
တီဟီရန် ဇန်နဝါရီ ၂၅
အီရန်နိုင်ငံသည် အမေရိကန်နှင့် တိုက်ရိုက်နျူကလီးယားဆွေးနွေးပွဲပြုလုပ်ရန် စဉ်းစားလျက်ရှိသည် ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့ သည်။
အမေရိကန်က အီရန်နှင့် တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း ယခု အချိန်ထိ အီရန်နိုင်ငံဘက်က ပယ်ချခဲ့သည်။ အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်မည့် အစား ဥရောပသမဂ္ဂနှင့် အခြား သော အဖွဲ့အစည်းများကို ကြားခံ ထားကာ သွယ်ဝိုက်သောဆွေးနွေး ပွဲများ ပြုလုပ်ခဲ့သည်။
အီရန်နှင့် အမေရိကန်တို့ အကြား သွယ်ဝိုက်သော ဆွေးနွေးပွဲ မှာ မကြာမီ ပြီးမြောက်တော့မည် ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီး ဟူစိန်အမီရာအဗ္ဗလာအန် က တီဟီရန်မြို့တွင် ဒေသတွင်း မီဒီယာများကို ပြောသည်။
အကယ်၍ ယင်းသို့ဆွေးနွေး ခြင်းဖြင့် ခိုင်မာသော သဘော တူညီမှုဆီ ဦးတည်လာနိုင်ပါက အီရန်သည် အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်ရန် ပြင်ဆင်မှုများ ပြုလုပ်သင့်ပြီဟု လည်း ၎င်းကဆက်ပြောသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တိုက်ရိုက် ဆွေးနွေးပွဲများပြုလုပ်ရန် တံခါးဖွင့် ထားဆဲဖြစ်သည်ဟု ပြောသည်။ တိုက်ရိုက် ဆွေးနွေးမှုများပြုလုပ် ရန် ပြင်ဆင်မှုများပြုလုပ်နေသည် ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိ သူ နက်ပရိုက်စ်က ပြောသည်။
အီရန်နှင့် အင်အားကြီး ခြောက်နိုင်ငံကြား ပြုလုပ်ထား သည့် ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီမှုကို ရှေ့ဆက်နိုင် ရန်ဦးတည်၍ ဆွေးနွေးနေခြင်း ဖြစ်သည်။
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် အဆိုပါ သဘောတူညီမှုမှ နုတ်ထွက်ပြီး နောက် အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည်။ အီရန် နိုင်ငံဘက်မှလည်း နျူကလီးယား အစီအစဉ်များကို ပြန်လည်စတင် ခဲ့ပြီး အရှိန်အဟုန်မြှင့်တင်ခဲ့သည်။
အင်န်အိတ်ချ်ကေ