အကြိမ် (၂၀)မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲသို့ လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူများဖြင့် စည်ကား

 

မန္တလေး  ဖေဖော်ဝါရီ    ၉


မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက   ကျင်းပသည့် အကြိမ် (၂၀)မြောက် မြို့တော်ဝန် ဖလား   ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှ     စတင်၍ မန္တလေးမြို့   ရတနာပုံဥယျာဉ် အတွင်း   ကျင်းပရာ  လာရောက် လေ့လာကြည့်ရှုကြသည့် ပြည်သူ များဖြင့်    စည်ကားလျက်    ရှိ သည်။


(၇၇)နှစ်မြောက် ပြည်ထောင်စု နေ့ကို  ကြိုဆိုဂုဏ်ပြုသောအား ဖြင့်   လည်းကောင်း၊      မြို့တော် စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများအတွက်   ပြည်သူ လူထု စိတ်ပါဝင်စားလာစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေ ရန်၊ အိမ်တိုင်းအိမ်တိုင်းစိမ်းလန်းစိုပြည်ရေး   ဆောင်ရွက်ခြင်းဖြင့် မန္တလေးမြို့တော်အား   ဥယျာဉ် မြို့တော်အဖြစ်   တည်ဆောက် ထိန်းသိမ်းရာ၌  အထောက်အကူ ဖြစ်လာစေရန်၊ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန် အဆင့်မြင့် စိုက်ပျိုးနည်းပညာများ    ဖလှယ် နိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် မျိုးကောင်း မျိုးသန့်များ  ပြန့်ပွားလာစေရန်၊ ဟင်းသီးဟင်းရွက်နှင့်  သစ်သီး ဝလံ   ပန်းမန်မျိုးကောင်းများကို အိမ်တိုင်းအိမ်တိုင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှသည်   စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံ တော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးကို   အထောက်အကူဖြစ်စေ ရန် စသည့်ရည်ရွယ်ချက်များဖြင့် လည်းကောင်း   နှစ်စဉ်နှစ်တိုင်း ကျင်းပခြင်းဖြစ်ကြောင်း   မန္တလေး မြို့တော်ဝန်    ဦးကျော်ဆန်းက ပြောသည်။ 


“ဒီပွဲမှာပါဝင်ကြဖို့ တိုင်းဒေသ ကြီးနဲ့ပြည်နယ်အသီးသီးကို ဖိတ် ကြားခဲ့ပါတယ်။ ဒီနှစ်က အရင်နှစ် ထက်     ပါဝင်ယှဉ်ပြိုင်သူတွေ များလာတာကို  တွေ့ရပါတယ်။ လာရောက်   လေ့လာကြသူတွေ လည်း   များပြားပါတယ်”   ဟု ပြောသည်။
ယခုနှစ်ပြပွဲကို ယခင်နှစ်များ နှင့်မတူ ထူးထူးခြားခြား အစီအစဉ် များဖြင့်   စီစဉ်ဆောင်ရွက်ထား သည့်အတွက်    ကျောင်းသား လူငယ်များ အထူးစိတ်ဝင်စားစွာ လာရောက်လေ့လာကြပြီး   ပြပွဲ၊ ပြိုင်ပွဲသို့     လာရောက်လေ့လာ ကြသူများအား   အရိပ်ရအပင် အမျိုးအစား ငါးမျိုးမှ အပင်ပေါင်း ၁၀၀၀ ကို အခမဲ့ဖြန့်ဝေပေးသည်။ 


ပြပွဲတွင်     သစ်သီးဝလံနှင့် ပန်းမန်အမျိုးအစားပေါင်း  ၂၃  မျိုး ပါဝင်ပြသထားပြီး  မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီးတို့မှ   စိတ်ပါဝင်စားသူများ လာရောက် ယှဉ်ပြိုင်ကြကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ    ပန်းဥယျာဉ်နှင့် ကစားကွင်းများ       ဌာနမှူး ဦးစိုးလင်းက ပြောသည်။


“ဒီနှစ်မှာတော့  သစ်သီးဝလံ ပန်းမန် အမျိုးအစားစုံစုံလင်လင်နဲ့ ပြသယှဉ်ပြိုင်နိုင်တာကို     တွေ့ရ ပါတယ်။ အမျိုးအစားတစ်ခုချင်း အလိုက်လည်း       အသေးစိတ် ရွေးချယ်ပြီး ဆုချီးမြှင့်သွားမှာဖြစ် ပါတယ်။ ဒါကြောင့် အနယ်နယ် အရပ်ရပ်က စိတ်ပါဝင်စားသူတွေ အနေနဲ့ ဒီပြပွဲကြီးကို လာရောက် လေ့လာကြည့်ရှုနိုင်ပြီး ဝယ်ယူလို့ လည်းရပါတယ်။ စိုက်ပျိုးရေးနည်း စနစ်တွေ၊ မျိုးစိတ်တွေကိုလည်း လာရောက်ယူဆောင်လို့ ရပါတယ်။ အားလုံးလာရောက်ကြဖို့ ဖိတ်ခေါ် လိုပါတယ်” ဟု ပြောသည်။ 


အလားတူ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲတွင် လည်း ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊   ဒုတိယ၊   တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို    ထိုက် ထိုက်တန်တန်ဆုများ ချီးမြှင့်သည့် အတွက်   ဝင်ရောက်ယှဉ်ပြိုင်ကြ သည့်ပြိုင်ပွဲဝင်များလည်း များပြား ခဲ့သည်။ 


အဆိုပါပြပွဲသို့ ပြင်ဦးလွင်မြို့ မှ လာရောက်လေ့လာယှဉ်ပြိုင်သူတစ်ဦးကလည်း “ ဒီပြပွဲ၊ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့   ပြီးခဲ့တဲ့ နှစ်လကတည်းက     ကြိုတင် ပြင်ဆင်မှုတွေ   ဆောင်ရွက်ခဲ့ပါ တယ်။ ဒါကြောင့်  အခု   ဆုလည်း ရရှိခဲ့ပါတယ်။ ကျွန်မအနေနဲ့ ဒီလို ဝင်ရောက်ယှဉ်ပြိုင်တာ   သုံးနှစ် ရှိပါပြီ။ ကျွန်မကတော့ သစ်ပင် တွေကိုချစ်ပြီး  သူတို့ကိုမြင်ရရင် စိတ်ချမ်းသာတယ်။   ဒါကြောင့် အမြဲစိုက်ပျိုးနေပါတယ်။    ဒီလို ပြိုင်ပွဲ  ကျင်းပပေးခြင်းဖြင့်လည်း ကျွန်မတို့လိုစိုက်ပျိုးရေးဝါသနာ ပါသူတွေအတွက် အကျိုးရှိစေပါ တယ်” ဟု ပြောသည်။ 


အဆိုပါ ပြပွဲ၊   ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၁   ရက် အထိ   မည်သူမဆို  လွတ်လပ်စွာ လာရောက်လေ့လာ   ကြည့်ရှုနိုင် ကြောင်း သိရသည်။ 


မောင်အေးချမ်း