
ကိုဘုန်း
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့သည် အလုပ်သမားများအနေဖြင့် မိမိတို့၏ အခွင့်အရေးကိုသိရှိကာ မိမိတို့အခွင့်အရေးအတွက် မိမိတို့ကိုယ်တိုင် တောင်းဆိုတိုက်ပွဲ ဝင်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အလုပ်သမားထုကြီး၏ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့ရသည့် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)သည် တန်ဖိုးထားအပ်သော သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် မေလ ၁ ရက်ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် အခမ်းအနားများကျင်းပကြပြီး မိမိတို့ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့အလုပ်သမားနေ့ကို ၁၉၃၈ ခုနှစ် မေလ ၁ ရက်မှစတင်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် မရှိမဖြစ်အရေးပါသည့် အဓိက စွမ်းအားစုကြီးဖြစ်သော အလုပ်သမားကြီးများအား ဂုဏ်ပြုကြသည့်အနေဖြင့် နှစ်စဉ်ကျင်းပခဲ့ကြရာ ယခု ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် (၈၆) ကြိမ်မြောက်သို့ပင် ရောက်ခဲ့ပြီဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ
အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံ
မေလ ၁ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့ဟု သတ်မှတ် ခြင်းမှာ ၁၈၈၆ ခုနှစ် မေလ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ချီကာဂိုမြို့မှ ဟေးမတ် ကတ် အရေးအခင်းကို ဂုဏ်ပြုခြင်းဖြစ် သည်။ ယင်းအရေးအခင်း၌ တစ်နေ့ အလုပ်ချိန် ရှစ်နာရီ သတ်မှတ်ရေးအတွက် အထွေထွေသပိတ် ဖြစ်ပွားစဉ်အတွင်း ရဲတပ်ဖွဲ့က လူစုခွဲရန် ကြိုးပမ်းရာ အမည်မသိလူတစ်ဦးက ရဲတပ်ဖွဲ့အတွင်း သို့ ဗုံးတစ်လုံး ပစ်ပေါက်ကာခွဲခဲ့သည်။ ရဲတပ်ဖွဲ့က ပြန်လှန်ပစ်ခတ်သောကြောင့် ဆန္ဒပြသူအလုပ်သမား လေးဦး သေဆုံး ခဲ့ရသည်။ ထို့ကြောင့် မေဒေးခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ သည် အလုပ်သမားများအနေဖြင့် မိမိတို့၏အခွင့်အရေးကိုသိရှိကာ မိမိတို့ အခွင့်အရေးအတွက် မိမိတို့ကိုယ်တိုင် တောင်းဆိုတိုက်ပွဲဝင်ရာမှ ပေါ်ပေါက်လာ ခြင်းဖြစ်သည်။ ထို့အတူ အလုပ်သမား တို့၏ အခွင့်အရေးကို ကာကွယ်ပေးရန် အတွက် အလုပ်သမားသမဂ္ဂများလည်း ကမ္ဘာအနှံ့အပြား၌ ပေါ်ထွန်းလာခဲ့ရ သည်။
၁၈၈၇ ခုနှစ်တွင် အော်ရီဂွန်ပြည်နယ် သည် အလုပ်သမားနေ့ကို တရားဝင် အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်သော အမေရိကန် ပြည်ထောင်စု၏ ပထမဆုံးပြည်နယ် ဖြစ်လာသည်။ ၁၈၈၉ ခုနှစ် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပခဲ့သည့် အပြည်ပြည် ဆိုင်ရာ ဆိုရှယ်လစ်တို့၏ ဒုတိယညီလာခံ ၌ မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမား နေ့ဟု သတ်မှတ်ပေးခဲ့ကြပြီး ၁၈၉၀ ပြည့်နှစ် မေလ ၁ ရက်နေ့မှစတင်ပြီး ကမ္ဘာတစ်ဝန်းမှာ အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများ ပထမဆုံးကျင်းပခဲ့ ကြသည်။ ၁၈၉၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုတွင် ပြည်နယ်ပေါင်း ၃၀ က အလုပ်သမားနေ့ကို တရားဝင် ကျင်းပလာခဲ့သည်။
အလုပ်သမားနေ့နှင့် နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက်
