အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်

နေပြည်တော်   ဇန်နဝါရီ   ၂၅


နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက် စေရန် လှုံ့ဆော်မှုများနှင့်ပတ်သက် ၍   ၂၀၂၂ ခုနှစ်   ဇန်နဝါရီလ ၂၅ ရက်နေ့တွင်  နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ   ထုတ်ပြန် သည့် သတင်းထုတ်ပြန်ချက်အပေါ်      အလေးအနက်ထား ထိရောက်စွာ လိုက်ပါဆောင်ရွက်ရေးနှင့်  ပတ်သက် သည့်    ညှိနှိုင်းအစည်းအဝေးကို   ယနေ့နံနက်   ၁၀  နာရီတွင်   နေပြည်တော် ပြည်ထဲရေးဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌    ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။


အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး       ကောင်စီ အဖွဲ့ဝင်၊  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး        ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်က ယခုအခါ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊   NUG နှင့်  ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်    ဆက်နွှယ်နေသော အဖွဲ့အစည်း၊   လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော် တည်ငြိမ်ရေးကို  ပျက်ပြားစေရန် နှင့် ပြည်သူလူထုအား ကြောက်ရွံ့ ထိတ်လန့်မှု    ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လှုံ့ဆော်မှုများ၊ လူမှု ကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို  တွေ့ရှိရပါကြောင်း၊     ယင်းသို့ လှုံ့ဆော်မှုများအပေါ် ပြည်သူလူထု များအနေဖြင့် လိုက်ပါလုပ်ဆောင် မိပါက ဥပဒေအရ အရေးယူခံရနိုင် သဖြင့် အများပြည်သူ သိရှိနိုင်စေ  ရန်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ မှ       သတင်းထုတ်ပြန်ထားပါ ကြောင်း။


အကြမ်းဖက်    အုပ်စုအဖြစ် ကြေညာထားသော CRPH ၊  NUG နှင့်   ယင်းတို့၏  လက်အောက်ခံ အဖွဲ့အစည်းများ၊   ယင်းတို့နှင့်  ဆက်နွှယ်နေသော အဖွဲ့အစည်း များ၊        လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို   အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်   ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို   လူမှု ကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံ ဖြင့်       ပြုလုပ်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍        ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ   လိုက်ပါ လုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊   တစ်နည်း နည်းဖြင့် ဖြစ်စေ  အများပြည်သူ အနှောင့်အယှက်   ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော် ဝါဒဖြန့်မှုများကို  ထပ်ဆင့်မျှဝေ ခြင်း၊    အားပေးကူညီခြင်းများ ပြုလုပ်လျှင်         အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂

၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေ များအရ        အရေးယူခံရနိုင်ပါ ကြောင်း။
ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ ပြောင်းနိုင်သော  ပစ္စည်းများကို အကြမ်းဖက်မှု   တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံ ရနိုင်ပါကြောင်း။


သို့ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့ ၏   လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှု များအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေ အရ အရေးယူခံရနိုင်သည်ကို ယခု အစည်းအဝေးသို့ တက်ရောက်လာ ကြသည့်     တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက ပြည်သူလူထုအားလုံး သိရှိစေရေး ဥပဒေ   စည်းမျဉ်း၊    စည်းကမ်း လုပ်ထုံး   လုပ်နည်းများနှင့်အညီ လိုက်ပါဆောင်ရွက်သွားရန် လိုအပ် ကြောင်းနှင့်   ဥပဒေ၊  စည်းမျဉ်း စည်းကမ်းများအား ဖောက်ဖျက်ပါ က    ထိရောက်စွာ   အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် တိုင်း ဒေသကြီးနှင့်   ပြည်နယ်အလိုက် ဆက်လက်ဆောင်ရွက်မည့်  လုပ်ငန်း စဉ်များအပေါ် လေးလေးနက်နက် ဆောင်ရွက်သွားရန်    မှာကြား သည်။


ဆက်လက်၍ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်    နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တက်ရောက်လာကြသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့  ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ  တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးခဲ့ကြ  ကြောင်း သိရသည်။ 


သတင်းစဉ်