အခြေခံကွန်ပျူတာကျွမ်းကျင်မှုသင်တန်းနှင့် e-Government Training Center ဖွင့်

 

ရန်ကုန်  ဖေဖော်ဝါရီ   ၅


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က   ကြီးမှူး ဖွင့်လှစ်သော ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲနှင့်  e-Government Training Center အဆောက်အအုံ နှင့် ဆိုင်းဘုတ်ဖွင့်ပွဲကို    တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ     အဆိုပါအဆောက်အအုံတွင် ဖေဖော်ဝါရီ ၃ ရက်က ကျင်းပသည်။

 


တိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးစိုးသိန်းက ဝန်ထမ်းတိုင်း   ဒစ်ဂျစ်တယ်နည်းပညာ၊   ကွန်ပျူတာ၊ အင်တာနက်အသုံးချမှုနှင့်    လုံခြုံရေးအခြေခံ သဘောတရားများကို     နားလည်တတ်ကျွမ်းပြီး ရုံးလုပ်ငန်းများတွင်  ခေတ်မီအိုင်တီနည်းပညာကို အသုံးချနိုင်ရန်နှင့် e-Government  လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက်   တိုင်းဒေသကြီး အစိုးရအဖွဲ့က  e-Government Training Center ဖွင့်လှစ်ပြီး    အခြေခံသင်တန်းမှ   အဆင့်မြင့်အထိ  ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း​နှင့်  ဝန်ထမ်း များအတွက်      နည်းပညာဆိုင်ရာကျွမ်းကျင်မှု သင်တန်းများ၊  ပညာရှင်များ၏  ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊    စာတမ်းဖတ်ပွဲများကို စဉ်ဆက်မပြတ်   ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။ 

 


ထို့နောက်   တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီး များက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ  e-Government  Training Center အဆောက်အအုံ ကို   ဖွင့်လှစ်ပေးကာ    အဆောက်အအုံအတွင်း  ပြင်ဆင်ထားမှုနှင့်   သင်တန်းသားသင်တန်းသူများ၏  ကွန်ပျူတာ    သင်ခန်းစာ   သင်ကြားနေမှုများကို  လှည့်လည်ကြည့်ရှုခဲ့သည်။


ဆန်းကျော်ဦး (ပြန်/ဆက်)