
မန္တလေး ဩဂုတ် ၁၂
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ ပြေစာအမှတ်တံဆိပ် (အခွန် အမှတ်တံဆိပ်) ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲအခမ်းအနားများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာမှူးရုံး ၂၈ ရုံး ၌ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပသည်။
အခမ်းအနားများတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပြေစာအမှတ်တံဆိပ် (အခွန်အမှတ်တံဆိပ်) ကပ်နှိပ်ခြင်းဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းပြောကြားပြီး တက်ရောက် လာသော လုပ်ငန်းရှင်အခွန်ထမ်းများက မရှင်းလင်းသည့် အချက်များ မေးမြန်းရာ တာဝန်ရှိသူများက ပြည်လည်ရှင်းလင်းဆွေးနွေးသည်။
အဆိုပါအခမ်းအနားများသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင် ၇၇၅ ဦး၊ ရွှေဆိုင်လုပ်ငန်းရှင် ၂၇၉ ဦး၊ ဟိုတယ်/ တည်းခိုခန်းလုပ်ငန်းရှင် ၃၇၈ ဦး၊ ဟန်းဆက်နှင့် ဆက်စပ် ပစ္စည်းများ လုပ်ငန်းရှင် ၁၃၀ စုစုပေါင်း ၁၅၆၂ ဦး တက်ရောက်သည်။
သတင်းစဉ်