ယခုအချိန်တွင် ကမ္ဘာ့အလုပ်သမား နေ့ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း များစွာတွင် အများပြည်သူရုံးပိတ်ရက် အဖြစ် သတ်မှတ်ထားကြသည်။ မြန်မာ နိုင်ငံတွင် ၁၉၁၆-၁၉၁၇ ခုနှစ်တွင် ရေနံချောင်းဘီအိုစီ ရေနံမြေသပိတ်၊ ၁၉၁၈-၁၉၁၉ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ စာရေး ၂ဝဝ ခန့်က ရှောင်တခင်ခွင့်နှင့် လုပ်သက်ခွင့်ရရေးတို့အတွက် သပိတ် မှောက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ၁၉၃၈ ခုနှစ်မှစတင်ပြီး အလုပ်သမားနေ့ (မေဒေး)ကို ကျင်းပနိုင်ခဲ့သည်။ မြန်မာ နိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ် ရေးရခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်၊ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာ ကာ မေဒေးနေ့ကို တရားဝင်ရုံးပိတ်ရက် အဖြစ် ပြဋ္ဌာန်းခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ တက်လာပြီး ၁၉၆၃ ခုနှစ်တွင် ပြည်သူ့အလုပ်သမားကောင်စီကို ဖွဲ့စည်း ခဲ့သည်။
ကမ္ဘာပေါ်ရှိ လူသားအလုပ်သမား များကို အမျိုးအစားခွဲခြားကြည့်လျှင် ကာယအလုပ်သမားနှင့် ဉာဏအလုပ် သမားဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားတွေ့နိုင် မည်ဖြစ်သည်။ မြန်မာအဘိဓာန်တွင် လည်း အလုပ်သမားဟူသည် မိမိအသက် မွေးမှုအတွက် ကာယအား၊ ဉာဏအားကို အသုံးပြု၍ အလုပ်လုပ်သူဟူ၍ ဖွင့်ဆို ထားသည်။ အလုပ်လုပ်ရာ၌ မိမိအသက် မွေးမှုအတွက် မိမိအလုပ်ကို ကိုယ်တိုင် လုပ်ခြင်းနှင့် သူတစ်ပါး၏အလုပ်ကို လုပ်အားခယူ၍ လုပ်ခြင်းဟူ၍ အလုပ် နှစ်မျိုးရှိသည်။ မည်သို့ပင်ဖြစ်စေ ကာယ၊ ဉာဏ အလုပ်သမားများသည် မိမိတို့ဘဝ ရပ်တည်ရှင်သန်ရေးအတွက် ကာယ အား၊ ဉာဏအားများကိုရင်းကာ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စေတနာတို့ဖြင့် ပေးဆပ်နေကြ သူများ ဖြစ်သည်ဟု ဆိုနိုင်သည်။
လူတစ်ယောက်သည် အနည်းဆုံး အလုပ်အကိုင်တစ်ခုတော့ ရှိရမည် ဖြစ်သည်။ ‘‘အလုပ်မရှိက ဘဝ မရှိနိုင်’’ ‘‘ဘဝကို အလုပ်ဖြင့် တည်ဆောက် ရမည်’’ဟူသော ဆောင်ပုဒ်များသည် အလုပ်၏ အရေးကြီးပုံကို ဖော်ပြထား ခြင်းဖြစ်သည်။ အလုပ်ရှိမှသာ ဘဝတိုးတက်မှုကို ဖြစ်စေနိုင်မည်ဖြစ်ပြီး ဘဝရပ်တည်ရေးအတွက် အဆင်ပြေ မည်ဖြစ်သည်။ ထို့ကြောင့် လူသားနှင့် အလုပ်အကိုင်၊ အလုပ်အကိုင်နှင့် လူသားသည် ယှဉ်တွဲ၍ နေရမည်သာ ဖြစ်သည်။
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ အခြေခံလူတန်းစား နှစ်ရပ်ဖြစ်သော တောင်သူလယ်သမားနှင့် အလုပ်သမား တို့၏ လုပ်အားကို တန်ဖိုးထားဖော်ထုတ် လျက်ရှိသည်။ အလုပ်သမားများကိုလည်း ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ လုပ်ငန်းခွင်စည်းကမ်းထိန်းသိမ်းရေး၊ အလုပ်လုပ် သလောက် အကျိုးခံစားခွင့်ရရှိရေး အတွက် အားပေးလျက်ရှိသည်။ အလုပ် သမားတို့အတွက် ရပိုင်ခွင့်နှင့် တာဝန် သည် ကွဲကွဲပြားပြား ထင်ရှားပေါ်လွင် လာပြီဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ရေး၊ သွင်းကုန်တင်သွင်းသည့် နိုင်ငံအဖြစ်မှ ပို့ကုန်တင်ပို့သည့်နိုင်ငံ ဖြစ်လာစေရေး၊ အခြေခံပညာကဏ္ဍ မြှင့်တင်နိုင်ရေး၊ အရည်အချင်းပြည့်ဝ သည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ အရည်အသွေးရှိသည့်ကျွမ်းကျင်လုပ်သားများမွေးထုတ် ပေးနိုင်ရေး၊ ကျေးလက်ဒေသတွင် သက်မွေးဝမ်းကျောင်း သင်တန်းများ ပေးနိုင်ရေး၊ MSME လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခြင်း ဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့် အရေးများ ရရှိရေးတို့အတွက် လိုအပ် သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေး လျက်ရှိပါသည်။
သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်
