အိုဇုန်းလွှာထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုများ

Type

 

အိုဇုန်းဌာနစိတ်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (၁၉၈၅)၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်သဘောတူစာချုပ် (၁၉၈၇) နှင့် လန်ဒန်ပြင်ဆင်ချက် (၁၉၉၀) တို့တွင် ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်ကလည်းကောင်း၊  ကိုပင်ဟေဂင်ပြင်ဆင်ချက် (၁၉၉၂) တွင် ၂၀၀၉ ခုနှစ် မေ ၂၂ ရက်ကလည်းကောင်း၊ မွန်ထရီရယ်ပြင်ဆင်ချက် (၁၉၉၇) နှင့် ပေကျင်းပြင်ဆင်ချက် (၁၉၉၉) တို့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀  ရက်ကလည်းကောင်း အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် ပြင်ဆင်ချက်များအနက် မြန်မာနိုင်ငံမှ ဝင်ရောက်ရန်ကျန်ရှိနေသည့် ကီဂါလီပြင်ဆင်ချက်သို့ မကြာမီကာလအတွင်း  အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ရေးတို့ကို အခြားကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်း များ (Ozone Depleting Substances) ထုတ်လုပ်မှု၊ သုံးစွဲမှုများအား ကန့်သတ်ထိန်းချုပ်ခြင်း  လုပ်ငန်း စဉ်များအဖြစ်       ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် အမျိုးအစားများဖြစ်သည့် HCFCs-22၊   HCFC-141b၊   HCFC-123    များ   စသည်တို့ကို    အကန့် အသတ်ဖြင့် ခွင့်ပြုခြင်း၊ ရေခဲသေတ္တာနှင့် လေအေး ပေးစက်       ပြုပြင်ထိန်းသိမ်းရေးကဏ္ဍများတွင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) သုံးစွဲမှုကို လျှော့ချခြင်း၊         ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အခြေပြုပစ္စည်းအသစ် တင်သွင်းခြင်းများ ကို  ကန့်သတ်ခြင်းဟူသည့် နည်းလမ်းသုံးသွယ် ဖြင့်        သယံဇာတနှင့်     သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက          ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP)၊  ဆက်စပ်ဌာနများ နှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။  
အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ
မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်မှ ထိန်းချုပ် ထားသော အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်း (Ozone Depleteing Substance-ODS) များအနက် မြန်မာနိုင်ငံတွင်  အသုံးပြုသည့် အဓိကဒြပ်ပစ္စည်း များမှာ       ကလိုရင်းပါဝင်သည့်       ရေခဲသေတ္တာ၊ မော်တော်ယာဉ် လေအေးပေးစက်၊  အအေးခန်း၊ ဖျန်းဆေး၊    မှုတ်ဆေး၊   ဆိုဖာရေမြှုပ်နှင့်   လျှပ်စစ် ပစ္စည်းသန့်စင်ရာတွင်   သုံးစွဲသည့်   ကလိုရိုဖလူရို ကာဗွန်           (Chlorofluorocarbons-CFCs)၊ အဆောက်အအုံများတွင် တပ်ဆင်သည့် လေအေး စက်၊ အအေးခန်းနှင့် ဆိုဖာရေမြှုပ်တွင် သုံးစွဲသည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်      (Hydrochloro-fluorocarbons-HCFCs)၊          သတ္တုပစ္စည်းများ သန့်စင်ရာတွင်    သုံးစွဲသည့်       ကာဗွန်တက်ထရာ ကလိုရိုဒ်    (Carbon     Tetrachloride)၊    လျှပ်စစ် ပစ္စည်းများသန့်စင်ရာတွင်သုံးသည့် မီသိုင်းကလိုရို ဖောင်း (Methyl Chloroform)၊ ဘရိုမင်းပါဝင်သောမီးသတ်ဆေးဘူးများတွင်    သုံးစွဲသည့်     ဟေလွန် (Halon)နှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပိုးသတ် ဆေးအဖြစ် သုံးစွဲသည့်   မီသိုင်းဘရိုမိုဒ်   (Methyl Bromide) တို့ ဖြစ်ကြပါသည်။
လျှော့ချရပ်ဆိုင်းပြီးသည့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ
မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အရ ဖွံ့ဖြိုး ဆဲ      စာချုပ်အဖွဲ့ဝင်နိုင်ငံများအတွက်    သတ်မှတ် ပေးထားသည့်  အချိန်ဇယားအတိုင်း    အိုဇုန်းလွှာ ပျက်စီးစေသော  ဒြပ်ပစ္စည်းများ  တင်သွင်းသုံးစွဲမှု ကို လျှော့ချရပ်ဆိုင်းပေးရပါသည်။ မြန်မာနိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ သုံးစွဲမှု နည်းပါးသော    နိုင်ငံတစ်နိုင်ငံဖြစ်ပြီး        ယင်းဒြပ် ပစ္စည်းများ   ထုတ်လုပ်မှုနှင့်    ပြည်ပတင်ပို့မှုမရှိဘဲ တင်သွင်းမှုသာ    ရှိပါသည်။   မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဖြစ်သည့် ဟိုက်ဒရိုဘရိုမိုဖလူရိုကာဗွန်         (Hydrobromo-fluorocarbons-HBFCs)  ကို  ၁၉၉၆    ခုနှစ်တွင် လည်းကောင်း၊    ဘရိုမိုကလိုရိုမီသိန်း       (Bromo-chloromethane-CH2BrCl)  ကို ၂၀၀၂ ခုနှစ်တွင် လည်းကောင်း၊    ကလိုရိုဖလူရိုကာဗွန်    (Chloro-fluorocarbons-CFCs)  ကို     ၂၀၀၇      ခုနှစ်တွင် လည်းကောင်း၊  ဟေလွန် (Halons)၊  Halogenated CFCs နှင့် ကာဗွန်တက်ထရာကလိုရိုဒ်  (Carbon  Tetrachloride-CCl4) တို့ကို ၂၀၁၀ ပြည့်နှစ်တွင် လည်းကောင်း၊ မီသိုင်းဘရိုမိုဒ် (Methyl Bromide-CH3Br) ကို   ၂၀၁၅  ခုနှစ်တွင်   လည်းကောင်း တင်သွင်းခြင်းကို    အပြီးသတ်    ရပ်ဆိုင်းပြီးဖြစ်ပါ သည်။  (ခြွင်းချက်အနေဖြင့် မီသိုင်းဘရိုမိုဒ် (Methyl Bromide) ကို   သင်္ဘောမတင်မီ    ပိုးသတ်မှိုင်း တိုက်ခြင်းလုပ်ငန်း    (Quarantine   on    Pre-shipment-QPS)     အ​တွက်သာ     တင်သွင်းသုံးစွဲ ခွင့်ပြုထားပါသည်)။
ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် တင်သွင်းသုံးစွဲမှုဆိုင်ရာ နောက်ဆုံးအခြေအနေ
လက်ရှိအချိန်တွင်       မြန်မာနိုင်ငံအနေဖြင့် “အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်” အရ HCFC-22/R-22 ဒြပ်ပစ္စည်း တင်သွင်းသုံးစွဲမှုကို အကောက်ခွန်ဦးစီး ဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့၏ ပူးပေါင်းပါဝင် မှုဖြင့် ၂၀၁၅  ခုနှစ်မှစ၍    အခြေခံကန့်သတ်ချက် တန်ပမာဏအတွင်း    နှစ်စဉ်လိုင်စင်စနစ်၊     ခွဲတမ်း စနစ်ဖြင့်     သင်္ဘောတင်ပစ္စည်းကိုသာ    ခွင့်ပြုလျက် ရှိပါသည်။ 
ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံဖြစ်သည့်      မြန်မာနိုင်ငံ သည်      မွန်ထရီရယ်   နောက်ဆက်တွဲစာချုပ်အရ အိုဇုန်းလွှာပျက်စီးစေသော      အဓိကဒြပ်ပစ္စည်း တစ်မျိုးဖြစ်သည့်     ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် များ (Hydrochlorofluoro carbons-HCFCs) သုံးစွဲမှုကို    ၂၀၁၃   ခုနှစ်မှစတင်၍    ၂၀၀၉-၂၀၁၀ အတွင်း တင်သွင်းသုံးစွဲခဲ့သည့်  အခြေခံသတ်မှတ် ချက် ၇၈ ဒသမ ၁၈ မက်ထရစ်တန်သာ သုံးစွဲရန်၊ ၂၀၁၅ ခုနှစ်တွင်  အခြေခံသတ်မှတ်ချက်၏  ၁၀ ရာခိုင်နှုန်း (၇၀ ဒသမ  ၃၆ တန်)၊ ၂၀၂၀    ပြည့်နှစ်တွင်    ၃၅ ရာခိုင်နှုန်း (၅၀ ဒသမ ၈ တန်) နှင့် ၂၀၂၅ ခုနှစ် တွင် ၆၇  ဒသမ ၅ ရာခိုင်နှုန်း  (၂၅ ဒသမ ၄ တန်) အသီးသီး လျှော့ချကာ ၂၀၃၀ ပြည့်နှစ်တွင်  (၂၀၃၀ ပြည့်နှစ် ဇန်နဝါရီလ  ၁  ရက်နေ့တွင်)  ကျန်ရှိသည့်   ရေခဲသေတ္တာ၊            လေအေးပေးစက်များတွင် ဝန်ဆောင်မှုအတွက် ၂ ဒသမ ၅ ရာခိုင်နှုန်း (၁ ဒသမ ၉၅ တန်) ကို ခြွင်းချက်အနေဖြင့် ခွင့်ပြုထားသည် မှအပ     ၂၀၄၀   ပြည့်နှစ်တွင်   အပြီးသတ်လျှော့ချ ရပ်ဆိုင်းသွားရမည်ဖြစ်ပါသည်။
 မြင်းကောင်ရေ ၂ ဒသမ ၅ အောက် 
အင်အားရှိ လေအေးပေးစက်များ  
တင်သွင်းမှု တားမြစ်ကန့်သတ်  
အိုဇုန်းလွှာပျက်စီးစေသည့်      ဒြပ်ပစ္စည်းများ (Ozone Depleting Substances)  ထုတ်လုပ်မှု၊ သုံးစွဲမှုများအား ကန့်သတ်ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင်   အိုဇုန်းလွှာပျက်စီး စေသော ဒြပ်ပစ္စည်းများ တင်သွင်းအသုံးပြုခြင်းကို ကန့်သတ်ခြင်းသာမက         အဆိုပါဒြပ်ပစ္စည်း ထည့်သွင်းအသုံးပြုသည့် စက်ပစ္စည်းများ ပြည်တွင်း သို့    တင်သွင်းမှုကိုပါ     ကန့်သတ်တားမြစ်ရမည် ဖြစ်သဖြင့် အဆောက်အအုံများတွင် တပ်ဆင်သည့် ဟိုက်ဒရိုကလိုရိုဖလူရို ကာဗွန် (HCFC-22/R-22) အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ အောက် အင်အားရှိ    လေအေးပေးစက်    (Split type and window type air conditioners) များ ပြည်တွင်းသို့  တင်သွင်းမှုကို   ၂၀၂၀  ပြည့်နှစ်  ဇူလိုင်လ  ၁   ရက် နေ့မှစ၍    တားမြစ်သည့်အမိန့်ကို    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂-၄-၂၀၂၀        ရက်စွဲပါ         အမိန့်ကြော်ငြာစာအမှတ် (၂၈/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ 
မြင်းကောင်ရေ ၂ ဒသမ ၅   နှင့်အထက် 
စွမ်းအားရှိသည့် လေအေးပေးစက်နှင့် 
အကြီးစားစက်ပစ္စည်းများ တင်သွင်းမှုတားမြစ်  
