အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

 

 

နေပြည်တော်   ဖေဖော်ဝါရီ  ၁
အကြမ်းဖက်အုပ်စုအဖြစ်   ကြေညာထားသော   CRPH ၊ NUG နှင့် ယင်းတို့၏  လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များသည်    နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့်    ပြည်သူလူထုကို  အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်   ရည်ရွယ်လျက်   လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို   လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ဥပဒေအရသိမ်းဆည်းခံရနိုင်
ပြည်သူများအနေဖြင့်   ယင်း တို့၏ လှုံ့ဆော်မှု၊   ဝါဒဖြန့်မှုများ အပေါ်  မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ၍ဖြစ်စေ     လိုက်ပါ လုပ်ဆောင်ခြင်း၊ အသံဖြင့် ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊   တစ်နည်း နည်းဖြင့် ဖြစ်စေ   အများပြည်သူ အနှောင့်အယှက်      ဖြစ်စေမည့် ပြုလုပ်မှုများ         ပြုလုပ်ခြင်း၊ လှုံ့ဆော်          ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊     အားပေး ကူညီခြင်းများ     ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု     တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နှင့်  ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့်   တည်ဆဲ ဥပဒေများအရ  အရေးယူခံရမည့် အပြင်   ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊  မရွှေ့ ပြောင်းနိုင်သော    ပစ္စည်းများကို အကြမ်းဖက်မှု    တိုက်ဖျက်ရေး ဥပဒေအရ     သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား    စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်       သိမ်း ဆည်းခံရနိုင်ကြောင်း   ၂၀၂၂ ခုနှစ် ဇန်နဝါရီ     ၂၅    ရက်တွင် နိုင်ငံပိုင်မီဒီယာများမှ  တစ်ဆင့် အသိပေး    သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့   အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီး     ဖြစ်သော်လည်း နေပြည်တော်       ပြည်ထောင်စု နယ်မြေ၊       ပျဉ်းမနားမြို့နေ စုစုနိုင်စိုးသည် ၎င်းအသုံးပြုသည့် “Su Su Naing Soe” Facebook အကောင့်၊      ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နေ   ကျော်ဇေယျ သည် ၎င်းအသုံးပြုသည် “Kyaw Zeya” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး   ကလေး မြို့နေ ကျော်သူရ(ခ) စတိန်နာရမ် သည်           ၎င်းအသုံးပြုသည် “ကျော်သူရ”             Facebook အကောင့်၊    ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နေ မီးမီး(ခ) မီမီဆွေသည် ၎င်းအသုံးပြုသည်  “Khine Oo” Facebook အကောင့်၊     ဒိုက်ဦး မြို့နေ      သီဟထက်အောင်သည် ၎င်းအသုံးပြုသည့်  “Thiha Htet Aung”     Facebook   အကောင့်၊ ပဲခူးမြို့နေသူများဖြစ်သည့် သီတာ ညိုသောင်းနှင့် သိင်္ဂီအောင်တို့သည် ၎င်းတို့အသုံးပြုသည့် “ဒေါ်သီတာ ညိုသောင်း” နှင့်  “Nan Ei Shwe Ye”       Facebook    အကောင့်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ်နေ  အောင်ဌေး (ခ)အောင်ခိုင်သည် ၎င်းအသုံးပြုသည် “Aung Khaing”      Facebook အကောင့်၊    မဟာအောင်မြေမြို့ နယ်နေ      မြင့်မြင့်စန်းသည် ၎င်းအသုံးပြုသည်      “Ju Ju Lay”           Facebook   အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ်နေ    သန္တာမြင့် (ခ) ရရှီဒါ သည် ၎င်းအသုံးပြုသည့် “Amy Myint”    Facebook  အကောင့်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ နေလင်းထက်သည်   ၎င်းအသုံးပြု သည့် “Nay Lin Htet” Facebook အကောင့်၊ သာကေတမြို့နယ်နေ နိုင်ဝင်းကျော်(ခ)ကိုနိုင်၊  ကုမုဒြာ သန်းဝင်း (ခ) မုနှင့််   မိုးသက်ချို(ခ) အိတုံတို့    သုံးဦးသည်   ၎င်းတို့ အသုံးပြုသည့် “Nwin Kyaw” Facebook အကောင့်၊   ဧရာဝတီ တိုင်းဒေသကြီး   ပုသိမ်မြို့နေသူ များဖြစ်သည့် ဝါဝါလှိုင်(ခ)ဝါဝါနှင့် ငြိမ်းအေးအောင်တို့သည်   ၎င်းတို့ အသုံးပြုသည့်        “ဝါဝါ”   နှင့် “ငြိမ်းအေးအောင်”    Facebook အကောင့်တို့ဖြင့်  အသိပေးသတင်း ထုတ်ပြန်ချက်အပေါ်    မျက်ကွယ် ပြုကာ        နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို  ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊  ဝါဒ ဖြန့်ခြင်းများ  ပြုမူလုပ်ဆောင်ခဲ့ သည့်အတွက်    တရားဥပဒေနှင့် အညီ       ဖမ်းဆီးထိန်းသိမ်းအမှု ဖွင့်လှစ်အရေးယူခြင်းများ ဆောင် ရွက်ခဲ့ရသည်။
ထိရောက်စွာအရေးယူသွားမည်
ထိုကဲ့သို့    CRPH ၊  NUG   နှင့် ယင်းတို့၏    လက်အောက်ခံအဖွဲ့ အစည်းများ၊         ယင်းတို့နှင့် ဆက်နွှယ်နေသော    အဖွဲ့အစည်း များ၊              လူပုဂ္ဂိုလ်များသည် နိုင်ငံတော်    တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ      ပျက်ပြားစေရန် ရည်ရွယ်လျက်      လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ  ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း      ပြုလုပ်ခဲ့သူ များအား             ဥပဒေနှင့်အညီ ထိရောက်စွာ    အရေးယူသွားမည် ဖြစ်ကြောင်းနှင့်  ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား    ဆက်လက် ဖော်ထုတ် အရေးယူသွားမည်ဖြစ် ကြောင်း    မိဘပြည်သူများ   သိရှိ နိုင်ရေး အသိပေးသတင်းထုတ်ပြန် ထားသည်။     
သတင်းစဉ်