
တက္ကသိုလ်ပညာရေးသည် အလွတ်ကျက်သည့် ပညာရေးမဟုတ်ဘဲ လေ့လာခြင်း၊ တွေးခေါ်ခြင်းများဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာများ အပြန်အလှန်ဆွေးနွေးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ တွေးခေါ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း သင်ကြားမှုကဏ္ဍ တိုးတက်စေရန်အတွက် အမြဲမပြတ် လေ့လာ နေရန် လိုကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၇-၁-၂၀၂၂ ရက်နေ့တွင် အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)