အခြေခံပညာအထက်တန်းဆင့် (သင်ရိုးသစ်) ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ ယခုနှစ်တွင် Grade-5, Grade-8, Grade-11 သင်ရိုးသစ်အတန်းများ တိုးချဲ့သင်ကြားမည်

 

နေပြည်တော်   မေ   ၆


အခြေခံပညာအလယ်တန်းဆင့် Grade-8 သင်ရိုးသစ် ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။

 


ဖွင့်ပွဲအခမ်းအနားသို့   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ပညာရေးဝန်ကြီး ဌာန   ဒုတိယဝန်ကြီး  ဦးဇော်ဝင်း၊  နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊      ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီး ဌာနများမှ    ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊   ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး) ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ သင်တန်း နည်းပြ ဆရာ ဆရာမများ၊ တိုင်းဒေသကြီး/ပြည်နယ် များမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများ နှင့်  သက်ဆိုင်ရာ   တာဝန်ရှိသူများ  တက်ရောက် ကြသည်။ 

 


ရှေးဦးစွာ     နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ နှစ်မှ စ၍ KG+12 သင်ရိုးသစ်ကို  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုပညာသင်နှစ်တွင် သင်ရိုးသစ် အတန်းများဖြစ်သည့်  Grade-5 ၊  Grade-8  နှင့် Grade -11 တို့ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ သင်ရိုးသစ် ဗဟိုအဆင့်  နည်းပြသင်တန်းတွင်  သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်များမှ ကျွမ်းကျင်သည့် နည်းပြ များက  ပို့ချပေးမည်ဖြစ်ပြီး  သင်တန်းသားများက လည်း  တိုင်းဒေသကြီး/ပြည်နယ်များတွင်  ဆင့်ပွား သင်တန်း ပြန်လည်ပို့ချရမည့် နည်းပြကောင်းများ ဖြစ်ကြ၍  သင်ရိုးသစ်အကောင်အထည်ဖော်ရာတွင် အလွန်အရေးကြီးသည့်     သင်တန်းတစ်ခုဖြစ်ပါ ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်တွင် ကျွမ်းကျင်စွာ သင်ကြားပို့ချ နိုင်မှ ကျောင်းသူ ကျောင်းသားများ အမှန်တကယ် တတ်မြောက်မည်ဖြစ်ပါကြောင်း၊     ကျောင်းသူ ကျောင်းသားများ   အမှန်တကယ်  ပညာတတ်ခြင်း သည် ပညာအခြေပြုသော လူမှုစီးပွားတိုးတက်ရေး အတွက် လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့် ပျိုးထောင်ပေးခြင်းဖြစ်ပါကြောင်း၊   ယခုသင်တန်းတွင် ပို့ချပေးလိုက်သည့် သင်ပြနည်းများကို လေ့လာ မှတ်သား၍ မိမိတို့ကျရာဒေသ ဆရာ ဆရာမများကို ပြန်လည်မျှဝေပေးပြီး      မိမိတို့၏ တပည့်များကို လူတော်လူကောင်းဖြစ်အောင် ကြိုးစားသင်ကြား ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက အခြေခံပညာရေးအတွက် KG + 12  စနစ်ကို   ၂၀၁၆-၂၀၁၇   ပညာသင်နှစ်တွင်  စတင် အကောင်အထည်ဖော်    ဆောင်ရွက်ခဲ့ပါကြောင်း၊ KG + 12 စနစ်ဖြင့် သွားရာတွင် မူလတန်း ငါးနှစ်၊ အလယ်တန်း  လေးနှစ်၊   အထက်တန်း သုံးနှစ်ဖြင့် ၅,၄,၃ = ၁၂  တန်း  ပညာရေးစနစ်  ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် Grade-5, Grade-8, Grade-11 သင်ရိုး သစ်အတန်းများကို      တိုးချဲ့သင်ကြားမည်ဖြစ်ပြီး ရှေ့နှစ်တွင်   Grade-9,   Grade-12,  သင်ရိုးသစ် အတန်းများ  သင်ကြားနိုင်အောင်  ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊  Grade -12 ပြီးဆုံးသည့်အခါ စနစ်သစ်ပညာရေး၏ အခြေခံပညာသင်ယူပြီးဆုံးမှု လက်မှတ်များကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ကြိုးစားသင်ကြား  သင်ယူကြ စေလိုပါကြောင်း၊    ဆရာ    ဆရာမများအနေဖြင့်  ကျောင်းသား   ကျောင်းသူများအား  ၂၁  ရာစုနှင့် လိုက်လျောညီထွေရှိသည့်          ပညာရပ်များကို တတ်မြောက်ပြီး တိုင်းချစ်၊  ပြည်ချစ်  မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ထက်သန်သော၊ ယဉ်ကျေးလိမ္မာသော နိုင်ငံတော်၏    အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာအောင်   ပြုစုပျိုးထောင်ပေးကြစေလို ပါကြောင်း ပြောကြားသည်။

 


ယင်းနောက် အခမ်းအနားအပြီးတွင် နေပြည် တော်  ကောင်စီဥက္ကဋ္ဌနှင့်  ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာသည့်   ဆရာ   ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့သည်  Grade-11  သင်ရိုးသစ် ဗဟိုအဆင့်နည်းပြသင်တန်းတွင် ဘာသာရပ်အလိုက် သင်ကြားသင်ယူနေမှုများကို    လှည့်လည်ကြည့်ရှု အားပေးကြသည်။

 


ယနေ့ဖွင့်လှစ်သည့် အခြေခံပညာအထက်တန်း ဆင့် Grade-11  သင်ရိုးသစ် ဗဟိုအဆင့်နည်းပြ သင်တန်းကို  မေ ၆ ရက်မှ ၈ ရက်အထိ သုံးရက်ကြာ  ဖွင့်လှစ်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်းဘာသာရပ် များနှင့် စာရိတ္တနှင့် ပြည်သူ့နီတိ+ကာယဘာသာရပ် များကို    သင်တန်းနည်းပြ   ဆရာ  ဆရာမများက သင်ကြားပို့ချသွားမည်ဖြစ်ပြီး    တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ စုစုပေါင်း ၅၉၈ ဦး တက်ရောက်သင်ကြား သင်ယူကြကြောင်း သတင်းရရှိသည်။  

သတင်းစဉ်