
နေပြည်တော် နိုဝင်ဘာ ၂၅
အကြမ်းဖက်သမားများအနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှု နှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင် ကျောင်းများ၊ အများပြည်သူ နေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက် ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲ ခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ် များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီခွဲ ခန့်တွင် အကြမ်းဖက်သမားများက ရန်ကုန်မြို့မှ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ သို့ ပို့လွှတ်ရန် သွယ်တန်းထား သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အား မွန်ပြည်နယ် သထုံမြို့နယ် ညောင်ချောင်း ကျေးရွာအနီး အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပိုက်လိုင်း ပေါက်ကွဲပျက်စီးခဲ့ သည်။
အဆိုပါ ပိုက်လိုင်းပေါက်ကွဲ ပျက်စီးမှုကြောင့် ရန်ကုန်မြို့ရှိ လှော်ကား ဓာတ်အားပေးစက်ရုံ သည် ရပ်တန့်ခဲ့ရသဖြင့် ၅၅ မဂ္ဂါ ဝပ်ဆုံးရှုံးခဲ့ရပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကျဆင်းခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မွန် ပြည်နယ်နှင့် ကရင်ပြည်နယ် တို့ရှိ ပြည်သူများ အသုံးပြုရန် အတွက် လျှပ်စစ်ဓာတ်အားကို လျော့နည်း၍ ဖြန့်ဖြူးခဲ့ရသည်။ ပိုက်လိုင်းပျက်စီးခဲ့သည့် နေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးဆောင်ရွက်လျက်ရှိသည်။
အလားတူ မြိုင်ကလေး ဓာတ်ငွေ့ ထိန်းဖြန့်စခန်းမှ တစ်ဆင့် Gas Turbine(သထုံ) သို့ ဓာတ်ငွေ့ ပို့လွှတ်လျက်ရှိသော ပိုက်လိုင်းအား နိုဝင်ဘာ ၁၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်ကျန်အုပ်စု ဆယ်မိုင်ကုန်း ကျေးရွာအနီးတွင် အကြမ်းဖက် သမားများက မိုင်းထောင်ဖောက် ခွဲခဲ့သဖြင့် ပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ပိုက်လိုင်းပေါက်ကွဲမှု ကြောင့် Gas Turbine(သထုံ) သည် ရပ်ဆိုင်းခဲ့ရသဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုကျဆင်း ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မော်လမြိုင်မြို့နယ်နှင့် သထုံမြို့ နယ်တို့ရှိ ဒေသများမှ ပြည်သူများ ထံသို့ လျှပ်စစ်ဓာတ်အားကို လျော့နည်း၍ ဖြန့်ဖြူးခဲ့ရသည်။ ပိုက်လိုင်းပျက်စီးခဲ့သည့်နေရာသို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ဝန်ထမ်းများက ကွဲအက် သည့်ပိုက်လိုင်းများအား အမြန် ဆုံး ပြုပြင်ဆောင်ရွက်ခဲ့ရာ နိုဝင် ဘာ ၁၈ ရက်တွင် ပြန်လည် ဆောင်ရွက်ပြီးစီးခဲ့သဖြင့် Gas Turbine(သထုံ) သို့ ဓာတ်ငွေ့များ ပုံမှန်အတိုင်း ပြန်လည်ပို့လွှတ် ဖြန့်ဖြူးနိုင်ခဲ့ကြောင်း သိရှိရ သည်။
ထိုသို့ အကြမ်းဖက်သမား များ၏ စစ်ရေးနှင့်မသက်ဆိုင်သည့် အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ များစွာထိခိုက်နစ်နာမှု ဖြစ်ပေါ် ခဲ့ရကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် အကြမ်း ဖက်မှုချေမှုန်းရေး စစ်ဆင်ရေးကို ပြည်သူလူထုနှင့် ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်