
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၅ ရက်
(၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၇ ရက်)
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၇-၈-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၂၄/၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။
၂။ အဆိုပါ အများပြည်သူအလုပ်ပိတ်ရက်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အောက်ပါစည်းကမ်းချက်များနှင့်အညီ နေထိုင်၊ ဆောင်ရွက်ရန်ဖြစ်သည်-
(က) မိမိတို့၏နေအိမ် သို့မဟုတ် အဆောင်များတွင်သာ နေထိုင်ရန်နှင့် တာဝန်နှင့် နာရေးမှအပ
ခရီးသွားလာခြင်း လုံးဝမပြုလုပ်ရန်၊
(ခ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များအား
ယခင်ရုံးဖွင့်ရက်များအတိုင်း ဖွင့်လှစ်ရန်၊
(ဂ) ကုန်ထုတ်စွမ်းအားမကျဆင်းစေရေးအတွက် အလုပ်သမားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်
ကွပ်ကဲမှုဖြင့် စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး
ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ရန်၊
(ဃ) သက်ဆိုင်ရာဌာနအသီးသီး၏ မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီးရုံးလုပ်ငန်းများ လစ်ဟင်းမှု
မရှိစေရေး work from home နည်းလမ်းဖြင့်လည်းကောင်း၊ အခြားသင့်လျော်သည့် နည်းလမ်း
များဖြင့်လည်းကောင်း စီမံဆောင်ရွက်ရန်၊
(င) မရှိမဖြစ် အခြေခံလိုအပ်ချက်များဖြစ်သော စက်သုံးဆီ၊ သောက်သုံးရေသန့်၊ သား၊ ငါးနှင့် အခြေခံစားသောက်ကုန်များ ရောင်းချသည့်ဆိုင်များသာ ဖွင့်လှစ်ရောင်းချရန်၊
(စ) ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများ ရောင်းချသည့်ဆိုင်များ၊ ဆေးကုမ္ပဏီများ ဖွင့်လှစ်
ရောင်းချရန်၊
(ဆ) စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်(take away) ဖြင့်သာ ရောင်းချရန်၊
(ဇ) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်၊ (အစိုးရဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများ)
(ဈ) မဖြစ်မနေ နေအိမ်မှ ထွက်ခွာသွားရောက်ရမည့်ကိစ္စရပ်များ ပေါ်ပေါက်ပါက ပါးစပ်၊ နှာခေါင်း
စည်း (Mask) အပါအဝင် လိုအပ်သော ရောဂါကာကွယ်ရေးအစီအမံများ မဖြစ်မနေဝတ်ဆင်ရန်၊
(ည) မဖြစ်မနေ ခရီးသွားလာရမည့်ပုဂ္ဂိုလ်များ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်းလမ်း၊
ရေလမ်း၊ လေကြောင်းလမ်းတို့နှင့်ပတ်သက်သော စက်တပ်ယာဉ်များ ပြေးဆွဲနိုင်ရေးအတွက်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ
ကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြေးဆွဲသွားလာခွင့်ပြုရန်၊
(ဋ) ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များ သွားလာမှုစံသတ်မှတ်
ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်၊
(ဌ) ကုန်တင်ကုန်ချဆိပ်ကမ်းများကို ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ရန်၊
(ဍ) Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီနှင့်
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များကို
တိကျစွာလိုက်နာရန်။
၃။ အထက်ပါစည်းကမ်းချက်များအား လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ သွားမည်ဖြစ်ပါသည်။