အမေရိကန်၌ သေနတ်ပစ်ခတ်မှုများကို အရေးယူဆောင်ရွက်ရန် တက်ကြွလှုပ်ရှားသူများ တောင်းဆို

 

 

ဝါရှင်တန်   ဇွန်   ၇ 
တက်ကြွလှုပ်ရှားသူ       အဖွဲ့တစ်ဖွဲ့သည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ဇွန်   ၆  ရက်က    စုဝေးခဲ့ကြပြီး     သေနတ် ပစ်ခတ်မှုများ    မကြာခဏဖြစ်ပွားနေခြင်း အပေါ်   တစ်စုံတစ်ရာ  အရေးယူဆောင်ရွက်မှု ပြုလုပ်ရန် အမေရိကန်နိုင်ငံရေးသမားများကို တောင်းဆိုလိုက်သည်။ 
၎င်းတို့က   အမေရိကန်လူမှုရေးအသိုင်း အဝိုင်းများတွင် သေနတ်ကိုင်အကြမ်းဖက်မှု များ ချုပ်ငြိမ်းပျောက်ကွယ် အဆုံးသတ်စေရန် တောင်းဆိုခဲ့ကြသည်။ 
ကျည်ကာအင်္ကျီများ ဝတ်ဆင်ထားသော ဆယ်ကျော်သက်လူငယ်များ     စုဝေးခဲ့ပြီး လက်နက်ကိုင်အကြမ်းဖက်မှုများကို ဆွေးနွေး ခဲ့ကြသည်။ 
တက်ကြွလှုပ်ရှားသူများသည် လက်နက် ကိုင်      အကြမ်းဖက်မှုများကို     အရေးယူ ဆောင် ရွက်ပေးရန် လွှတ်တော်အမတ်များကို တောင်းဆိုခဲ့ကြသည်။ 
ဆင်ဟွာ