
နေပြည်တော် ဇွန် ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်တို့သည် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက် တန်းကျောင်း၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက် တန်းကျောင်းများသို့ သွားရောက် ၍ ဆရာ ဆရာမများနှင့် ကျောင်း သား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြား၊ သင်ယူ နေမှုများနှင့် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး နေမှုများကို သွားရောက်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကာကွယ်ဆေး ထိုးနှံပေးရာ တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဆေးရုံမှ ဆရာဝန်များနှင့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊ တပ်မတော်ဆေးအဖွဲ့မှ ဆရာဝန်များနှင့် တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကာကွယ် ဆေးမထိုးမီ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသား ကျောင်းသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ရောဂါအခံ ရှိ၊ မရှိ မေးမြန်းခြင်းနှင့် ကာကွယ်ဆေးထိုးပြီးပါက ကျန်းမာ ရေးအတွက် ကာကွယ်နေထိုင်ရ မည့်အစီအစဉ်များကို ပြောကြား ဆောင်ရွက်ပေးကြပြီး ကာကွယ် ဆေးထိုးနှံပေးကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နှင့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း များသို့သွားရောက်၍ ဆရာ ဆရာ မများနှင့် ကျောင်းသား ကျောင်းသူ များ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြား၊ သင်ယူနေမှုများနှင့် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုများ ကို သွားရောက်ကြည့်ရှုအားပေး၍ ကျောင်းအတွက် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အလားတူ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်သည် ပျဉ်းမနား မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပုဗ္ဗသီရိ မြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ဥတ္တရသီရိ မြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွား ရောက်ပြီး ကျောင်းသား ကျောင်း သူများကို နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးကာ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထား သည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ နှင့် နေထိုင်ကြပြီး ကျောင်းစာ များကို အလေးထားပြီး ကြိုးစား သင်ယူကြကာ ယဉ်ကျေးလိမ္မာ သော ကျောင်းသား ကျောင်းသူ များဖြစ်အောင် ကြိုးစားကြစေလို ကြောင်းမှာကြားပြီး အသက် ၅ နှစ်နှင့် ၁၂ နှစ်အတွင်းရှိ ကျောင်း သား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု ကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများကို လိုအပ်သည် များ မှာကြားသည်။
ပြည်ထောင်စုနယ်မြေ နေပြည် တော်တွင် အခြေခံပညာအထက် တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း စုစုပေါင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၂၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၅၇ ကျောင်း စုစုပေါင်း ၈၄၂ ကျောင်း ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၉၀၂၀၀ ကျောင်းအပ်နှံပြီး ပညာသင်ကြား နေလျက်ရှိကြောင်း၊ အသက် ၅ နှစ်နှင့် ၁၂ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၉၆၈၂ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်