အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား တစ်နိုင်ငံလုံး ၉၃ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်

 

နေပြည်တော်   ဇွန်   ၃


၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို  ဇွန် ၂ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော် ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း များ၌  အသီးသီးစတင်ဖွင့်လှစ်သင်ကြားခဲ့ရာ   ယနေ့တွင်လည်း    ကျောင်းသား ကျောင်းသူများသည် သက်ဆိုင်ရာ အတန်း အလိုက်     သင်ခန်းစာများကို  အေးချမ်း ပျော်ရွှင်စွာ သင်ကြားလျက်ရှိသည်။ 

 


ယနေ့တွင်     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ    အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်း များနှင့်     ကိုယ်ပိုင်ကျောင်းများ၌ ကျောင်းသား ကျောင်းသူ   စုစုပေါင်း ၅၆၃၁၈၃၈   ဦး   တက်ရောက်ပညာ သင်ကြားလျက်ရှိရာ     တစ်နိုင်ငံလုံး ကျောင်းတက်ရာခိုင်နှုန်းအနေဖြင့်  ၉၃ ဒသမ ၁၉ ရာခိုင်နှုန်းဖြစ်ကြောင်း အခြေခံ ပညာဦးစီးဌာနမှ သိရှိရသည်။ 
အခြေခံပညာ    မူလတန်းတွင် ကျောင်းအပ်နှံသည့်    ကျောင်းသား ကျောင်းသူ   ၄ ဒသမ ၂ သန်းဖြစ်ပြီး တက်ရောက်သူ    ၃ ဒသမ ၉ သန်း၊ အခြေခံပညာ  အလယ်တန်းတွင် ကျောင်း အပ်နှံထားသူ    ၁ ဒသမ ၃ သန်းဖြစ်ပြီး တက်ရောက်သူ ၁ ဒသမ ၂ သန်း၊ အခြေခံ ပညာအထက်တန်းတွင်  ကျောင်းအပ်နှံ ထားသူ         ၄   ဒသမ  ၁  သန်းဖြစ်ပြီး တက်ရောက်သူ   ၃  ဒသမ  ၈ သန်း၊ စုစုပေါင်း ကျောင်းအပ်နှံသူ ၆ သန်းဖြစ်ပြီး တက်ရောက်သူ ၅ ဒသမ ၆ သန်းဖြစ်ရာ တက်ရောက်သူ ရာခိုင်နှုန်းအနေဖြင့် ၉၃ ဒသမ ၁၉ ရာခိုင်နှုန်းဖြစ်ကြောင်း  သိရှိရ သည်။ 

 


ထို့ပြင် ကျောင်းတက်ရောက်ကြသည့် အသက် ၅ နှစ်မှ     ၁၂ နှစ်အတွင်းရှိ ကျောင်းသား    ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံ ပေးပြီး ကျောင်းသား ကျောင်းသူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား     ကျောင်းသူများအား နှာခေါင်းစည်း Mask များနှင့် Faceshield များ   စနစ်တကျ      တပ်ဆင်စေပြီး ကိုယ်အပူချိန် တိုင်းတာခြင်း၊ စနစ်တကျ လက်ဆေးစေခြင်းတို့ကို ဆရာ ဆရာမ များနှင့် တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိရာ   တိုင်းဒေသ ကြီးနှင့်  ပြည်နယ်အလိုက်  ဝန်ကြီးချုပ် များ၊    သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ် များအသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး  ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များအား     ရင်းရင်းနှီးနှီး   အားပေးစကား ပြောကြားကြသည်။

 


ယခုကဲ့သို့  အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနနှင့်    သက်ဆိုင်ရာ အဖွဲ့အစည်းများမှ   တာဝန်ရှိသူများက စာသင်ခန်းများတွင်      ကိုဗစ် - ၁၉ စည်းကမ်းများနှင့်အညီ  စာသင်ခုံများ နေရာချထားခြင်း၊   စာသင်ချိန်များအား စနစ်တကျစီမံထားခြင်း၊  ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများ အတွင်း   ကိုဗစ် - ၁၉ ရောဂါ  ကြိုတင် ကာကွယ်ရေးအစီအမံများ    စီစဉ်ထား ခြင်းနှင့် ကျောင်းများဥပဓိရုပ်ကောင်းမွန် စေရေး      ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

 


ဆရာ  ဆရာမများ၊  ကျောင်းသား ကျောင်းသူများ၊  ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့်    ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်    လုံခြုံရေး တပ်ဖွဲ့များ၊   မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု   ပြည်သူလူထုလုံခြုံရေး အဖွဲ့များ ပူးပေါင်း၍  အေးချမ်းစွာပညာ သင်ကြားနိုင်ရေး   ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်