အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

 

နေပြည်တော်   အောက်တိုဘာ    ၄ 


အကြိမ်  (၃၀)  မြောက်    မြန်မာ့တပ်မတော်ဆေး ပညာရပ်ဆိုင်ရာ    နှီးနှောဖလှယ်ပွဲ    ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင်     ပြင်ဦးလွင်ရှိ     အမှတ် (၁)တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)၊  ဇီဝကခန်းမနှင့် ဓာတ်ရောင်ခြည်နှင့် ကင်ဆာကုသဆောင်၌ ဆက် လက်ကျင်းပပြုလုပ်ရာ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု/ ကျွမ်းကျင်သူ (အရာရှိ) များ၊ သူနာပြု/ကျွမ်းကျင်သူ များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရှင်များ၊  နိုင်ငံတကာမှဆေးပညာရှင်များ၊ အငြိမ်းစား အရာရှိ ကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စား သူများ တက်ရောက်ကြပြီး Clinicopathological Conference တစ်ခု ၊ Special Talk လေးခု ၊ Clinical Session နှင့် အခြား Symposium ၁၃ ခုတို့အား ဆွေးနွေးခဲ့ကြသည်။


ထို့ပြင် သုတေသနစာတမ်းများအဖြစ် သူနာပြု ပညာ၊ မှုခင်းဆေးပညာ၊ ဆေးပညာသင်ကြားရေး၊  ဆေးဝါးဗေဒ၊ အရိုးအထူးကုပညာ၊ ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး၊ ဇီဝဓာတုဗေဒ၊ အဏုဇီဝဗေဒ၊ ဓာတ်မှန်ဗေဒ၊  ပြည်သူ့ကျန်းမာရေး၊ ကလေးအထူးကု ပညာ၊ စိတ်ကျန်းမာရေး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုပညာ၊ ရောဂါဗေဒ၊ ဇီဝကမ္မဗေဒနှင့် ကင်ဆာရောဂါ စသည့်ဘာသာရပ် ဆိုင်ရာ သုတေသနစာတမ်း စုစုပေါင်း ၄၈ စောင်  တို့ကို ဖတ်ကြားတင်သွင်းကြသည်။ ဆက်လက်၍ တက်ရောက်လာသူများက      သိလိုသည်များကို မေးမြန်းကြရာ         သက်ဆိုင်ရာသုတေသီတို့က ရှင်းလင်းဖြေကြားဆွေးနွေးကြပြီး ဒုတိယနေ့အစီ အစဉ်များကို ညနေပိုင်းတွင်ရပ်နား၍ အောက်တိုဘာ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။


နှီးနှောဖလှယ်ပွဲသို့    Inperson     အနေဖြင့် စုစုပေါင်း  ၃၀၉  ဦး  တက်ရောက်ခဲ့ပြီး  Online မှ တက်ရောက်သူများအနေဖြင့်    တပ်မတော်ဆေးရုံ ဆေးတပ်အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ကျွမ်းကျင်သူ(အရာရှိ)နှင့် သူနာပြု/ ကျွမ်းကျင်သူ စုစုပေါင်း ၁၁၆ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။          

              
သတင်းစဉ်