မြန်မာနိုင်ငံအပါအဝင်             မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်   အဖွဲ့ဝင်နိုင်ငံအားလုံးက စာချုပ်ပါ ကတိကဝတ်များအတိုင်း ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန်သုံးစွဲမှု လျှော့ချရပ်ဆိုင်းရေးလုပ်ငန်း စဉ်များကို ဆောင်ရွက်လျက်ရှိရာ  HCFC-22/R-22 ထည့်သွင်းအသုံးပြုထားသည့်     စက်ပစ္စည်းများ ထုတ်လုပ်မှု/    တင်သွင်းမှုတို့အား   တားမြစ်ခြင်း ကို           အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့်     အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစ၍ လည်းကောင်း၊  မလေးရှားနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစ၍ လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှစ၍ လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင်       ၂၀၂၀   ပြည့်နှစ်မှစ၍ လည်းကောင်း      ဆောင်ရွက်ပြီးဖြစ်ကြောင်း   သိရှိ ရပါသည်။
HCFC-22/R-22 အပါအဝင် ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFCs) အသုံးပြုသည့် မြင်းကောင် ရေ ၂   ဒသမ  ၅  (21000 BTU/hr)   နှင့်အထက် စွမ်းအား (capacity)ရှိသည့် လေအေးပေးစက်နှင့် အကြီးစားစက်ပစ္စည်းများဖြစ်သည့် Commercial Refrigerator များ၊ Cold Storage  များ၊   Chiller များ တင်သွင်းခြင်းအား တားမြစ်ကန့်သတ်နိုင်ခြင်း မရှိပါက “ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFCs) အခြေပြုပစ္စည်း    အသစ်တင်သွင်းခြင်းများအား  ကန့်သတ်ခြင်း” ဟူသည့် နည်းလမ်းနှင့်ကိုက်ညီမှု မရှိတော့ဘဲ    အခြားနိုင်ငံများအားလုံးတွင်  အသုံး ပြုခြင်းမရှိတော့သည့်     ဟိုက်ဒရိုကလိုရိုဖလူရို ကာဗွန် (HCFCs) အသုံးပြုသည့်  စက်ပစ္စည်းများ မိမိနိုင်ငံအတွင်း စုပြုံဝင်ရောက်လာနိုင်သည့်အပြင် လက်ရှိတပ်ဆင်ပြီးဖြစ်သည့်     စက်ပစ္စည်းများ၏ သက်တမ်းမှာ ငါးနှစ်မှ ၁၀  နှစ်အတွင်းဖြစ်၍ ၂၀၄၀ ပြည့်နှစ်တွင်   HCFCs     ဒြပ်ပစ္စည်းများ    လုံးဝ ရပ်ဆိုင်းပြီးချိန်အထိ  က်ပစ္စည်းများ များပြားစွာ ဆက်လက်သုံးစွဲနေမှု ကြောင့်   HCFCs  ဒြပ်ပစ္စည်း   လိုအပ်ချက်မြင့်မား နေပြီး       တရားမဝင်တင်သွင်းမှုများ၊    တရားမဝင် ဈေးကွက်များ     ဖြစ်ပေါ်လာနိုင်ကာ    ထိန်းချုပ်ရန် ခက်ခဲစေမည်ဖြစ်ပါသည်။
HCFC-22/R-22 အပါအဝင်  ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFCs)  အသုံးပြုသည့် မြင်းကောင် ရေ   ၂  ဒသမ ၅  (21000 BTU/hr)   နှင့်အထက် စွမ်းအားရှိ အကြီးစားစက်ပစ္စည်းများ တင်သွင်းမှု ကန့်သတ်ရာတွင်    စတင်တားမြစ်သည့်နေ့မှစ၍ စက်ပစ္စည်းအသစ်များ  ပြည်တွင်းသို့ တင်သွင်းမှု ကိုသာ       ကန့်သတ်တားမြစ်ခြင်းဖြစ်၍      ယခင် တပ်ဆင်ပြီးဖြစ်သည့် HCFCs သုံး  စက်ပစ္စည်းများ ကို ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ရာ လုပ်ငန်းရှင်များ အတွက် စက်ပစ္စည်း၏ သက်တမ်းကာလအတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သဖြင့် ဈေးကွက်အခြေအနေကိုထိခိုက်နိုင်မှုမရှိကြောင်း   ဆွေးနွေး ချက်များအရ သိရှိရပါသည်။ 
