
ရန်ကုန် ဖေဖော်ဝါရီ ၉
အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင် မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြုသင်တန်း ကျောင်းဖြစ်သည့် Yun Nadi Oo Vocational Training Center သို့ ကွင်းဆင်းကြည့်ရှုအားပေး သည်။
ထိုသို့ကြည့်ရှုစဉ် သင်တန်း ကျောင်းတာဝန်ခံက Yun Nadi Oo Vocational Training Center ဆိုင်ရာ အချက်အလက်များ၊ အခြေခံမော်တော်ယာဉ်စက်ပြင် သင်တန်းနှင့် အဆင့်မြင့်မော်တော် ယာဉ် စက်ပြင်သင်တန်းများ ဖွင့်လှစ်ပြီး စာတွေ့၊ လက်တွေ့ သင်ကြားပို့ချနေမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မော်တော် ယာဉ် စက်ပြင်သင်တန်းကို သင်တန်း ကိုးကြိမ် ဖွင့်လှစ်ပြီး သင်တန်းသား ၂၂၅ ဦးခန့် မွေးထုတ် ပေးရန် လျာထားမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး က အလုပ်သမားဝန်ကြီးဌာနအနေ ဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ် ခြင်းနှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေး ချိတ်ဆက် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း၊ Yun Nadi Oo Vocational Training Center အနေဖြင့် အခြေခံမော်တော်ယာဉ် စက်ပြင်သင်တန်း ပို့ချရာတွင် သင်တန်းဆင်းများကို ယုံကြည်မှု တည်ဆောက်၍ ပြည်တွင်း၌ သာမက ပြည်ပအထိ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် အရည်အသွေးပြည့်ဝ၍ ခေတ်နှင့် လျော်ညီသော သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်နှင့် သင်တန်း ဆင်းများ လုပ်ငန်းခွင်တွင် လက် တွေ့အသုံးချနေမှုကို ပြန်လည် အကြောင်းကြားစေပြီး ဖြည့်ဆည်း သင်ကြားပေးရန်တို့ကို မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်