းဆိုသံတွေဟာ ယခုနောက်ပိုင်း  ဆိုရှယ်မီဒီယာ တွေမှာ  သောသောညံအောင်  ရင်ဖွင့်မှုတွေများလာတာ လည်း အကဲခတ်မိပါရဲ့။ သူပုန်သိမ်းပြီးတဲ့ ဘယ်မြို့ ဘယ်ရွာ ဘယ်သူပုန်လက်အောက်မှာမှ ပြည်သူတွေ မနေလိုကြပါဘူး။ လက်တွေ့မှာ စစ်ရှောင်မှန်သမျှ တပ်မတော်ရှိတဲ့နေရာမှာပဲ    ခိုလှုံကြပါတယ်။ တပ်မတော်ထက် သူပုန်ကို သူတို့ပိုပြီး ကြောက်ကြ တယ်။  လုံခြုံတဲ့အရိပ်အာဝါသအောက်မှာပဲ နေချင် ကြတာ သဘာဝ၊ ကိုယ်တိုင်ထိ ကိုယ်တိုင်နာလာတဲ့ အခါမှ တပ်မတော်ကို ပိုထောက်ခံလာကြတဲ့သဘော ပါပဲ။ တချို့ဆန့်ကျင်ခဲ့သူတွေကိုယ်တိုင် အဆိုးမြင် ကနေ အပြုမြင် ဘက်ပြောင်းထောက်ခံလာကြတာ တွေ့ရတာလည်း အားရစရာဖြစ်မိတယ်။
လက်ရှိမှာတော့ တိုင်းပြည်မှာ ဒဏ်ရာဒဏ်ချက် တွေကများ၊   ပြည်သူလည်း   အထိနာနေပါပြီ။ ဒါကြောင့် ရန်သူကို ပြိုဆင်းသွားအောင်လုပ်ပေးပါ၊ မီးစာကုန်ရေခန်း      နောက်ဆုံးတောက်နေတဲ့ ပြည်တွင်းမီး   အပြီးငြှိမ်းသတ်ပေးပါ။    အမှန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဒေသများဆိုတာ က ယနေ့အချိန်အခါမှာ မရှိသင့်တော့ပါလို့တောင် မြင်မိတယ်။ ဒီလိုဒေသတွေဆိုတာ အမှန်တကယ် ပြည်ထောင်စုကြီးအပေါ် ရိုးသားဖြောင့်မတ်သစ္စာရှိတဲ့   တိုင်းရင်းသားတွေနဲ့သာ ထိုက်တန်ပါတယ်။ ဒါကြောင့် အခြေအနေအချိန်အခါနဲ့အညီ     တပ်မတော်ရဲ့ သမိုင်းတစ်ခေတ်ရေးထိုးပေးဖို့သာ တောင်းဆိုလိုခြင်း ဖြစ်ပါတယ်။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆိုချင်တာက လက်ရှိစစ်ဖြစ်နယ်မြေတွေကို  စစ်သွေးကြွတွေရဲ့ သင်္ချိုင်းဖြစ်အောင်လုပ်ပြီး   ပြည်သူ အတွက် မျှော်လင့်ချက်သတင်းများစွာ   ယူဆောင် လာပေးပါလို့ ဆိုချင်တယ်။
စစ်မှန်တဲ့ပြည်သူတစ်ရပ်လုံးက  ငါတို့ တပ်မတော် ဟာ လောက်ကောင်တွေကို  ကောင်းကောင်းချေမှုန်း နိုင်မယ်၊    အောင်ပွဲအလီလီ   ရယူနိုင်လိမ့်မယ်လို့   ယုံကြည်မျှော်လင့်ပြီး ဖြစ်ပါတယ်၊၊ တပ်မတော်အနေ နဲ့လည်း ငါတို့နဲ့တစ်သားတည်း အမြဲရှိနေတယ်ဆိုတဲ့ ပြည်သူကို ယုံကြည်ပေးပါ၊ လိုအပ်တာ ဆောင်ရွက် ပေးပါ အပြန်အလှန်ပေါ့။ တစ်နေရာ ဒေသတစ်ခု   အရေးက  တစ်နိုင်ငံလုံးရဲ့အရေးလို့  ခံယူပြီးလည်း ဖြစ်ပါတယ်။    ဒါကြောင့် ရန်သူကို ဟန့်ရုံတားရုံနဲ့မပြီး ရေလိုမီးလိုကျင့်ပြီး သံသရာမရှည်အောင် အမြစ်က စဖြတ်ပေးပါလို့သာ မေတ္တာရပ်ခံတောင်းဆိုလိုက်ပါရစေ။      ။