အလုပ်သမား ဝန်ကြီးဌာနသည် အလုပ်သမားရေးရာဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ ၌ အရည်အချင်းပြည့်ဝသော လုပ်သား အင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရေးတို့အတွက် အလုပ် သမားဝန်ကြီးဌာနသည် ရည်မှန်းချက် များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် တည်ငြိမ်အေးချမ်း သည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့် များရရှိစေရန် စည်းကြပ်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ရရှိခံစားမှုလျော့နည်း ကျဆင်းရေး၊ ပြည်တွင်း၊ ပြည်ပတို့၌ သင့်လျော်ကောင်းမွန်သည့် အလုပ် အကိုင်ရရှိစေရေးနှင့် ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှု ဖြစ်ပေါ်စေရေး၊ လုပ်သားထု၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန် လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုဖူလုံရေး အာမခံအလုပ်သမားများအတွက် လူမှု အကာအကွယ်နှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့် လူမှုဖူလုံရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုများကို သက်ဆိုင်ရာ ဥပဒေ နှင့်အညီ ညှိနှိုင်းဖျန်ဖြေဆောင်ရွက်ပေး ရေး၊ အလုပ်သမားရေးရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အလုပ်သမားဈေးကွက်ဆိုင်ရာ သတင်း အချက်အလက်များ စုဆောင်းပြုစုရေး၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော် အစိုးရမှ ချမှတ်ပေးသည့်မူဝါဒ၊ လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်သွားရေး တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် စီးပွားရေးဆိုင်ရာ ဦးတည် ချက်များဖြစ်သည့် ဈေးကွက်စီးပွားရေးစနစ်တည်ငြိမ်အောင် ဖော်ဆောင်နိုင်ရေး၊ နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်ရေးတို့တွင် အလုပ်သမားစွမ်းအားစုကြီး၏ အကောင် အထည်ဖော်နိုင်မှုအပေါ် များစွာမူတည် နေကြောင်း တွေ့ရှိရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အလုပ်သမားများနှင့် အလုပ်ရှင်များ၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ နှစ်ဦးနှစ်ဖက် မျှတသည့် အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှု များရရှိစေရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အာဆီယံဒေသတွင်း အကောင်အထည် ဖော် ဆောင်ရွက်နေသည့် အာဆီယံ စီးပွားရေးအသိုက်အဝန်း လမ်းပြမြေပုံပါ ကျွမ်းကျင်အလုပ်သမားများ လွတ်လပ် စွာ ရွှေ့ပြောင်းသွားလာမှု အစီအစဉ်အရ အလုပ်သမား ဈေးကွက်ယှဉ်ပြိုင်မှု ပိုမိုမြင့်မားလာမည်ဖြစ်၍ နိုင်ငံတွင်း သာမက အာဆီယံဒေသတွင်းရှိ အလုပ် သမားများနှင့်ပါ ယှဉ်ပြိုင်ရမည့်အပြင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံ အတွင်း ဝင်ရောက်လာပါက သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်မှုများ တိုးတက် နေစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
လုပ်သားအင်အားကို စနစ်တကျနှင့် အကျိုးရှိစွာ အသုံးချ
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်သားအင်အားကို စနစ်တကျနှင့် အကျိုးရှိစွာ အသုံးချ နိုင်ရန် အရေးကြီးပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မဟာဗျူဟာရေးဆွဲ ခြင်း၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ သာတူညီမျှအခွင့်အရေးများနှင့် စီးပွား ရေးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် လူမှုဘဝတိုးတက်မှုတို့ကို တွန်းအားပေး ရန်အတွက် အရည်အချင်းများကို ထိရောက်စွာ အသုံးချခြင်းများ ပါဝင် သည်။
