
ကော့သောင်း ဇန်နဝါရီ ၂
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစား ပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။
အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ကျောင်းများအလိုက် အသင်းအဖွဲ့များစုဖွဲ့ကာ ဘော်လီ ဘော၊ မုန့်ကိုက်၊ ဂုန်နီအိတ်စွပ်ပြေးပြိုင်ပွဲ၊ အာလူးကောက်၊ သံပုံးရိုက်၊ စကောရွက်၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပွဲနှင့် အခြား အားကစားပွဲများကို ယှဉ်ပြိုင်ကျင်းပခဲ့ကြပြီး အားကစားပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ကလေးများ၏ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး အသင်းအဖွဲ့အလိုက် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ရရှိနိုင်ရန်၊ ငယ်စဉ်ကတည်းက အားကစားကို စိတ်ပါဝင်စားခြင်းဖြင့် ကျောင်းနေပျော်ပြီး ထူးချွန်သည့် မျိုးဆက်သစ်လူငယ်အားကစား သမားများပေါ်ထွန်းပြီး အထောက်အကူပြုနိုင်ရန် နေ့ထူးနေ့မြတ် များတွင် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)