
နေပြည်တော် ဇန်နဝါရီ ၂၆
အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်သည့် NUG ၊CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမား များကို ထောက်ပံ့ရန်အတွက် လွိုင်ကော်မြို့နယ် ဘာဒိုကျေးရွာ အဆောက်အဦ တစ်လုံးအတွင်း၌ သိမ်းဆည်းထားရှိသည့် လက်ဆွဲ အိတ် အလုံး ၁၂၀၊ ခေါက်ဆွဲထုပ် ၁၉၅၀၊ ကွေကာအုပ် အထုပ် ၁၂၀၊ အသားဘူးမျိုးစုံ ၇၆၀၊ ဆီဘူး ၅၅၀၊ စောင် အထည် ၁၀၀ နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အစရှိသည့် လူသုံးကုန်ပစ္စည်း မျိုးစုံကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက တွေ့ရှိသိမ်းဆည်းရမိခဲ့ သည်။
သိမ်းဆည်း ရမိခဲ့သည့် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို လွိုင်ကော်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် လောဓမ္မ ရပ်ကွက်ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး)၌ တပ်မတော်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဖြန့်ဝေထောက်ပံ့ ပေးအပ်ကြသည်။
အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည့် NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမား များသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အတွင်း၌ အများပြည်သူတို့ အသုံးပြုလျက်ရှိ သည့် လေဆိပ်ကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လွိုင်ကော် အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်သို့ လာရောက် နှောင့်ယှက်ပစ်ခတ်ခြင်း၊ နေအိမ် အဆောက်အဦများ အကာ အကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက် ခြင်းနှင့် မြို့နေပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အကာ အကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက် ခြင်း အပါအဝင် အခြားအကြမ်း ဖက်မှု လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိရာ ဒေသခံပြည်သူများမှာ ကြောက်ရွံ့ထိတ်လန့်၍ ဈေးဆိုင် များ ပိတ်ထားရသည့်အပြင် လမ်းခရီးအခက်အခဲများကြောင့် ကုန်စည်စီးဆင်းမှုတွင် အဟန့် အတားဖြစ်ပေါ်ကာ လူသုံးကုန် ပစ္စည်းများ ပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရ သည်။ ယခုကဲ့သို့ သိမ်းဆည်း ရမိပစ္စည်းများကို ဖြန့်ဝေပေး ခဲ့သဖြင့် ဒေသခံပြည်သူများ၏ စားဝတ်နေရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူ ဖြစ်စေသည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်