အခြေခံပညာကျောင်းများအား ဆက်လက်၍ ယာယီပိတ်ထားမည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ
အသိပေးကြေညာချက်


၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်   ၃    ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ    ၂၃     ရက်)

 

ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ကာကွယ်၊ ထိန်းချုပ် ခြင်းလုပ်ငန်းများ  ဆောင်ရွက်ရာတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏   ကြီးကြပ်ကွပ်ကဲမှု၊     ပြည်သူလူထုမှ စနစ်တကျ     စည်းကမ်းလိုက်နာ၍     ဌာနဆိုင်ရာအသီးသီးမှ   ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု၊လူမှုရေးအသင်းအဖွဲ့အစည်းများမှ တက်ကြွစွာ ပံ့ပိုးဆောင်ရွက် မှုများကြောင့် ရောဂါပိုးတွေ့ရှိရမှုနှုန်းမှာ ကျဆင်းလာကြောင်း တွေ့ရှိရသော်လည်း ရောဂါပိုးတွေ့ရှိရမှုနှုန်း ပိုမိုကျဆင်းလာစေ ရန်၊ ရောဂါကူးစက်မှုကွင်းဆက်အား ဖြတ်တောက်နိုင်စေရန်နှင့် ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများ  ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်စေရန် လိုအပ်သည့်အပြင်   စာသင်ကျောင်းများ   ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိခြင်း၊ စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ခြင်းတို့ကြောင့် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်)အား ၂၅-၁၀-၂၀၂၁ ရက်နေ့မှ ၃၁-၁၀-၂၀၂၁ ရက်နေ့အထိ ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း        အသိပေးကြေညာအပ် ပါသည်။