အိန္ဒိယသမ္မတနိုင်ငံ (၇၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကျင်းပ

 

ရန်ကုန်  ဇန်နဝါရီ   ၂၆


အိန္ဒိယသမ္မတနိုင်ငံ၏ (၇၅) နှစ် မြောက်     အမျိုးသားနေ့အထိမ်း အမှတ်   ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင်     ရန်ကုန်တိုင်း ဒေသကြီး  ဒဂုံမြို့နယ်  သံတမန် လမ်းရှိ    အိန္ဒိယသံအမတ်ကြီး နေအိမ်၌ ကျင်းပပြုလုပ်သည်။


အဆိုပါ ဧည့်ခံပွဲအခမ်းအနား သို့  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ    ဒုတိယ ဗိုလ်ချုပ်ကြီး  သက်ပုံနှင့်   ဇနီး၊         ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  ဇော်ဟိန်းနှင့်    ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး    ဦးလွင်ဦးနှင့်   ဇနီး၊ တပ်မတော်    အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ  နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊    သံရုံးယာယီ တာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလ သမဂ္ဂဆိုင်ရာ    ဌာနေကိုယ်စား လှယ်များနှင့်   တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။


ကြိုဆိုနှုတ်ဆက်


ရှေးဦးစွာ    အခမ်းအနားသို့ တက်ရောက်လာကြသည့်      ဧည့် သည်တော်များအား   မြန်မာနိုင်ငံ ဆိုင်ရာ      အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး   H.E.Mr.  Vinay Kumar ၊ စစ်သံမှူးနှင့် တာဝန်ရှိ သူတို့က    ကြိုဆိုနှုတ်ဆက်ကြ သည်။


ဖျော်ဖြေတင်ဆက်

ထို့နောက်    ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံတော်သီချင်း နှင့်   အိန္ဒိယသမ္မတနိုင်ငံတော် သီချင်းတို့ဖြင့်   အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး     မြန်မာနိုင်ငံ ဆိုင်ရာ         အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးက          ကြိုဆို နှုတ်ခွန်းဆက်စကား     ပြောကြား သည်။   ဆက်လက်၍    အိန္ဒိယ ယဉ်ကျေးမှုအဖွဲ့များက      အိန္ဒိယ နိုင်ငံ ၏  ရိုးရာယဉ်ကျေးမှု     အက များဖြင့်      ဖျော်ဖြေတင်ဆက်ပြီး နောက်   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ယင်းနောက်  သံအမတ်ကြီး နှင့်ဇနီး၊ စစ်သံမှူးတို့က အခမ်း အနား         တက်ရောက်လာသူများ အား     ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်း ရရှိသည်။      

သတင်းစဉ်