အက်တမ်အနေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း လူမှုအကျိုးပြုလုပ်ငန်းတွင် ငွေကျပ် ၂၂၇၄ သန်း လှူဒါန်းခဲ့

 

နေပြည်တော်   ဇန်နဝါရီ     ၆


အက်တမ် (ATOM)    အနေဖြင့်   ၂၀၂၂ ခုနှစ် ဇွန်လ လုပ်ငန်းစတင်ချိန်မှစ၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန် အထိ  လူမှုအကျိုးပြုလုပ်ငန်းများအတွက် စုစုပေါင်း မြန်မာငွေကျပ်     ၂၂၇၄ သန်းကို   “ကတိမှသည် လက်တွေ့လုပ်ဆောင်ချက်များဆီသို့” ဆောင်ပုဒ်ဖြင့်   လှူဒါန်းခဲ့ကြောင်း သိရသည်။ 
ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသား  ချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှု များကို အက်တမ်၏ လူမှုအကျိုးပြုလုပ်ဆောင်ချက် များမှတစ်ဆင့် ပြည်သူ ၃၄၆၅၂၀ ကို  လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ပညာရေးကဏ္ဍတွင် ကျောင်းသား ကျောင်း သူ ၂၆၀၃  ဦးကျော် ပညာသင်ကြားနိုင်ရန်ရည်ရွယ်ပြီး မိဘမဲ့ ကလေးဂေဟာရှစ်ကျောင်းကို  အဆင့်မြှင့်တင်  ပြန်လည်တည်ဆောက်ခြင်းနှင့်  ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစဉ်များအတွက် မြန်မာငွေကျပ်  ၈၈၂ သန်း နှင့် ကျောင်းလေးကျောင်းရှိ ကျောင်းသား ကျောင်းသူ များအတွက် သတင်းအချက်အလက်နှင့်  ဆက်သွယ် ရေးနည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်း များ  (ICT Lab) ဆောင်ရွက်နိုင်ရန် မြန်မာငွေကျပ် ၇၂ သန်း မတည်လှူဒါန်းခဲ့သည်။  
ကျန်းမာရေးနှင့်ပတ်သက်၍ ၂၄ နာရီ ပိတ်ရက် မရှိ  အခမဲ့တယ်လီဖုန်းဖြင့်   လူဦးရေ  ၈၆၆၉၆ ဦးကို  ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကာ    အထူး သဖြင့် ဝေးလံခေါင်ဖျားသောဒေသများတွင် ကျန်းမာ ရေးဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်တွင် “မျှဝေခံစား အက်တမ်၏နှလုံး သား” ဆောင်ပုဒ်အောက်၌    အနာဂတ်မျိုးဆက်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပညာသင်ဆုများနှင့် သင်တန်းများကို  ပို့ချပေးသွားမည့် ပံ့ပိုးပျိုးထောင် ခြင်းများအပါအဝင်  လူမှုအကျိုးပြုလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အက်တမ် ၏  ဒုတိယအမှုဆောင်အရာရှိချုပ်   ဦးဝင်းပိုင်ကျော် ထံမှ သိရသည်။                

ဇော်ဘီ