အမှန်တကယ် အလုပ်လုပ်နိုင်သူ များကို သင့်တော်ကောင်းမွန်သည့် လုပ်ငန်းခွင်များ၌ နေရာချထားပေး ခြင်းဖြင့် အလုပ်သမားများအတွက် လုပ်ခဝင်ငွေများရရှိနိုင်ပြီး အလုပ်သမား များ၏ ဆင်းရဲမှုကို လျှော့ချပေးနိုင်ပါ သည်။ တစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းများကို သင့်လျော်သော အလုပ်အကိုင်များနှင့် ကိုက်ညီစေခြင်း သည် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေး ပြီး အလုပ်သမားများသည် စီးပွားရေးကို အကျိုးပြုနိုင်သည်။ ဤနည်းလမ်းသည် လုပ်သားအင်အား၏ အလားအလာကို အပြည့်အဝအသုံးချခြင်းဖြင့် စီးပွားရေး တိုးတက်မှုနှင့် တည်ငြိမ်မှုကိုလည်း မြှင့်တင်ပေးပါသည်။
စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင် ရည်ထက်မြက်သည့် ကျွမ်းကျင်လုပ်သား များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာရန် အရေးကြီးပါသည်။ ပြည့်စုံသော သက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံခြင်း၊ စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း များ ပေးဆောင်ခြင်း၊ လမ်းညွှန်မှုနှင့် အလုပ်သင်အစီအစဉ်များကို ကမ်းလှမ်း ခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာ ရှင်းလင်းသော စံနှုန်းများနှင့် အကဲဖြတ်ချက်များကို ချမှတ်ခြင်းတို့သည် အရေးကြီးပါသည်။ ပညာရေးအဖွဲ့အစည်းများ၊ အလုပ်ရှင် များနှင့် အစိုးရအေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်ခြင်းသည် စက်မှု လုပ်ငန်းလိုအပ်ချက်များနှင့် လေ့ကျင့် သင်ကြားမှုကို ချိန်ညှိပေးပြီး သင်ကြား သည့် ကျွမ်းကျင်မှုဆိုင်ရာ ဆက်စပ်မှု ရှိစေရန် ကူညီပေးနိုင်ပါသည်။
ခေတ်မီနိုင်ငံတော် တည်ဆောက်ရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်သော အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ခိုင်မာ စေရေးသည် အမှန်တကယ်ပင် အခြေခံ ကျပါသည်။ ငယ်ရွယ်စဉ်ကလေးဘဝမှ အထက်တန်းပညာရေးအထိ အဆင့် တိုင်းတွင် ပညာရေးတွင် ရင်းနှီးမြှုပ်နှံ ခြင်း၊ တစ်သက်တာသင်ယူမှု အခွင့် အလမ်းများ မြှင့်တင်ခြင်း၊ ကျွမ်းကျင်မှု တည်ဆောက်ခြင်း အစပျိုးခြင်းများကိုပံ့ပိုးပေးခြင်း၊ ဆန်းသစ်တီထွင်မှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေး ခြင်းနှင့် နိုင်ငံသားအားလုံးအတွက် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များ တန်းတူရရှိစေရေးတို့ ပါဝင်သည်။ ထို့အပြင် အလုပ်အကိုင်ဖန်တီးမှု၊ စွန့်ဦး တီထွင်မှုတို့ကို ပံ့ပိုးပေးသည့် မူဝါဒများ သည် လူသားအရင်းအနှီး၏ အလားအလာ ကို အမြင့်ဆုံးမြှင့်တင်ရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို မောင်းနှင်ရန် အတွက် အရေးကြီးပါသည်။
အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီး
အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ခြင်းဖြင့် မြန်မာအလုပ် သမားထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုး တိုးတက်စေရေးကို များစွာအထောက် အကူဖြစ်စေပါသည်။ စွန့်ဦးတီထွင်မှု မြှင့်တင်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှု၊ အခြေခံအဆောက်အဦ ပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံမှု၊ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးအစီအစဉ်များတိုးမြှင့်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SME) တို့ကို ပံ့ပိုးပေးခြင်းတို့အပြင် အဆင်ပြေ သော စီးပွားရေးပတ်ဝန်းကျင်ကို မွေးမြူ ပြီး အားလုံးပါဝင်သော မူဝါဒများကို မြှင့်တင်ခြင်းသည်လည်း မြန်မာနိုင်ငံ အလုပ်သမားများ၏ အလုံးစုံသော ဘဝအရည်အသွေးကို မြှင့်တင်ရန် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးရာတွင် လည်း အထောက်အကူ ဖြစ်စေပါသည်။
