
နေပြည်တော် နိုဝင်ဘာ ၁၇
သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာ အလံတစ်ရာ ကုန်းတော်တွင် တည်ထားကိုးကွယ်တော်မူသော အလံတစ်ရာ မဟာသောဏ္ဍာယ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ထီးတော် ပြန်လည် တင်လှူပူဇော်နိုင်ရေး နှင့် ဘက်စုံပြုပြင်မွန်းမံပြင်ဆင်နိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်း ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က စေတီတော်မြတ်ကြီး၏ ဓမ္မာရုံ၌ ကျင်းပရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီး များနှင့် အလှူရှင်များ တက်ရောက် ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ကရင်ပြည်နယ် မြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တ ဉာဏီက အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသော ပရိတ် တရားတော်များ နာယူကြည်ညို ခြင်း၊ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ထီးတော် ပြုပြင်မွန်းမံခြင်း၊ အသစ်ပြုလုပ် ခြင်းနှင့် မူလစေတီတော်အား ငုံ၍ ထပ်ပိုးပြုပြင်ခြင်း အခြေအနေ များနှင့် ပတ်သက်၍ သာသနာရေး ဆိုင်ရာများ ရှင်းလင်းလျှောက် ထားခြင်း၊ ဆရာတော်အရှင်မြတ် များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းကိုဆောင်ရွက်ကြသည်။
ထို့နောက် အလံတစ်ရာ မဟာ သောဏ္ဍာယ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ထီးတော် ပြန်လည်တင်လှူပူဇော် နိုင်ရေးနှင့် ဘက်စုံပြုပြင်မွန်းမံ ပြင်ဆင်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် ဝန်ကြီးများက အလှူငွေများ ထည့်ဝင်လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုအတွက် အနုမောဒနာ တရား နာယူကြည်ညိုပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် စေတီတော်မြတ် ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်အပူဇော်ခံထား ရှိရာ ဓမ္မာရုံတော်၌ ပြုပြင် မွမ်းမံခြင်းနှင့် အသစ်ပြုလုပ်ခြင်း များ ဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ ကြပြီး စေတီတော်မြတ်ကြီးကို လှည့်လည်ပူဇော်ကြသည်။
သတင်းစဉ်