
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်
ကယားပြည်နယ်၏ ပညာရေးကဏ္ဍတွင် အရေးပါဆုံးနေရာဖြစ်သည့် လွိုင်ကော်တက္ကသိုလ်အား နိုဝင်ဘာ(၁၃)ရက်နှင့် နိုဝင်ဘာ(၁၄)ရက်တို့တွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်း သူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး ယင်းတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် ပညာရေးဆိုင်ရာအဆောက်အဦများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား ထိခိုက်စေသည့် အတွက် အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)