
နေပြည်တော် အောက်တိုဘာ ၄
CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်ရေးကော်မတီဝင် ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်းနှင့် အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
စီးပွားရေးလုပ်ငန်းများ
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမား ဝန်ကြီးဌာနမှ အလုပ်ရှင်နှင့် အလုပ်သမားများ လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်း စုံမှ ကူညီဆောင်ရွက်ပေးနေကြောင်း၊ မြန်မာနိုင်ငံ တွင် အလုပ်အကိုင်အခွင့်အလမ်းများ အများဆုံး ဖော်ဆောင်ပေးပြီး ပြည်ပဝင်ငွေရှာဖွေပေးနေသည့် CMP လုပ်ငန်းများသည် မြန်မာလုပ်သားထုနှင့် မြန်မာနိုင်ငံသားများအတွက် ရေတို၊ ရေရှည်အကျိုး ဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ကြောင်း။
CMP စက်ရုံများရှိသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး / ပြည်နယ်များတွင် မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့အစည်းများ ဖွဲ့စည်းပြီးဖြစ်၍ သက်ဆိုင်ရာ နယ်မြေအလိုက် ကိုဗစ်-၁၉ ရောဂါ သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရေး စနစ်တကျ ကြပ်မတ်ရန်လိုကြောင်း၊ CMP ဆက်စပ် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုကို အသိအမှတ်ပြုကြောင်း။
ပြန်လည်အသုံးပြုနိုင်ရေး
ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ပေါ် နေသည့် အလုပ်သမားများကို New Normal အခြေ အနေနှင့်အညီ အသစ်ဖွင့်လှစ်လုပ်ကိုင်သည့် စက်ရုံ များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများ၏ ကျွမ်းကျင်မှု၊ နည်းပညာများနှင့် ကိုက်ညီသည့် အလုပ်အကိုင်ရရှိရေးနှင့် နည်းပညာများကို သင့်လျော် သည့်နေရာများတွင် ပြန်လည်အသုံးပြုနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရန်လိုကြောင်း။
CMP စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်များနှင့် အလုပ်သမားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန နှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန် လိုအပ်ပြီး ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာရေး လုပ်သားထုကို လေ့ကျင့်ပညာပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာ နိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာ နိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့မှာ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ အထောက်အကူ ပြုဆပ်ကော်မတီ ၃ ရပ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေ သည့်အတွက် CMP စနစ်ဖြင့် စနစ်တကျ ဆောင်ရွက် ရေး စာရင်းဇယားများ စနစ်တကျထားရှိရေး၊ အမှာစာနှင့်အညီ ကုန်ကြမ်းနှင့်ထုပ်ပိုးပစ္စည်း တင်ပို့မှု၊ ကုန်ချောတင်ပို့မှု၊ CMP လုပ်ခရရှိမှုတို့ကို စစ်ဆေးကြီးကြပ်ခြင်း၊ CMP လုပ်ခများကို ဘဏ်သို့ ပေးသွင်းခြင်း ရှိ/ မရှိ၊ သွင်းကုန်၊ ပို့ကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ စစ်ဆေးကြီးကြပ် ခြင်း၊ ပြည်ပသို့ ပြန်လည်တင်ပို့ရမည့် ကုန်ချော အရေအတွက် မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးကြီးကြပ် ခြင်းကို အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် ပေးရန် မှာကြားလိုကြောင်း။
ထိုးနှံပေးနိုင်ခဲ့
ကျန်းမာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီး ဌာန၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် ကုန်ထုတ်စွမ်းအား အရှိန်အဟုန်မပျက် စေရေး ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်ခွင်ထိခိုက်မှု နည်းပါးစေရေးနှင့် အလုပ်သမားများ ကျန်းမာရေး အတွက် စက်ရုံ၊ အလုပ်ရုံများတွင် ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ ဩဂုတ် ၁၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ပြီးသည့် ဦးရေ ၅၂၂၅၉၀၊ ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံပြီးသည့် ဦးရေ ၁၃၄၉၉၇ ဦးတို့ကို ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ CMP လုပ်ငန်းများကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့က ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်