အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၃၅) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်    ဩဂုတ်    ၈
အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၃၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင်    ပြည် ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာ ခင်နိုင်ဦးက    အစိုးရ ဌာန    အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများအနေဖြင့်    အခြေခံ စာရင်းပညာကို    နားလည်တတ် ကျွမ်းပြီး စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ရုံးလုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင် ရွက်နိုင်စေရန် ရည်ရွယ်၍ ယခု သင်တန်းကို     ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊ သင်တန်းတွင် လုပ်ငန်း ခွင်၌ အသုံးဝင်မည့် ဘဏ္ဍာရန်ပုံ ငွေနှင့်    ငွေကြေးဆောင်ရွက်မှု၊ စာရင်းပြုစုထိန်းသိမ်းမှု၊ ဝန်ထမ်း နှင့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ် များကို သင်ကြားပို့ချခဲ့ပါကြောင်း၊ မိမိအရည်အချင်း ပိုမိုတိုးတက်စေ ရေးအတွက် ယခုသင်ကြားခဲ့သည့် အခြေခံမှစ၍ ဆက်လက်လေ့လာ ဆည်းပူးမှုများကို    ကိုယ်တိုင် ပျိုးထောင်၍ နိုင်ငံနှင့်ဌာနအကျိုး ကို သယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြော ကြားသည်။
အဆိုပါသင်တန်းတွင် ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့် မြင့်   စာရင်းကိုင်နှင့်   စာရင်းစစ် သင်တန်းကျောင်း၊ နေပြည်တော် ၌     ဝန်ကြီးဌာန    အဖွဲ့အစည်း  ၄၂ ခုမှ ၃၃၆ ဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌  လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်    စာရင်းအင်းဦးစီးဌာန နှင့်      စိုက်ပျိုးရေးဦးစီးဌာနတို့မှ ၁၂၂  ဦး၊      ပုဇွန်တောင်မြို့နယ် ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သင်တန်းကျောင်း၌       မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ၁၁၇ ဦး စုစုပေါင်း သင်တန်းသား ၅၇၅ ဦး တက်ရောက်သည်။
သင်တန်းဆင်းပွဲသို့  ဒုတိယ စာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်း ဝန်နှင့် တာဝန်ရှိသူများ၊  သင်တန်း ကထိကများနှင့်   သင်တန်းသား များက      ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး နဝရတ်ခန်းမမှလည်း ကောင်း၊ တိုက်ကြီးမြို့နယ်ရှိ ဗဟို မြေစာရင်း ဖွံ့ဖြိုးမှုလေ့ကျင့်ပညာ ပေးရေး     သင်တန်းကျောင်းနှင့် ပုဇွန်တောင်မြို့နယ်ရှိ       မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သင်တန်း ကျောင်းတို့မှ    တာဝန်ရှိသူများ၊ သင်တန်း      ကထိကများနှင့် သင်တန်းသားများက  အွန်လိုင်းဖြင့်  လည်းကောင်း တက်ရောက်ကြ ကြောင်း သိရသည်။   သတင်းစဉ်