အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော်   မေ  ၂၀


တပ်မတော်အနေဖြင့် ဆိုင်ကလုန်း မုန်တိုင်း မိုခါ(MOCHA)တိုက်ခတ် မှုကြောင့်     ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီ ကယ်ဆယ်ရေး     အဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး     လုပ်ငန်းများ ကို   ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် တပ်မတော်  (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် အလှူရှင်များက   လှူဒါန်းသည့်   စားသောက်ဖွယ်ရာများ၊   ကူညီ ထောက်ပံ့ရေးပစ္စည်းများ၊ အမျိုး သား     သဘာဝဘေးအန္တရာယ် ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီက  ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများ ကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များ ဖြင့်     ကူညီပို့ဆောင်ပေးလျက် ရှိသည်။


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ       ယနေ့တွင် သဘာဝဘေးဒဏ်သင့် ဒေသများ၌     ကူညီကယ်ဆယ် ရေးလုပ်ငန်းများနှင့်     ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးနိုင်ရေး     ကျန်းမာရေး ဝန်ကြီးဌာနမှ      ဝန်ထမ်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည် မြောင်းဝန်ကြီးဌာနမှ   ဝန်ထမ်း များ၊    ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊    စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး    ကွပ်ကဲမှု အောက်ရှိတပ်များမှ စစ်သည်များ နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ ပါဝင်သည့် အင်အား ၃၉ ဦးနှင့် တပ်မတော်   (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ဝန်ကြီးဌာနများနှင့် စေတနာရှင်      အလှူရှင်များက လှူဒါန်းသည့် အိမ်သာခွက်များ၊ အိမ်သာပိုက်များ၊ မိုးကာလိပ်များ၊ တာပေါ်လင်များ၊     ရေပိုက်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ် အထည်များ၊ လူ ၄၀ ဆံ့ မိုးကာတဲ များ၊ လူ ၁၀ ဦးဆံ့ မိုးကာတဲများ၊  ရေသန့်ဘူးများ၊  အာလူးအိတ်များ၊ ကြက်သွန်နီအိတ်များ၊   ကြက်သွန် ဖြူအိတ်များ၊ အခြားစားသောက် ဖွယ်ရာများနှင့် ကူညီကယ်ဆယ် ရေးပစ္စည်းများကို  တင်ဆောင်၍   နေပြည်တော်လေဆိပ်မှ စစ်တွေ လေဆိပ်သို့ တပ်မတော်လေယာဉ် ဖြင့်    ငါးကြိမ်     ပို့ဆောင်ပေးခဲ့ သည်။


အလားတူ ယနေ့တွင်လည်း တပ်မတော်   (ကြည်း၊ရေ၊လေ)မိသားစုများ၊  ရန်ကုန်တိုင်းစစ် ဌာနချုပ်၊         ဝန်ကြီးဌာနများ၊ စေတနာရှင်   အလှူရှင်များနှင့် အိန္ဒိယနိုင်ငံက     လှူဒါန်းသည့် ရေစက်များ၊ မီးဖိုချောင်သုံးပစ္စည်း များ၊      ရေသန့်စင်ဆေးပုံးများ၊ ရေသန့်စက်ပစ္စည်းများ၊ ရေပိုက် များ၊  မိုးကာလိပ်များ၊   အိမ်သာ ခွက်များ၊ ဆေးပစ္စည်းများ၊ ရွက်ဖျင် တဲများ၊ ချိန်းဆောများ၊ တစ်ကိုယ် ရေ    အသုံးအဆောင်ပစ္စည်းများ၊ ကြက်ဥဖာများ၊   ကြက်/ ဝက်အူ ချောင်းဖာများ၊ မီးစက်များ၊  အိမ် ဆောက်သံများ၊ တူရွင်းပြားများ၊ သံတူရွင်းများ၊   ခေါက်ဆွဲခြောက် ထုပ်များ၊ ရေတုန်ငင်များ၊ အဝတ် အထည်များ၊  ရေခဲသေတ္တာများ၊ CPL ကားတစ်စီး၊ ဘဲဥများ၊ အခြား စားသောက်ဖွယ်ရာများနှင့် ကူညီ ကယ်ဆယ်ရေး     ပစ္စည်းများကို တင်ဆောင်၍        ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ      စစ်တွေ လေဆိပ်သို့ တပ်မတော်လေယာဉ် များဖြင့် ခုနစ်ကြိမ်   ပို့ဆောင်ပေး ခဲ့သည်။


ထို့အတူ   ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊      စစ်လက်နက် ပစ္စည်း      ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ    တပ်များမှ စစ်သည် ၁၄ ဦး၊   စစ်ကိုင်းတိုင်း ဒေသကြီး  စစ်ကိုင်းမြို့ရှိ  မြန်မာ နိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်ရေးသင်တန်း ကျောင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၄၂ ဦးကို  ကူညီကယ်ဆယ်ရေး လုပ်ငန်းများ    ဆောင်ရွက်ရန် အတွက်   တံတားဦးလေဆိပ်မှ စစ်တွေလေဆိပ်သို့   ယနေ့တွင် တပ်မတော်လေယာဉ်ဖြင့်    လေး ကြိမ်   ပို့ဆောင်ပေးခဲ့ပြီး   ကူညီ ကယ်ဆယ်ရေး     လုပ်ငန်းများ လုပ်ဆောင်ရန်အတွက်    မြန်မာ နိုင်ငံ    ရဲတပ်ဖွဲ့ဝင်    စုစုပေါင်း ၆၀၀     ထိ        ပို့ဆောင်ပေးခဲ့ပြီးဖြစ် သည်။


အဆိုပါ တပ်မတော်လေယာဉ် များဖြင့် ရောက်ရှိလာသောပစ္စည်း များကို တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြကြောင်းနှင့် သက်ဆိုင် ရာသို့  ဆက်လက်ဖြန့်ဝေသွား မည်ဖြစ်ကြောင်း      သတင်းရရှိ သည်။        

          
  သတင်းစဉ်