သို့ဖြစ်ရာ HCFC-22/R-22 အပါအဝင် ဟိုက်ဒရို ကလိုရိုဖလူရိုကာဗွန်   (HCFCs)   အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ    ၅ (21000 BTU/hr)   နှင့် အထက်    စွမ်းအား(capacity)  ရှိသည့် လေအေး ပေးစက်နှင့်     အကြီးစားစက်ပစ္စည်းများဖြစ်သည့် Commercial Refrigerator များ၊ Cold Storage  များ၊ Chiller    များ    ပြည်တွင်းသို့   တင်သွင်းမှုကို တားမြစ်ကန့်သတ်ခြင်းအား ဆက်စပ်ဝန်ကြီးဌာန များ၊     တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊     နည်းပညာ ဆိုင်ရာ  အဖွဲ့အစည်းများ၊ အမျိုးသား  အိုဇုန်းယူနစ် အဖွဲ့ဝင်များ၊ HCFC ဒြပ်ပစ္စည်းနှင့် ၎င်းဒြပ်ပစ္စည်း ဖြည့်သွင်းအသုံးပြုသည့် စက်ပစ္စည်းများ တင်သွင်း/ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်း အစည်းအဝေးများ ဆောင်ရွက်ခြင်းနှင့် သဘောထား မှတ်ချက်များရယူကာ  ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်တားမြစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။
အိုဇုန်းလွှာ     ထိန်းသိမ်းကာကွယ်ရေးအတွက် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ပြည်တွင်း သို့   တင်သွင်းသုံးစွဲမှုနှင့်    အဆိုပါဒြပ်ပစ္စည်းများ ထည့်သွင်းအသုံးပြုရသည့်   အအေးပေးစက်ပစ္စည်း များ     ပြည်တွင်းသို့      တင်သွင်းမှုထိန်းချုပ်နိုင်ရန်   “ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အခြေပြု ပစ္စည်းအသစ်   တင်သွင်းခြင်းများအား   ကန့်သတ် ခြင်း” လုပ်ငန်းစဉ်များမှာ  တစ်ဦးတစ်ယောက်တည်း     အင်အားဖြင့် ဆောင်ရွက်၍မရပါ။ 
အအေးပေးဒြပ်ပစ္စည်း/ အအေးပေးစက်ပစ္စည်း များ ပြည်တွင်းသို့ တင်သွင်းရောင်းချသည့် လုပ်ငန်း ရှင်များမှအစပြု၍ တပ်ဆင်ပြုပြင်ရေးလုပ်သားများ၊ သုံးစွဲသူများ၊ အားလုံးသော အစိုးရ၊  ပုဂ္ဂလိကကဏ္ဍ အသီးသီးမှ     တာဝန်ရှိပုဂ္ဂိုလ်များသည်    တာဝန် သိကြရန်        လိုအပ်သည့်အပြင်       ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ      ချမှတ်ထားသည့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်း      အမိန့်၊       မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်နှင့်   ပြင်ဆင်ချက်ပါ ကတိ ကဝတ်များကို လိုက်နာရန် အထူးပင်အရေးကြီးပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။      ။
 

ကိုးကား
(၁)    https://ozone.unep.org/  treaties/   mon treal-protocol
(၂)    www.unep.org/ ozonaction@ unep.org
(၃)    ပတ်ဝန်းကျင်      ထိန်းသိမ်းရေးဦးစီးဌာန၏
    အိုဇုန်းလွှာအကြောင်း   သိကောင်းစရာ   အသိပညာပေး စာအုပ်