
နေပြည်တော် အောက်တိုဘာ ၆
၂၀၂၃ ခုနှစ် အကြိမ်(၃၀)မြောက် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်း တွင်နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် ဇေယျာသီရိ တပ်မတော် အားကစားရုံ (c)ရုံ၌ ပြုလုပ်ရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်(ကိုယ်စား) နေပြည် တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲ ဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊ အသင်း လိုက်ဆုရရှိသူများနှင့် ဒိုင်းဆုရရှိ သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြုအသင်းတို့အား တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် (ကိုယ်စား) တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆု၊ ဆင့်ပွား ဒိုင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ အကြိမ်(၃၀)မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ပြိုင်ပွဲ ဝင်(အမျိုးသား)အသင်း ၁၈ သင်း နှင့် (အမျိုးသမီး)အသင်း ၁၀ သင်း စီတို့ဖြင့် စက်တင်ဘာ ၂၅ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်