အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်

ရန်ကုန်   ဇန်နဝါရီ   ၁၈


ရန်ကုန်တိုင်းဒေသကြီး ကလေး အလုပ်သမား      ပပျောက်ရေး ကော်မတီ၊   ကလေးအလုပ်သမား       ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်       အခွင့်အလမ်းများ  ဖန်တီးပေးရေး   လုပ်ငန်းကော်မတီ၏    ဂဟေဆက် သင်တန်းဖွင့်ပွဲ   အခမ်းအနားကို ယနေ့နံနက် ၈ နာရီက   ရန်ကင်း မြို့နယ်   အမှတ်   (၁၃) ရပ်ကွက်ရှိ   ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း၌ ကျင်းပသည်။ 


အမှာစကားပြောကြား


ရှေးဦးစွာ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ         အလုပ် အကိုင်အခွင့်အလမ်းများ  ဖန်တီး ပေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး     ဦးဇော်ဝင်းက အဖွင့်အမှာစကား     ပြောကြား သည်။


အဆိုပါသင်တန်းကို လုပ်သား စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီ သော         အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုများ     ဖွံ့ဖြိုးတိုးတက် လာစေရန်     ဂဟေဆက်ခြင်း ဆိုင်ရာ     အတတ်ပညာများအား စာတွေ့/လက်တွေ့     စနစ်တကျ လေ့ကျင့် ပညာသင်ကြားပေးခြင်း ဖြင့်  လူငယ်လူရွယ်များအတွက်  သင့်တော်ကောင်းမွန်သော အလုပ် အကိုင်အခွင့်အလမ်းများ  ရရှိလာ စေရန်၊     အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု  စံချိန်စံညွှန်းများနှင့် အညီ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်      ထုတ်ပေးခြင်းစနစ် အကောင်အထည်    ဖော်နေမှုကို အထောက်အကူပြုနိုင်ရန်၊  ဂဟေ ဆက်       အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်သော  လုပ်သား  အရေ အတွက်    တိုးတက်များပြားလာ စေရန်ရည်ရွယ်၍    ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ရာ         သင်တန်းကာလမှာ ဇန်နဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ  တစ်လသင်တန်း  ဖွင့်လှစ်သွားမည်ဖြစ်ပြီး    ဂဟေ ဆက်နည်းဘာသာရပ်    ရှစ်မျိုး သင်ကြား   ပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။


လှလှထွေး(ပြန်/ဆက်)