
ဝါရှင်တန် သြဂုတ် ၁၉
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် သြဂုတ် ၂၆ ရက်တွင် အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တာလီဘန်နက်ကို အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြန်ကြားရေးဝန်ကြီး ဂျန်ဆာကီက သြဂုတ် ၁၈ ရက်က ပြောကြား လိုက်သည်။
အမေရိကန်သမ္မတနှင့် ဝန်ကြီးချုပ်ဘန်နက်တို့သည် အီရန်ကိစ္စအပါအဝင် ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေးနှင့် သက်ဆိုင်သောအရေးကြီးကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ် ကြောင်း အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အဆိုပါ ခရီးစဉ်သည် ခေါင်းဆောင်နှစ်ဦးအတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ သာယာဝပြောရေး၊ ဒေသတွင်း အနာဂတ်တွင် ပိုမိုငြိမ်းချမ်း ပြီး ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး ဆွေးနွေးရန် အခွင့်အလမ်းကောင်း များရရှိ မည်ဖြစ်သည်။
ထို့အပြင် တီဟီရန်နှင့် ဝါရှင်တန်တို့အကြား ရပ်ဆိုင်း ထားရသော နျူကလီးယားသဘောတူစာချုပ်ကို ပြန်လည် အသက်သွင်းရန် ဆွေးနွေးမည်ဖြစ်သည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် သြစတြီးယားမြို့တော် ဗီယင်နာတွင် ဧပြီလကတည်းက သွယ်ဝိုက်ဆွေးနွေးမှုများအကြိမ်များစွာ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့၏ မတူညီသော အမြင်များကို ကျေလည်အောင် မလုပ်ဆောင်နိုင်သေး ကြောင်း သိရသည်။
ဆင်ဟွာ