
နေပြည်တော် မတ် ၁၉
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အညီ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်း၊ အမြဲတမ်း မသန်စွမ်း ဖြစ်ခြင်းတို့အတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးသည့် အခမ်းအနား ကို ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပရာ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာန ရန်ကုန် တိုင်းဒေသကြီး တာဝန်ခံများ တက်ရောက်ကြသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှု ဖူလုံရေးအဖွဲ့တွင် ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း အကျုံးဝင် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်၌ မှတ်ပုံတင်အလုပ်ဌာန ၃၃၇၇၆ ဌာနနှင့် အာမခံအလုပ်သမား ပေါင်း ၁၀၈၇၁၁၃ ဦးရှိသည်။
နိုင်ငံတစ်ဝန်းတွင် မြို့နယ် လူမှုဖူလုံရေးရုံး ၇၈ ရုံး ဖွင့်လှစ် ထားပြီး ရန်ကုန်တိုင်းဒေသကြီး၌ အလုပ်ဌာန ၁၃၄၀၇ ဌာနနှင့် အာမခံအလုပ်သမား ၇၅၈၃၂၄ ဦး ရှိ၍ အာမခံအလုပ်သမားများ အတွက် ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်းနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် လုပ်ငန်း ခွင်တွင် ထိခိုက်ဒဏ်ရာရမှု များအတွက် အကျိုးခံစားခွင့် များ ခွင့်ပြုထုတ်ပေးလျက်ရှိ သည်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပုဒ်မ ၂ (စ) နှင့်အညီ အာမခံ အလုပ်သမား တစ်ဦးသည် အလုပ်ရှင်၏ အကျိုးငှာ အလုပ်ခွင် အတွင်း (သို့မဟုတ်) အလုပ်ခွင် ပြင်ပနှင့် အလုပ်ခွင်သို့ အသွား၊ အပြန်၊ လမ်းခရီးတို့တွင် မတော် တဆ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့ ဖြစ်ပေါ်သည့်အခါ အလုပ်ခွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းများအတွက် အမြဲတမ်းမသန်စွမ်းမှု တစ်လုံး တစ်ခဲတည်း ငွေလုံးငွေရင်း အကျိုးခံစားခွင့်များ ထုတ်ပေး လျက်ရှိသည်။
ယနေ့ ကျင်းပသည့် အခမ်း အနားတွင် အလုပ်ခွင်အတွင်း (သို့မဟုတ်) အလုပ်ခွင် ပြင်ပနှင့် အလုပ်ခွင်သို့ အသွား၊ အပြန် လမ်းခရီးတို့တွင် မတော်တဆ သေဆုံးခဲ့သည့် အလုပ်သမား သုံး ဦးနှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရခဲ့သည့် အလုပ်သမား လေးဦး စုစုပေါင်း ခုနစ်ဦးတို့အတွက် အကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၄၃၃၂၈၅၂၀ ကို ဒုတိယဝန်ကြီးက ကာယကံရှင် အလုပ်သမားများနှင့် ကျန်ရစ်သူ မိသားစုများထံသို့ လက်ရောက် ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်