အလုပ်သမားများအတွက် လုပ်ငန်း ခွင် အေးချမ်းသာယာ၍ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ် သင့်တော်ကောင်းမွန်သော လုပ်ငန်းခွင် များ ဖန်တီးပေးရမည်ဖြစ်သည်။ အလုပ်သမားများအတွက် ငြိမ်းချမ်း၊ လုံခြုံ၊ ကျန်းမာပြီး သင့်လျော်သော လုပ်ငန်းခွင်တစ်ခု ဖန်တီးရန် ကျယ်ကျယ် ပြန့်ပြန့် ချဉ်းကပ်မှုလိုအပ်ပါသည်။ ၎င်းတွင် အလုပ်သမားဥပဒေနှင့် စည်းမျဉ်းများ ပြဋ္ဌာန်းခြင်း၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးကင်းရေးစံနှုန်း များကို အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်းခွင်ဘေးကင်းရေး အလေ့အကျင့် များဆိုင်ရာ လေ့ကျင့်ပေးခြင်း၊ လေးစားမှု နှင့် ယဉ်ကျေးမှုကို မြှင့်တင်ခြင်း၊ ခွဲခြား ဆက်ဆံခြင်းနှင့် နှောင့်ယှက်ခြင်းဆိုင်ရာ ပြဿနာများကိုဖြေရှင်းခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုများကို ပေးဆောင်ခြင်းနှင့် မျှတသော လျော်ကြေးနှင့် အကျိုးကျေးဇူးများ ရရှိစေရေးတို့ ပါဝင်ပါသည်။
အလုပ်သမားများအား အကာအကွယ် ပေးနိုင်မည့် ခိုင်မာသောဥပဒေများကို ခေတ်စနစ်နှင့် အညီ ပြင်ဆင်ဆောင်ရွက် ပေးရမည်။ ၎င်းတွင် မျှတသော လုပ်ခ လစာ၊ ဘေးကင်းလုံခြုံသော လုပ်ငန်း ခွင်အခြေအနေ၊ သင့်လျော်သော အလုပ်ချိန်၊ ခွဲခြားဆက်ဆံမှု၊ နှောင့်ယှက် မှုမှ အကာအကွယ်ပေးခြင်းနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် အခကြေးငွေ ပေးဆောင်ခွင့်ကဲ့သို့သော အကျိုးကျေးဇူး များကို ရရှိစေရေးတို့ ပါဝင်ရပါမည်။ ထို့အပြင်ဥပဒေများကို လိုက်လျော ညီထွေဖြစ်အောင် ပြင်ဆင်ခြင်းသည် အလုပ်သမားများကို အကာအကွယ်ပေး ရာတွင် မရှိမဖြစ်လိုအပ်ပါသည်။
လူမှုဖူလုံရေးစီမံကိန်းများ ချမှတ်
အလုပ်သမားများအတွက် အမှန် တကယ် အကျိုးဖြစ်ထွန်းစေမည့် လူမှုဖူလုံရေးစီမံကိန်းများကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရ ပါမည်။ အလုပ်သမားများ၏ လိုအပ်ချက် များကို တိုက်ရိုက်ဖြေရှင်းနိုင်သော လူမှုဖူလုံရေးစီမံကိန်းများ ထူထောင်ခြင်း နှင့် အကောင်အထည်ဖော်ရာတွင် အလုပ်သမားများ ရင်ဆိုင်နေရသော သီးခြားလိုအပ်ချက်များနှင့် စိန်ခေါ်မှု များကို နားလည်ရန် စေ့စေ့စပ်စပ် သုတေသနနှင့် စစ်တမ်းများကိုပြုလုပ် ခြင်း အလုပ်သမားသမဂ္ဂများ၊ အခြား သော သက်ဆိုင်သူများနှင့် ထိတွေ့ ဆက်ဆံပြီး အကြံဉာဏ်များ စုဆောင်း ကာ အလုပ်သမားများ၏ ဦးစားပေး များနှင့် ကိုက်ညီမှု ရှိ မရှိ သေချာစေရန် တိုင်ပင်ဆွေးနွေးခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပညာရေးနှင့် အသိပညာပေးခြင်း ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံမှု၊ အငြိမ်းစားခံစားခွင့် များ၊ အလုပ်လက်မဲ့အာမခံ၊ မသန်စွမ်းမှု ဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ကလေးထိန်း ကူညီမှု စသည့်ကဏ္ဍပေါင်းစုံပါဝင်သော လူမှုဖူလုံရေးစီမံကိန်းများကို အသေးစိတ် အစီအစဉ်ကို ရေးဆွဲဖော်ဆောင် လုပ်ကိုင်ပြီး ထိရောက်မှုကို အဆက် မပြတ် စောင့်ကြည့်ကာ အလုပ်သမား အင်အားစု၏ တုံ့ပြန်ချက်နှင့် တိုးတက် ပြောင်းလဲနေသော လိုအပ်ချက်များ အပေါ် အခြေခံ၍ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သင့် ပါသည်။
ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်
အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာ ကိစ္စရပ်များတွင် ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရပါမည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် ပုံမှန် အားဖြင့် သတင်းအချက်အလက်မျှဝေ ခြင်း၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီ ပြီး ဒေသဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် အလုပ်သမားမူဝါဒ များ၊ စည်းမျဉ်းများ ရေးဆွဲခြင်း နှင့် အကောင်အထည်ဖော်ခြင်းအပေါ် ပူးပေါင်းဆောင်ရွက်ခြင်း၊ အလုပ်သမား များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရ များက သင်တန်းများ၊ အလုပ်ရုံများနှင့် နည်းပညာအကူအညီများကို ပံ့ပိုးပေး ခြင်း၊ အလုပ်သမားများ၏ အခွင့်အရေး၊ မျှတသောလုပ်ခလစာ၊ လုံခြုံသော လုပ်ငန်းခွင်အခြေအနေများနှင့် ကမ္ဘာလုံး ဆိုင်ရာ (သို့မဟုတ်) ဒေသဆိုင်ရာအဆင့် တွင် လူမှုတရားမျှတမှုအတွက် အတူ တကွ လုပ်ဆောင်ခြင်း၊ လူကုန်ကူးမှုနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တာဝန်များကဲ့သို့သော နယ်စပ် ဖြတ်ကျော် အလုပ်သမားပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့ ဆောင်ရွက် ရပါမည်။
မြန်မာ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေး ရာတွင် လူနေမှုစရိတ်၊ စီးပွားရေးအခြေ အနေ၊ အလုပ်သမားစျေးကွက် တက်ကြွ မှုနှင့် လူမှုဖူလုံရေး စသည့်အချက် အမျိုးမျိုးကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ တရားမျှတပြီး ထိရောက်မှုရှိစေရန်အတွက် အလုပ်ရှင် များ၊ အလုပ်သမားများနှင့် အစိုးရ ကိုယ်စားလှယ်များ အပါအဝင် သက်ဆိုင် သူများနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါ သည်။ ထို့အပြင်၊ စီးပွားရေးအခြေအနေ များနှင့် လူနေမှုအဆင့်အတန်းဆိုင်ရာ ပြောင်းလဲမှုများအတွက် အချိန်အခါ အလိုက် ပြန်လည်သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲမှုများ လိုပါသည်။ ထို့အပြင် အလုပ်အကိုင်အဆင့်၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အလားအလာရှိသော အကျိုးသက်ရောက်မှုများကို ထည့်သွင်း စဉ်းစားခြင်းသည် အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက် များကို မျှတစေမည့် သင့်လျော်သော အနည်းဆုံးအခကြေးငွေကို ဆုံးဖြတ်ရာ တွင် မရှိမဖြစ်လိုအပ်ပါသည်။
ယခုအချိန်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားရမည့် အချိန်ဖြစ်ရာ နိုင်ငံတော် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ လက်တွဲ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး အမြန်ဆုံးပြန်လည် ခိုင်မာ အားကောင်းလာမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍများပါ တစ်ပြိုင်တည်း တိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်ထွန်းလာစေရေး အတွက် အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် နားလည်မှုရှိရှိဖြင့် လက်တွဲကြိုးပမ်း ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်းကို မေလ ၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ အလုပ်သမားနေ့ကို ဂုဏ်ပြု၍ ရေးသား အပ်ပါသည်။ ။
- Log in to post comments