
တီဟီရန် ဇွန် ၂၂
အီရန်သမ္မတအဖြစ် ရွေးကောက်ခံထားရသူ အီဘရာဟင် ရိုင်စီသည် အမေရိကန် ပြည်ထောင်စုဘက်မှ ပိတ်ဆို့ထားမှုများ ဖယ်ရှား ပေးရန် တောင်းဆိုခဲ့သည်။ ဇွန် ၁၈ ရက်က သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ရိုင်စီသည် ပထမဆုံးအကြိမ်အဖြစ် သတင်း ထောက်များရှေ့တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်ဘက်မှဖယ်ရှားပေးရမည် ၎င်းအနိုင်ရရှိသွားခြင်းကြောင့် ရှစ်နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သဘောထားတင်းမာသည့် ကွန်ဆာဗေးတစ် များ အီရန်တွင် အာဏာရလာခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီမှု ပြန်လည်ရှင်သန်စေရေးအတွက် အမေရိကန် နှင့် စေ့စပ်ညှိနှိုင်းမှုများကို ရည်ရွယ်ကာ ၎င်းက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဘက်မှ သဘောတူညီမှုကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည့်အတွက် အီရန် အပေါ် ထားရှိသည့် ပိတ်ဆို့မှုများကို အမေရိကန်ဘက်မှ ဖယ်ရှားပေးရမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဆက်ဆံရေး ကောင်းမွန်လို
အီရန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် နျူကလီးယားသဘောတူညီမှုတွင် ကန့်သတ် ထားခြင်းမရှိဘဲ အီရန်နိုင်ငံသည် တခြားသော နိုင်ငံများနှင့်လည်း ဆက်ဆံရေးကောင်းမွန်လို သည်ဟု ၎င်းက ဆက်ပြောသည်။ ထို့ပြင် အတိတ် ကာလက အစိုးရဆန့်ကျင်ဆန္ဒပြမှုတွင် အင်အားသုံးနှိမ်နင်းခဲ့မှုဖြစ်စဉ်၌ ၎င်းပါဝင် ပတ်သက်မှုရှိသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး အခြေအနေတိုင်းတွင် လူ့အခွင့် အရေးကို အကာအကွယ်ပေးသည်ဟု ပြောကြားခဲ့သည်။ ကိုင်တွယ်ဖြေရှင်းရမည် ၎င်းသည် ဩဂုတ်လအတွင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီ၏နေရာတွင် ရာထူးဆက်ခံ ရမည်ဖြစ်သည်။ သမ္မတအဖြစ် ရွေးကောက်ခံ ထားရသူ အီဘရာဟင် ရိုင်စီသည် အမေရိကန် ပိတ်ဆို့မှုများနှင့်ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်သည်။ အင်န်အိတ်ချ်ကေ